
ဆောက်သမ်တန်နဲ့ သရေကျပြီးတဲ့နောက်မှာတော့ စပါးနည်းပြကွန်တီတယောက် တော်တော်လေး
ပေါက်ကွဲနေခဲ့ပါတယ်။ စပါးဟာ ၃-၁ နဲ့ ပွဲကို ဦးဆောင်နေခဲ့ပေမယ့်လည်း ချေပဂိုးတွေ ဆက်တိုက်ပြန်
ပေးခဲ့ရပြီး နောက်ကျပင်နယ်တီဂိုးပေးခဲ့ရလို့ ၃-၃ ဖြစ်သွားကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြိုင်ဘက်
တွေကို အမှတ်ဖြတ်နိုင်ရမယ့်အစား အခွင့်အရေးပေးသလို ဖြစ်သွားခဲ့ရပါတယ်။ ဒါကြောင့်လည်း ပွဲအပြီး
မှာ ကွန်တီက တသင်းလုံးကို အပြစ်တင်သွားခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ရာသီကုန်ရင် အသင်းကနေ
ထုတ်ပယ်ခံရမယ်လို့ သတင်းတွေထွက်နေချိန်မှာ ကွန်တီက မထူးဇာတ်ခင်းခဲ့တယ်လို့ ယူဆရပြီး အသင်း
နဲ့ ကစားသမားတွေကို လူသိရှင်ကြားပြစ်တင်ဝေဖန်ခဲ့ကာ စပါးက ဘာလို့အောင်မြင်မှုမရတာလဲဆိုတာ
ကိုပါ ထောက်ပြသွားခဲ့ပါတယ်။ “သူတို့က အရေးကြီးတဲ့ အရာအတွက် မကစားချင်ဘူး၊ ဖိအားတွေ
အောက်မှာလည်း မကစားချင်ပြန်ဘူး၊ ဒီတော့ ခပ်လွယ်လွယ်လေးပဲ ကစားနေကြတယ်၊ တော့တင်ဟမ်
စပါးရဲ့ ဇာတ်လမ်းက အဲဒီလိုပါ၊ ကျနော်က ပေါက်ကွဲမှုကို မြင်ချင်တယ်လို့ ပြောခဲ့ပေမယ့် အဲဒါကို မမြင်ခဲ့
ရဘူး၊ မင်းတို့ရဲ့ မျက်လုံးထဲ၊ နှလုံးသားထဲမှာ မြင်ချင်တယ်လို့လည်း ပြောခဲ့တယ်””မှန်ကန်တဲ့ စိတ်ဓာတ်
ပိုင်းကို မြင်ချင်တယ်လို့လည်း ပြောခဲ့တယ်၊ လေ့ကျင့်ကွင်းမှာတင်မဟုတ်ဘဲ ကွင်းထဲမှာပါ တွေ့ချင်ခဲ့တာ
ပါ၊ ဘာလို့လဲဆိုတော့ အဲဒါက ကွဲပြားခြားနားမှုကို ဖြစ်စေလို့ပါပဲ၊ ဒီအခြေအနေတွေကို ကျနော်ဖုံးကွယ်ဖို့
ကြိုးစားခဲ့ပေမယ့်လည်း အခုဆိုရင် အဲဒီအတိုင်းသွားနေတာ ၁၀ ပွဲလောက်ရှိနေပြီ၊ တချို့ကတော့ ကျ
နော်တို့ တိုက်ပွဲဝင်နိုင်မယ်လို့ ထင်နေတယ်၊ ဘာအတွက်တိုက်ပွဲဝင်မှာလဲ? ဘယ်လိုစိတ်ဓာတ်နဲ့လဲ၊ ဘယ်
