ဆွစ်ဇာလန်ကို ရော်နယ်ဒိုမပါတာနဲ့ ဇ ပြခဲ့တဲ့ ပေါ်တူဂီ

မနေ့ညက ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဥ်တွေမှာ တအုပ်စုတည်း ပြိုင်ဘက်တွေဖြစ်တဲ့ ပေါ်တူဂီ

နဲ့စပိန်တို့ ဆန့်ကျင်ဘက်ရလဒ် ပေါ်ထွက်ခဲ့ပါတယ်။ စပိန်က ချက်ကို နှစ်ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပေ

မယ့် ပေါ်တူဂီကတော့ ဆွစ်ဇာလန်ကို တဂိုးဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။စပိန်အတွက် အနိုင်ဂိုး

တွေကို ဆိုလာနဲ့ အဆန်စီယိုတို့က သွင်းယူပေးခဲ့ပြီး ဒီနိုင်ပွဲကြောင့် စပိန်တို့ ပေါ်တူဂီကို ကျော်

ဖြတ်ကာ အုပ်စုကို ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။ ပေါ်တူဂီကတော့ ရော်နယ်ဒိုလိုအဓိက

,ကစားသမား မပါဝင်ခဲ့ဘဲ ဆွစ်ဇာလန်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ဆွစ်ဇာလန်

အတွက် တလုံးတည်းသောအနိုင်ဂိုးကိုတော့ ဆီဖာရိုဗစ်က ခေါင်းတိုက်သွင်းယူပေးခဲ့တာပါ။

ပေါ်တူဂီဟာ ပထမအကျော့မှာ ဆွစ်ဇာလန်ကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိထားတာဖြစ်ပါတယ်။

ဒါပေမယ့် အခုတခါမှာတော့ ပြန်လည်ရှုံးနိမ့်ခဲ့ပြီး ဒီနှစ် နေးရှင်းလိဂ်မှာ ပထမဆုံး ရှုံးပွဲနဲ့ ရင်

ဆိုင်ခဲ့ရပါတယ်။ပေါ်တူဂီအနေနဲ့ လာမယ့် စက်တင်ဘာ နိုင်ငံတကာရက်သတ္တပတ် ပြန်လည်

ရောက်ရှိမှသာ အုပ်စုလက်ကျန်ပွဲတွေကို ဆက်လက်ကစားတော့မှာပါ။ မနေ့ညက နေးရှင်း

လိဂ်ပွဲစဥ်တွေမှာလည်း ထုံးစံအတိုင်း နာမည်ကြီးနှစ်သင်း နိုင်ပွဲမစုံလင်ခဲ့ပါဘူး။ စပိန်တသင်း

တည်းသာ ရလဒ်ကောင်းခဲ့တာဖြစ်ပါတယ်။ပေါ်တူဂီက ချက်ကို အဝေးကွင်းမှာရှုံးနိမ့်ခဲ့သလို

ဆာဘီးယားနဲ့ ဆလိုဗေးနီးယားတို့ကလည်း တဖက်နှစ်ဂိုးစီသရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။

ဂရိက ကိုဆိုဗိုကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိကာ မော်လ်တာကလည်း ဆန်မာရီနိုကို တလုံးတည်း

သောသွင်းဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ နော်ဝေက ဆွီဒင်ကို ၃-၂ ဂိုး၊ မြောက်အိုင်ယာလန်နဲ့ဆိုက်ပ

ရပ်စ်က နှစ်ဂိုးစီသရေ၊ ဂျော်ဂျီယာနဲ့ဘူလ်ဂေးရီးယားက ဂိုးမရှိသရေနဲ့ မြောက်မက်ဆီဒိုးနီး

ယားက ဂျီဘရော်လ်တာကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

မေန႔ညက ကစားခဲ့တဲ့ ေနးရွင္းလိဂ္ပြဲစဥ္ေတြမွာ တအုပ္စုတည္း ၿပိဳင္ဘက္ေတြျဖစ္တဲ့ ေပၚတူဂီ

