ဆီဗီလာကိုဂိုးပြတ်ဖြတ်တဲ့ပွဲမှာ ကပ္ပတိန်လက်ပတ်တရားဝင်ခန့်အပ်ခြင်းခံလာရတဲ့ အိုဒီဂတ်

အာဆင်နယ်ဟာလိုင်ယွန်သို့အလက်ဇန္ဒားလာကာဇက်တီပြောင်းရွှေ့သွားပြီးနောက်အသင်းခေါင်း

ဆောင်သစ်အဖြစ်မာတင်အိုဒီဂတ်အားခန့်အပ်လာပါတယ်။အသက်၂၃နှစ်ရှိအိုဒီဂတ်ဟာပြီးခဲ့တဲ့ရာ

သီနှောင်းပိုင်းတုန်းကရာသီသိမ်းပွဲငါးပွဲကိုအသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့သူလည်းဖြစ်ပါ

တယ်။ယခုအခါမှာတော့အာဆင်နယ်နည်းပြအာတီတာကအသင်းခေါင်းဆောင်သစ်အဖြစ်အိုဒီဂတ်

အားခန့်အပ်လိုက်ပြီဖြစ်ပါတယ်။အိုဒီဂတ်ဟာအာဆင်နယ်ရဲ့အမြဲတမ်းအသင်းခေါင်းဆောင်အဖြစ်

မနေ့ညတုန်းကအမ်းမရိတ်ကွင်းတွင်ဆီဗီလာကို၆-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာစတင်တာဝန်ယူဦးဆောင်

သွားခဲ့ပါတယ်။အာဆင်နယ်ပရိသတ်များဟာလည်းအိုဒီဂတ်အားအသင်းခေါင်းဆောင်အဖြစ်ခန့်

အပ်လာမှုအပေါ်ထောက်ခံလျက်ရှိကြပါတယ်။ပရိသတ်တစ်ဦးက “ဗိုက်ကင်းတစ်ဦးကဦးဆောင်

လာပြီ။အောင်မြင်မှုကစောင့်ဆိုင်းနေပြီ”လို့ဆိုသွားပါတယ်။မာတင်အိုဒီဂတ်ဟာအာဆင်နယ်အ

သင်းခေါင်းဆောင်အဖြစ်ခန့်အပ်ခြင်းခံလာရမှုနှင့်အတူ ပရီးမီးယားလိဂ်တွင်ဒုတိယအသက်အငယ်

ဆုံးအသင်းခေါင်းဆောင်ဖြစ်လာပါတယ်။ပရီးမီးယားလိဂ်တွင်အသက်အငယ်ဆုံးအသင်းခေါင်း

ဆောင်အဖြစ်ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဒက်လန်းစ်ရိုက်ကရပ်တည်နေပါတယ်။အခြားတစ်

ဦးကလည်း “အရမ်းကောင်းတဲ့ရွေးချယ်မှုလို့ထင်တယ်။သူကနော်ဝေအသင်းခေါင်းဆောင်အဖြစ်

တာဝန်ယူထားပြီးသားသူဖြစ်တယ်။ကွင်းထဲမှာလည်းစံနမူအဖြစ်ပြသနေတယ်။ပြေးလွှားတာ

လည်းမရပ်ဘူး။သူကအားလုံးအတွက်စံပြတစ်ဦးပါ”လို့ပြောကြားသွားပါတယ်။အခြားပရိသတ်

တစ်ဦးကလည်း “ငါတို့အတွက်ဆုဖလားတွေသူကိုင်မြှောက်တာမြင်ရဖို့မစောင့်နိုင်တော့ဘူး”လို့

ဆိုသွားပါတယ်။မနေ့ညတုန်းကဆီဗီလာကို၆-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ဂါဘရီရယ်ဂျေဆူးကဟက်

ထရစ်သွင်းခဲ့ပြီးဆာကာကနှစ်ဂိုးနှင့်အက်ဒီနကီတာကတစ်ဂိုးသွင်းယူခဲ့ကြပါတယ်။အာဆင်နယ်

ဟာယခုရာသီကြိုခြေစမ်းပွဲအားလုံးအနိုင်ရရှိထားပြီးဂိုး၂၀သွင်းထားနိုင်ရာမှာဂျေဆူးက၇ဂိုးအထိ

