ဆော်ဒီ come back ပြန်လာနိုင်အောင် အဝတ်လဲခန်းထဲ ဆော်ဒီနည်းပြပေါက်ကွဲပြခဲ့တဲ့ အကြမ်းစားစကေးများ

အာဂျင်တီးနားကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဆော်ဒီနည်းပြဟာဗေးရန်နာ့ဒ်ရဲ့ ပထမပိုင်းအပြီး အဝတ်လဲခန်း

အတွင်းမှာ ဆော်ဒီအသင်းသားတွေကို လှုံ့ဆော်ပေးခဲ့တဲ့ ပြောစကားတွေ ထွက်ပေါ်လာခဲ့ပါပြီ။ ပထမ

ပိုင်းမှာ အာဂျင်တီးနားကို ဆော်ဒီက ၁-၀ နဲ့ အရေးနိမ့်နေတာဖြစ်ပြီး ဒုတိယပိုင်းပြန်စပြီး မကြာခင်မှာပဲ

၂ ဂိုးဆက်တိုက် သွင်းယူကာ အံ့အားသင့်ဖွယ်နိုင်ပွဲကို ရယူသွားနိုင်ခဲ့ပါတယ်။ ဆော်ဒီဘောလုံးအဖွဲ့ချုပ်

က ဖော်ပြခဲ့တဲ့ ရန်နာ့ဒ်ရဲ့ ပြောဆိုမှုတွေကတော့ တကယ်ကို စိတ်အားတက်ကြွစရာကောင်းနေခဲ့ပါတယ်။

သူ့ရဲ့ တိုက်တွန်းလှုံ့ဆော်မှုနဲ့အတူ ဆော်ဒီကစားသမားတွေကလည်း ဒုတိယပိုင်းမှာ ခြေစွမ်းပြခဲ့ပြီး နာ

မည်ကျော်အာဂျင်တီးနားကို အနိုင်ယူခဲ့ကာ တကမ္ဘာ့လုံးကို အံ့အားသင့်စေခဲ့ပါတယ်။ ရန်နာ့ဒ်က အဝတ်

လဲခန်းထဲမှာ “ငါတို့ဘာလုပ်မှာလဲ၊ မင်းတို့အတွက် ဒါက စိတ်ဖိစီးနေရသလား၊ မက်ဆီက ဘောလုံးနဲ့အ

တူ ကွင်းလယ်မှာရှိနေတယ်၊ သူနဲ့ အဝေးကြီးကနေ မင်းတို့ ကြည့်နေမှာလား၊ သူ့နောက်လိုက်ပြီးတော့

တွန်းပစ်မလား၊ ဒါမှမဟုတ် သူနဲ့အတူ မင်းတို့က ဓာတ်ပုံရိုက်ချင်နေတာလား၊ ငါတို့ ပြန်လာနိုင်မယ်လို့

မင်းတို့ မထင်ကြဘူးလား၊ အဲဒီလိုမျိုးရော မခံစားရဘူးလား””ဒါက ကမ္ဘာဖလားနော်၊ မင်းတို့နိုင်ငံကို မင်း

တို့လေးစားကြစမ်းပါ၊ အရာအားလုံးကို ပေးဆပ်ခဲ့ကြစမ်းပါကွ၊ သွားကြစို့” လို့ ပြောဆိုခဲ့ကြောင်း ဆိုပါ

တယ်။ ဒုတိယပိုင်းစပြီး ၂ မိနစ်အကြာမှာတေ့ာ ဆော်ဒီက ချေပဂိုးပြန်သွင်းနိုင်ခဲ့ပြီး သိပ်မကြာခင်မှာပဲ

အနိုင်ဂိုးထပ်ရခဲ့ကာ ပွဲပြီးဆုံးချိန်အထိ ထိန်းသိမ်းနိုင်ခဲ့လို့ သမိုင်းဝင်နိုင်ပွဲတပွဲကို ပိုင်ဆိုင်ခဲ့ရပါတော့တယ်။