နဲ႔စပိန္တို႔ ဆန္႔က်င္ဘက္ရလဒ္ ေပၚထြက္ခဲ့ပါတယ္။ စပိန္က ခ်က္ကို ႏွစ္ဂိုးျပတ္နဲ႔အႏိုင္ရရွိခဲ့ေပ

မယ့္ ေပၚတူဂီကေတာ့ ဆြစ္ဇာလန္ကို တဂိုးဂိုးမရွိနဲ႔ အေရးနိမ့္ခဲ့တာပါ။စပိန္အတြက္ အႏိုင္ဂိုး

ေတြကို ဆိုလာနဲ႔ အဆန္စီယိုတို႔က သြင္းယူေပးခဲ့ၿပီး ဒီႏိုင္ပြဲေၾကာင့္ စပိန္တို႔ ေပၚတူဂီကို ေက်ာ္

ျဖတ္ကာ အုပ္စုကို ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ ေပၚတူဂီကေတာ့ ေရာ္နယ္ဒိုလိုအဓိက

,ကစားသမား မပါဝင္ခဲ့ဘဲ ဆြစ္ဇာလန္ကို အေဝးကြင္းမွာ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ဆြစ္ဇာလန္

အတြက္ တလုံးတည္းေသာအႏိုင္ဂိုးကိုေတာ့ ဆီဖာ႐ိုဗစ္က ေခါင္းတိုက္သြင္းယူေပးခဲ့တာပါ။

ေပၚတူဂီဟာ ပထမအေက်ာ့မွာ ဆြစ္ဇာလန္ကို ေလးဂိုးျပတ္နဲ႔ အႏိုင္ရရွိထားတာျဖစ္ပါတယ္။

ဒါေပမယ့္ အခုတခါမွာေတာ့ ျပန္လည္ရႈံးနိမ့္ခဲ့ၿပီး ဒီႏွစ္ ေနးရွင္းလိဂ္မွာ ပထမဆုံး ရႈံးပြဲနဲ႔ ရင္

ဆိုင္ခဲ့ရပါတယ္။ေပၚတူဂီအေနနဲ႔ လာမယ့္ စက္တင္ဘာ ႏိုင္ငံတကာရက္သတၱပတ္ ျပန္လည္

ေရာက္ရွိမွသာ အုပ္စုလက္က်န္ပြဲေတြကို ဆက္လက္ကစားေတာ့မွာပါ။ မေန႔ညက ေနးရွင္း

လိဂ္ပြဲစဥ္ေတြမွာလည္း ထုံးစံအတိုင္း နာမည္ႀကီးႏွစ္သင္း ႏိုင္ပြဲမစုံလင္ခဲ့ပါဘူး။ စပိန္တသင္း

တည္းသာ ရလဒ္ေကာင္းခဲ့တာျဖစ္ပါတယ္။ေပၚတူဂီက ခ်က္ကို အေဝးကြင္းမွာရႈံးနိမ့္ခဲ့သလို

ဆာဘီးယားနဲ႔ ဆလိုေဗးနီးယားတို႔ကလည္း တဖက္ႏွစ္ဂိုးစီသေရရလဒ္သာ ထြက္ေပၚခဲ့ပါတယ္။

ဂရိက ကိုဆိုဗိုကို ႏွစ္ဂိုးျပတ္နဲ႔ အႏိုင္ရရွိကာ ေမာ္လ္တာကလည္း ဆန္မာရီႏိုကို တလုံးတည္း

ေသာသြင္းဂိုးနဲ႔အႏိုင္ရရွိခဲ့ပါတယ္။ ေနာ္ေဝက ဆြီဒင္ကို ၃-၂ ဂိုး၊ ေျမာက္အိုင္ယာလန္နဲ႔ဆိုက္ပ

ရပ္စ္က ႏွစ္ဂိုးစီသေရ၊ ေဂ်ာ္ဂ်ီယာနဲ႔ဘူလ္ေဂးရီးယားက ဂိုးမရွိသေရနဲ႔ ေျမာက္မက္ဆီဒိုးနီး

ယားက ဂ်ီဘေရာ္လ္တာကို ေလးဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။