ဆုံးဖြတ်ချက်အမှားကြောင့် ရော်နယ်ဒို ပင်နယ်လွဲတာမြင်ချင်ပေမဲ့ မပြည့်ခဲ့တဲ့ ဒိုင်လူကြီးဟောင်းဝပ်ဝက်ဘ်
တစ်ခေတ်တစ်ခါတုန်းက ပရီးမီးယားလိဂ်ရဲ့နာမည်ကျော်ဒိုင်လူကြီးဟောင်းတစ်ယောက်ဟာစီရော်
နယ်ဒိုကန်သွင်းရတဲ့ လွဲစေချင်ခဲ့ဖူးပါတယ်။ သူကတော့ ဟောင်းဝပ်ဝက်ဘ်ဖြစ်ပြီးဒိုင်လူကြီးဘဝရဲ့
အကြီးမားဆုံးအမှားကို သူလုပ်ခဲ့တယ်လို့ သတိပြုမိလိုက်တဲ့အချိန်မှာပါ။အိုးလ်ထရက်ဖို့ဒ်မှာ ၂၀၀၉
ခုနှစ် ဧပြီလကကစားခဲ့တဲ့ မန်ယူနဲ့စပါးတို့ရဲ့ပွဲမှာဖြစ်ပါတယ်။အဲဒီပွဲမှာ အငြင်းပွားဖွယ်ပင်နယ်တီရ
ရှိခဲ့ပြီးနောက် မန်ယူဟာ ပြန်လည်ရုန်းထနိုင်ခဲ့တာပါ။မိုဒရစ်တို့ရဲ့စပါးကို ၂-၀ နဲ့ရှုံးနေချိန် မန်ယူ
ကွင်းလယ်လူမိုက်ကယ်ကာရစ်ဟာပင်နယ်တီဧရိယာထဲမှာ စပါးဂိုးသမားဂိုမက်စ်နဲ့ ရင်ဆိုင်တွေ့
ခဲ့ပြီးနောက်ကွင်းလယ်ဒိုင်က ပင်နယ်တီအမှတ်အသားကို ညွန်ပြခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ ရုပ်သံ
က အနှေးပြကွက်မှာတော့ ဂိုမက်စ်က ဘောလုံးအရင်ဦးတယ်ဆိုတာရှင်းရှင်းကြီးဖြစ်ခဲ့တာပါ။ အဲ
ဒါကြောင့် အနားယူသွားတဲ့ ဒိုင်လူကြီးဟောင်းဝက်ဘ်ကစီရော်နယ်ဒို ပင်နယ်တီလွဲတာကို မြင်ချင်
ခဲ့ကြောင်း ဝန်ခံခဲ့တာပါ။ဒါပေမဲ့ သူ့ဆန္ဒမပြည့်သွားခဲ့သလို အဲဒီပွဲမှာ မန်ယူကလည်း ၅-၂ နဲ့ပြန်လည်
အနိုင်ရခဲ့ပါတယ်။ ”ကျွန်တော့်ဒိုင်ဘ၀ အကြီးမားဆုံးအမှားကတော့၂၀၀၉ က အိုးလ်ထရက်ဖို့ဒ်မှာ
ကစားသွားတဲ့ မန်ယူနဲ့စပါးတို့ရဲ့ပွဲပါ။ကျွန်တော်တွေ့လိုက်တာက ကာရစ်က ဂိုးသမားနဲ့အတွေ့မှာ
ဘောလုံးအရင်ဦးတယ်ဆိုတာပါ။ တကယ့်ကို လွယ်ကူတဲ့ပင်နယ်တီပေးမှုတစ်ခုပဲပေါ့။ကစားသမား
တွေ သာမန်ကာလျှံကာအသနားခံတာကိုပဲ မျှော်လင့်ထားပေမယ့်ဂိုမက်စ်က လုံးဝကို အံ့သြတကြီး
ဖြစ်ပြီး မယုံနိုင်တဲ့အကြည့်နဲ့ ကြည့်ခဲ့ပါတယ်။စက္ကန့်ပိုင်းအတွင်းမှာပဲ ငါဆုံးဖြတ်ချက်မှားသွားပြီလို့
သိလိုက်ပါတယ်။အဲဒီတော့ စီရော်နယ်ဒို ပင်နယ်တီလွဲပါစေလို့ပဲ မျှော်လင့်ရတာပေါ့။ဒါပေမဲ့ သူ မလွဲ
ခဲ့ပါဘူး”လို့ ဟောင်းဝပ်ဝက်ဘ်က ပြန်ပြောင်းပြောခဲ့တာပါ။