လိုမျိုး စိတ်သဘောထားတွေနဲ့လဲ?””တကယ်ကို ကျနော် စိတ်မကောင်းဖြစ်ရပြီး လူတိုင်းက ကိုယ့်တာဝန်
ကိုယ်ယူရမှာပါ၊ စပါးကို ပြောင်းလဲချင်ရင် အခုအခြေအနေကို ပြောင်းလဲဖို့ အချိန်ကျနေပါပြီ၊ ဒီပြောင်းလဲ
မှုမှာ အသင်းတင်မဟုတ်ဘူး၊ နည်းပြ၊ ဝန်ထမ်းတွေနဲ့ ကစားသမားတွေပါ ပါဝင်ရမှာပါ၊ ဒါပေမယ့် ဒီပုံစံပဲ
သွားနေရင်တော့ နည်းပြတွေပြောင်းမယ်၊ အများကြီးရောက်လာလည်း ပြောင်းလဲမှာမဟုတ်ပါဘူး၊ ကျ
နော်ပြောတာကို ယုံပါ””အသင်းက ပိုက်ဆံတွေ အများကြီး ကျနော်တို့ကို ပေးခဲ့တယ်၊ ကစားသမားတွေ
ပိုက်ဆံရတယ်၊ ကျနော်လည်းရတယ်၊ ဒါက ဆင်ခြေတွေပေးဖို့မဟုတ်ဘူး၊ ဘာမှမရှိတဲ့ စိတ်ဓာတ်ပိုင်းကို
ပြဖို့၊ တာဝန်ယူမှုမရှိတာကို ပြဖို့မဟုတ်ဘူး၊ ကျနော့်အတွက်တော့ အခုပုံစံတွေက လက်ခံနိုင်စရာမရှိဘူး၊
ဒီလိုအခြေအနေမျိုးကို ကျနော့်နည်းပြဘ၀မှာ ပထမဆုံးမြင်ရတာပဲ” လို့ ကွန်တီက သတင်းစာရှင်းလင်းပွဲ
မှာ ပြင်းပြင်းထန်ထန်ကို ပြောဆိုသွားခဲ့ပါတယ်။
ေဆာက္သမ္တန္နဲ႔ သေရက်ၿပီးတဲ့ေနာက္မွာေတာ့ စပါးနည္းျပကြန္တီတေယာက္ ေတာ္ေတာ္ေလး
ေပါက္ကြဲေနခဲ့ပါတယ္။ စပါးဟာ ၃-၁ နဲ႔ ပြဲကို ဦးေဆာင္ေနခဲ့ေပမယ့္လည္း ေခ်ပဂိုးေတြ ဆက္တိုက္ျပန္
ေပးခဲ့ရၿပီး ေနာက္က်ပင္နယ္တီဂိုးေပးခဲ့ရလို႔ ၃-၃ ျဖစ္သြားကာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ၿပိဳင္ဘက္
ေတြကို အမွတ္ျဖတ္ႏိုင္ရမယ့္အစား အခြင့္အေရးေပးသလို ျဖစ္သြားခဲ့ရပါတယ္။ ဒါေၾကာင့္လည္း ပြဲအၿပီး
မွာ ကြန္တီက တသင္းလုံးကို အျပစ္တင္သြားခဲ့ပါတယ္။ သူကိုယ္တိုင္လည္း ရာသီကုန္ရင္ အသင္းကေန
ထုတ္ပယ္ခံရမယ္လို႔ သတင္းေတြထြက္ေနခ်ိန္မွာ ကြန္တီက မထူးဇာတ္ခင္းခဲ့တယ္လို႔ ယူဆရၿပီး အသင္း
နဲ႔ ကစားသမားေတြကို လူသိရွင္ၾကားျပစ္တင္ေဝဖန္ခဲ့ကာ စပါးက ဘာလို႔ေအာင္ျမင္မႈမရတာလဲဆိုတာ
ကိုပါ ေထာက္ျပသြားခဲ့ပါတယ္။ “သူတို႔က အေရးႀကီးတဲ့ အရာအတြက္ မကစားခ်င္ဘူး၊ ဖိအားေတြ