အာဂ်င္တီးနားကို အႏိုင္ရရွိခဲ့တဲ့ပြဲမွာ ေဆာ္ဒီနည္းျပဟာေဗးရန္နာ့ဒ္ရဲ႕ ပထမပိုင္းအၿပီး အဝတ္လဲခန္း

အတြင္းမွာ ေဆာ္ဒီအသင္းသားေတြကို လႈံ႕ေဆာ္ေပးခဲ့တဲ့ ေျပာစကားေတြ ထြက္ေပၚလာခဲ့ပါၿပီ။ ပထမ

ပိုင္းမွာ အာဂ်င္တီးနားကို ေဆာ္ဒီက ၁-၀ နဲ႔ အေရးနိမ့္ေနတာျဖစ္ၿပီး ဒုတိယပိုင္းျပန္စၿပီး မၾကာခင္မွာပဲ

၂ ဂိုးဆက္တိုက္ သြင္းယူကာ အံ့အားသင့္ဖြယ္ႏိုင္ပြဲကို ရယူသြားႏိုင္ခဲ့ပါတယ္။ ေဆာ္ဒီေဘာလုံးအဖြဲ႕ခ်ဳပ္

က ေဖာ္ျပခဲ့တဲ့ ရန္နာ့ဒ္ရဲ႕ ေျပာဆိုမႈေတြကေတာ့ တကယ္ကို စိတ္အားတက္ႂကြစရာေကာင္းေနခဲ့ပါတယ္။

သူ႔ရဲ႕ တိုက္တြန္းလႈံ႕ေဆာ္မႈနဲ႔အတူ ေဆာ္ဒီကစားသမားေတြကလည္း ဒုတိယပိုင္းမွာ ေျခစြမ္းျပခဲ့ၿပီး နာ

မည္ေက်ာ္အာဂ်င္တီးနားကို အႏိုင္ယူခဲ့ကာ တကမာၻ႔လုံးကို အံ့အားသင့္ေစခဲ့ပါတယ္။ ရန္နာ့ဒ္က အဝတ္

လဲခန္းထဲမွာ “ငါတို႔ဘာလုပ္မွာလဲ၊ မင္းတို႔အတြက္ ဒါက စိတ္ဖိစီးေနရသလား၊ မက္ဆီက ေဘာလုံးနဲ႔အ

တူ ကြင္းလယ္မွာရွိေနတယ္၊ သူနဲ႔ အေဝးႀကီးကေန မင္းတို႔ ၾကည့္ေနမွာလား၊ သူ႔ေနာက္လိုက္ၿပီးေတာ့

တြန္းပစ္မလား၊ ဒါမွမဟုတ္ သူနဲ႔အတူ မင္းတို႔က ဓာတ္ပုံ႐ိုက္ခ်င္ေနတာလား၊ ငါတို႔ ျပန္လာႏိုင္မယ္လို႔

မင္းတို႔ မထင္ၾကဘူးလား၊ အဲဒီလိုမ်ိဳးေရာ မခံစားရဘူးလား””ဒါက ကမာၻဖလားေနာ္၊ မင္းတို႔ႏိုင္ငံကို မင္း

တို႔ေလးစားၾကစမ္းပါ၊ အရာအားလုံးကို ေပးဆပ္ခဲ့ၾကစမ္းပါကြ၊ သြားၾကစို႔” လို႔ ေျပာဆိုခဲ့ေၾကာင္း ဆိုပါ

တယ္။ ဒုတိယပိုင္းစၿပီး ၂ မိနစ္အၾကာမွာေတ့ာ ေဆာ္ဒီက ေခ်ပဂိုးျပန္သြင္းႏိုင္ခဲ့ၿပီး သိပ္မၾကာခင္မွာပဲ

အႏိုင္ဂိုးထပ္ရခဲ့ကာ ပြဲၿပီးဆုံးခ်ိန္အထိ ထိန္းသိမ္းႏိုင္ခဲ့လို႔ သမိုင္းဝင္ႏိုင္ပြဲတပြဲကို ပိုင္ဆိုင္ခဲ့ရပါေတာ့တယ္။