
မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဟာ တနင်္ဂနွေနေ့ညမှာ အာဆင်နယ်ကို ၃-၂ နဲ့ ရှုံးနိမ့်
ခဲ့ပြီးနောက်ပိုင်း အဓိကကျတဲ့ အပြောင်းအလဲတွေ မပြုလုပ်ဘူးဆိုရင် ဆုဖလားတွေ ရရှိမှာမဟုတ်ဘူးလို့
သတိပေးခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်ဟာ ၂၀၁၇ ခုနှစ်တုန်းက နည်းပြ မော်ရင်ညိုလက်ထက်
မှာ ယူရိုပါလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက်ပိုင်း ဖလားတစ်လုံးမှ ရရှိခဲ့ခြင်း မရှိခဲ့တာ ဖြစ်ပါ
တယ်။ အချို့ကတော့ ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်က အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့
ကို ပရီးမီးယားလိဂ်ဖလားအတွက် စိန်ခေါ်နိုင်လိမ့်မယ်လို့ တစ်ကြိုပေးခဲ့ကြပေမယ့်လည်း အမ်းမရိတ်စ်
က ရှုံးပွဲကြောင့် လက်ရှိမှာ တန်ဟက်ရဲ့အသင်းဟာ တစ်ပွဲလျော့နေတဲ့ အမှတ်ပေးဇယားဦးဆောင်သူ
ဂန်းနားတွေနဲ့ ၁၁ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်
အသင်းဟာ ကာရာဘောင်း၊ အက်ဖ်အေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နေဆဲဖြစ်ပြီး ယခုရာသီ
မှာ ၎င်းတို့ရဲ့ ဆုဖလား ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်မယ့် အခွင့်အရေးရှိနေဆဲ ဖြစ်ပါတယ်။ တန်
ဟက်ရဲ့အသင်းဟာ ဗုဒ္ဓဟူးနေ့မှာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်
နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး စနေနေ့မှာတော့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် ရက်ဒင်းနဲ့ တွေ့
ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း တန်ဟက်ရဲ့ အသင်းဟာ ဖေဖော်ဝါရီ ၂၃
ရက်နေ့မှာ ဘာစီလိုနာအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားမှာဖြစ်ပြီး အမ်းမရိတ်စ်က ပွဲစဉ်အပြီးမှာ တန်ဟက်
က “လာမယ့် နာရီပိုင်းတော်တော်များများမှာ ကျွန်တော်တို့က ကောင်းမွန်တဲ့နေရာမှာရှိနေတယ်ဆိုတာ
ကို သိသွားမယ့်၊ ကောင်းမွန်တဲ့ တိုးတက်မှုတွေ၊ ကောင်းမွန်တဲ့လုပ်ငန်းစဉ်တွေထဲမှာ ရှိနေတယ်ဆိုတာ
ကို သိသွားမယ့်အချိန် ရောက်လာမှာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်
တော် စိတ်အနှောင့်အယှက်ဖြစ်နေပြီး ကျွန်တော်ကစားသမားတွေကိုလည်း ဖလားရချင်ရင် စိတ်ဓာတ်
ပိုင်းကို ပြင်ရမယ်။ ထိပ်တန်းပွဲစဉ်မှာ အမှားကြီး ၃ ခု ကျူးလွန်ခဲ့တာမျိုး ဖြစ်လို့ မရနိုင်ဘူးဆိုပြီး ပြောခဲ့ပါ
တယ်””ပြီးတော့ အထူးသဖြင့် နောက်ဆုံးဂိုးမှာပါ။ ခင်ဗျား ပွဲကို ခံစားရမယ်။ အဲဒီအချိန်မှာ သရေ ၁ မှတ်
က အများဆုံးဖြစ်နေခဲ့တယ်။ အဲဒီတော့ ခင်ဗျား ၁ မှတ်ကို ရယူရမှာဖြစ်ပြီး ကျွန်ောတ်တို့ ပေးခဲ့သလိုမျိုး
ဒီလိုမျိုး ဂိုးပေးလိုက်လို့ မရနိုင်ဘူး။ ထိပ်တန်းအဆင့်မှာ ကျွန်တော်တို့ ပေးခဲ့ရတဲ့ ဂိုးတွေမျိုးနဲ့ဆိုရင် ခင်
ဗျား ဖလား မရနိုင်ဘူး။ ၂ ကြိမ်က ထောင့်ကန်ဘောကနေ စတင်ပြီးတော့ ကျွန်တော်တို့ အမှားလုပ်ခဲ့တာ
သိသာပါတယ်။ ကျွန်တော်တို့ စည်းကမ်းလိုက်နာမှုကို မပြသနိုင်ခဲ့ဘူး။ ပြီးတော့ ခင်ဗျား ဂိုးတွေ ခွင့်ပြုခဲ့