သွင်းထားပါတယ်။

အာဆင္နယ္ဟာလိုင္ယြန္သို႔အလက္ဇႏၵားလာကာဇက္တီေျပာင္းေ႐ႊ႕သြားၿပီးေနာက္အသင္းေခါင္း

ေဆာင္သစ္အျဖစ္မာတင္အိုဒီဂတ္အားခန႔္အပ္လာပါတယ္။အသက္၂၃ႏွစ္ရွိအိုဒီဂတ္ဟာၿပီးခဲ့တဲ့ရာ

သီေႏွာင္းပိုင္းတုန္းကရာသီသိမ္းပြဲငါးပြဲကိုအသင္းေခါင္းေဆာင္အျဖစ္တာဝန္ယူခဲ့သူလည္းျဖစ္ပါ

တယ္။ယခုအခါမွာေတာ့အာဆင္နယ္နည္းျပအာတီတာကအသင္းေခါင္းေဆာင္သစ္အျဖစ္အိုဒီဂတ္

အားခန႔္အပ္လိုက္ၿပီျဖစ္ပါတယ္။အိုဒီဂတ္ဟာအာဆင္နယ္ရဲ႕အၿမဲတမ္းအသင္းေခါင္းေဆာင္အျဖစ္

မေန႔ညတုန္းကအမ္းမရိတ္ကြင္းတြင္ဆီဗီလာကို၆-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာစတင္တာဝန္ယူဦးေဆာင္

သြားခဲ့ပါတယ္။အာဆင္နယ္ပရိသတ္မ်ားဟာလည္းအိုဒီဂတ္အားအသင္းေခါင္းေဆာင္အျဖစ္ခန႔္

အပ္လာမႈအေပၚေထာက္ခံလ်က္ရွိၾကပါတယ္။ပရိသတ္တစ္ဦးက “ဗိုက္ကင္းတစ္ဦးကဦးေဆာင္

လာၿပီ။ေအာင္ျမင္မႈကေစာင့္ဆိုင္းေနၿပီ”လို႔ဆိုသြားပါတယ္။မာတင္အိုဒီဂတ္ဟာအာဆင္နယ္အ

သင္းေခါင္းေဆာင္အျဖစ္ခန႔္အပ္ျခင္းခံလာရမႈႏွင့္အတူ ပရီးမီးယားလိဂ္တြင္ဒုတိယအသက္အငယ္

ဆုံးအသင္းေခါင္းေဆာင္ျဖစ္လာပါတယ္။ပရီးမီးယားလိဂ္တြင္အသက္အငယ္ဆုံးအသင္းေခါင္း

ေဆာင္အျဖစ္ဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ဒက္လန္းစ္႐ိုက္ကရပ္တည္ေနပါတယ္။အျခားတစ္

ဦးကလည္း “အရမ္းေကာင္းတဲ့ေ႐ြးခ်ယ္မႈလို႔ထင္တယ္။သူကေနာ္ေဝအသင္းေခါင္းေဆာင္အျဖစ္

တာဝန္ယူထားၿပီးသားသူျဖစ္တယ္။ကြင္းထဲမွာလည္းစံနမူအျဖစ္ျပသေနတယ္။ေျပးလႊားတာ

လည္းမရပ္ဘူး။သူကအားလုံးအတြက္စံျပတစ္ဦးပါ”လို႔ေျပာၾကားသြားပါတယ္။အျခားပရိသတ္

တစ္ဦးကလည္း “ငါတို႔အတြက္ဆုဖလားေတြသူကိုင္ေျမႇာက္တာျမင္ရဖို႔မေစာင့္ႏိုင္ေတာ့ဘူး”လို႔

ဆိုသြားပါတယ္။မေန႔ညတုန္းကဆီဗီလာကို၆-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ဂါဘရီရယ္ေဂ်ဆူးကဟက္

ထရစ္သြင္းခဲ့ၿပီးဆာကာကႏွစ္ဂိုးႏွင့္အက္ဒီနကီတာကတစ္ဂိုးသြင္းယူခဲ့ၾကပါတယ္။အာဆင္နယ္

ဟာယခုရာသီႀကိဳေျခစမ္းပြဲအားလုံးအႏိုင္ရရွိထားၿပီးဂိုး၂၀သြင္းထားႏိုင္ရာမွာေဂ်ဆူးက၇ဂိုးအထိ

သြင္းထားပါတယ္။