ေအာက္မွာလည္း မကစားခ်င္ျပန္ဘူး၊ ဒီေတာ့ ခပ္လြယ္လြယ္ေလးပဲ ကစားေနၾကတယ္၊ ေတာ့တင္ဟမ္
စပါးရဲ႕ ဇာတ္လမ္းက အဲဒီလိုပါ၊ က်ေနာ္က ေပါက္ကြဲမႈကို ျမင္ခ်င္တယ္လို႔ ေျပာခဲ့ေပမယ့္ အဲဒါကို မျမင္ခဲ့
ရဘူး၊ မင္းတို႔ရဲ႕ မ်က္လုံးထဲ၊ ႏွလုံးသားထဲမွာ ျမင္ခ်င္တယ္လို႔လည္း ေျပာခဲ့တယ္””မွန္ကန္တဲ့ စိတ္ဓာတ္
ပိုင္းကို ျမင္ခ်င္တယ္လို႔လည္း ေျပာခဲ့တယ္၊ ေလ့က်င့္ကြင္းမွာတင္မဟုတ္ဘဲ ကြင္းထဲမွာပါ ေတြ႕ခ်င္ခဲ့တာ
ပါ၊ ဘာလို႔လဲဆိုေတာ့ အဲဒါက ကြဲျပားျခားနားမႈကို ျဖစ္ေစလို႔ပါပဲ၊ ဒီအေျခအေနေတြကို က်ေနာ္ဖုံးကြယ္ဖို႔
ႀကိဳးစားခဲ့ေပမယ့္လည္း အခုဆိုရင္ အဲဒီအတိုင္းသြားေနတာ ၁၀ ပြဲေလာက္ရွိေနၿပီ၊ တခ်ိဳ႕ကေတာ့ က်
ေနာ္တို႔ တိုက္ပြဲဝင္ႏိုင္မယ္လို႔ ထင္ေနတယ္၊ ဘာအတြက္တိုက္ပြဲဝင္မွာလဲ? ဘယ္လိုစိတ္ဓာတ္နဲ႔လဲ၊ ဘယ္
လိုမ်ိဳး စိတ္သေဘာထားေတြနဲ႔လဲ?””တကယ္ကို က်ေနာ္ စိတ္မေကာင္းျဖစ္ရၿပီး လူတိုင္းက ကိုယ့္တာဝန္
ကိုယ္ယူရမွာပါ၊ စပါးကို ေျပာင္းလဲခ်င္ရင္ အခုအေျခအေနကို ေျပာင္းလဲဖို႔ အခ်ိန္က်ေနပါၿပီ၊ ဒီေျပာင္းလဲ
မႈမွာ အသင္းတင္မဟုတ္ဘူး၊ နည္းျပ၊ ဝန္ထမ္းေတြနဲ႔ ကစားသမားေတြပါ ပါဝင္ရမွာပါ၊ ဒါေပမယ့္ ဒီပုံစံပဲ
သြားေနရင္ေတာ့ နည္းျပေတြေျပာင္းမယ္၊ အမ်ားႀကီးေရာက္လာလည္း ေျပာင္းလဲမွာမဟုတ္ပါဘူး၊ က်
ေနာ္ေျပာတာကို ယုံပါ””အသင္းက ပိုက္ဆံေတြ အမ်ားႀကီး က်ေနာ္တို႔ကို ေပးခဲ့တယ္၊ ကစားသမားေတြ
ပိုက္ဆံရတယ္၊ က်ေနာ္လည္းရတယ္၊ ဒါက ဆင္ေျခေတြေပးဖို႔မဟုတ္ဘူး၊ ဘာမွမရွိတဲ့ စိတ္ဓာတ္ပိုင္းကို
ျပဖို႔၊ တာဝန္ယူမႈမရွိတာကို ျပဖို႔မဟုတ္ဘူး၊ က်ေနာ့္အတြက္ေတာ့ အခုပုံစံေတြက လက္ခံႏိုင္စရာမရွိဘူး၊
ဒီလိုအေျခအေနမ်ိဳးကို က်ေနာ့္နည္းျပဘ၀မွာ ပထမဆုံးျမင္ရတာပဲ” လို႔ ကြန္တီက သတင္းစာရွင္းလင္းပြဲ
မွာ ျပင္းျပင္းထန္ထန္ကို ေျပာဆိုသြားခဲ့ပါတယ္။