ရတယ်”လို့ ပြောကြားခဲ့ပါတယ်။
မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္ဟာ တနဂၤေႏြေန႔ညမွာ အာဆင္နယ္ကို ၃-၂ နဲ႔ ရႈံးနိမ့္
ခဲ့ၿပီးေနာက္ပိုင္း အဓိကက်တဲ့ အေျပာင္းအလဲေတြ မျပဳလုပ္ဘူးဆိုရင္ ဆုဖလားေတြ ရရွိမွာမဟုတ္ဘူးလို႔
သတိေပးခဲ့ပါတယ္။မန္ခ်က္စတာယူႏိုက္တက္ဟာ ၂၀၁၇ ခုႏွစ္တုန္းက နည္းျပ ေမာ္ရင္ညိဳလက္ထက္
မွာ ယူ႐ိုပါလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့ၿပီးေနာက္ပိုင္း ဖလားတစ္လုံးမွ ရရွိခဲ့ျခင္း မရွိခဲ့တာ ျဖစ္ပါ
တယ္။ အခ်ိဳ႕ကေတာ့ ယခုရာသီမွာ မန္ခ်က္စတာယူႏိုက္တက္က အာဆင္နယ္နဲ႔ မန္ခ်က္စတာစီးတီးတို႔
ကို ပရီးမီးယားလိဂ္ဖလားအတြက္ စိန္ေခၚႏိုင္လိမ့္မယ္လို႔ တစ္ႀကိဳေပးခဲ့ၾကေပမယ့္လည္း အမ္းမရိတ္စ္
က ရႈံးပြဲေၾကာင့္ လက္ရွိမွာ တန္ဟက္ရဲ႕အသင္းဟာ တစ္ပြဲေလ်ာ့ေနတဲ့ အမွတ္ေပးဇယားဦးေဆာင္သူ
ဂန္းနားေတြနဲ႔ ၁၁ မွတ္အထိ ကြာဟသြားခဲ့ၿပီျဖစ္ပါတယ္။ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္
အသင္းဟာ ကာရာေဘာင္း၊ အက္ဖ္ေအနဲ႔ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲေတြမွာ ပါဝင္ယွဥ္ၿပိဳင္ေနဆဲျဖစ္ၿပီး ယခုရာသီ
မွာ ၎တို႔ရဲ႕ ဆုဖလား ေပ်ာက္ဆုံးေနမႈကို အဆုံးသတ္ႏိုင္မယ့္ အခြင့္အေရးရွိေနဆဲ ျဖစ္ပါတယ္။ တန္
ဟက္ရဲ႕အသင္းဟာ ဗုဒၶဟူးေန႔မွာ ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ ေနာ္တင္ဟမ္ေဖာရက္စ္
နဲ႔ ရင္ဆိုင္သြားရမွာျဖစ္ၿပီး စေနေန႔မွာေတာ့ အက္ဖ္ေအဖလား စတုတၳအဆင့္ပြဲစဥ္အျဖစ္ ရက္ဒင္းနဲ႔ ေတြ႕
ဆုံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာလည္း တန္ဟက္ရဲ႕ အသင္းဟာ ေဖေဖာ္ဝါရီ ၂၃
ရက္ေန႔မွာ ဘာစီလိုနာအသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး အမ္းမရိတ္စ္က ပြဲစဥ္အၿပီးမွာ တန္ဟက္
က “လာမယ့္ နာရီပိုင္းေတာ္ေတာ္မ်ားမ်ားမွာ ကြၽန္ေတာ္တို႔က ေကာင္းမြန္တဲ့ေနရာမွာရွိေနတယ္ဆိုတာ
ကို သိသြားမယ့္၊ ေကာင္းမြန္တဲ့ တိုးတက္မႈေတြ၊ ေကာင္းမြန္တဲ့လုပ္ငန္းစဥ္ေတြထဲမွာ ရွိေနတယ္ဆိုတာ
ကို သိသြားမယ့္အခ်ိန္ ေရာက္လာမွာ ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ ကြၽန္
ေတာ္ စိတ္အေႏွာင့္အယွက္ျဖစ္ေနၿပီး ကြၽန္ေတာ္ကစားသမားေတြကိုလည္း ဖလားရခ်င္ရင္ စိတ္ဓာတ္
ပိုင္းကို ျပင္ရမယ္။ ထိပ္တန္းပြဲစဥ္မွာ အမွားႀကီး ၃ ခု က်ဴးလြန္ခဲ့တာမ်ိဳး ျဖစ္လို႔ မရႏိုင္ဘူးဆိုၿပီး ေျပာခဲ့ပါ
တယ္””ၿပီးေတာ့ အထူးသျဖင့္ ေနာက္ဆုံးဂိုးမွာပါ။ ခင္ဗ်ား ပြဲကို ခံစားရမယ္။ အဲဒီအခ်ိန္မွာ သေရ ၁ မွတ္
က အမ်ားဆုံးျဖစ္ေနခဲ့တယ္။ အဲဒီေတာ့ ခင္ဗ်ား ၁ မွတ္ကို ရယူရမွာျဖစ္ၿပီး ကြၽန္ောတ္တို႔ ေပးခဲ့သလိုမ်ိဳး
ဒီလိုမ်ိဳး ဂိုးေပးလိုက္လို႔ မရႏိုင္ဘူး။ ထိပ္တန္းအဆင့္မွာ ကြၽန္ေတာ္တို႔ ေပးခဲ့ရတဲ့ ဂိုးေတြမ်ိဳးနဲ႔ဆိုရင္ ခင္
ဗ်ား ဖလား မရႏိုင္ဘူး။ ၂ ႀကိမ္က ေထာင့္ကန္ေဘာကေန စတင္ၿပီးေတာ့ ကြၽန္ေတာ္တို႔ အမွားလုပ္ခဲ့တာ
သိသာပါတယ္။ ကြၽန္ေတာ္တို႔ စည္းကမ္းလိုက္နာမႈကို မျပသႏိုင္ခဲ့ဘူး။ ၿပီးေတာ့ ခင္ဗ်ား ဂိုးေတြ ခြင့္ျပဳခဲ့
ရတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။