ဆိုးလ်ရှား ခေတ်အလွန်…ယူနိုက်တက်မှာ ဒီဂျောင်နဲ့ ဗန်ဒီဘိခ်တို့နှစ်ဦးရဲ့ အေဂျက် ကွင်းလယ်အတွဲကို ပြန်မြင်ရတော့မှာလား…?

ဒီနှစ်ဘောလုံး ရာသီကုန်ရင် စာချုပ်သက်တမ်း ပြည့်တော့မယ့် ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာ ကို သက်တမ်းတို့ချုပ်ဆိုဖို့ မသေချာ တော့တာကြောင့် သူ့နေရာမှာ အစားထိုးနိုင်မယ့် ကစားသမားတွေကို ယူနိုက်တက်အသင်းက ရှာဖွေနေပါတယ်။

ဒီနှစ် ဘောလုံးရာသီ အကုန်မှာ ဘာစီလိုနာအသင်း ကနေ ထွက်ခွာမယ်လို့ သတင်းကြီးနေတဲ့ နယ်သာလန် ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်းဟာလည်း ယူနိုက်တက်အသင်း စိတ်ဝင်စားနေတဲ့ ကွင်းလယ်ကစားသမားတွေထဲက တယောက်ဖြစ်တယ်လို့ ဗြိတိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းဟာ ဒီဂျောင်း ကို ၂၀၁၉ ခုနှစ်ကမှ အေဂျက်ဇ်အသင်းကနေ ပေါင် ၆၅ သန်းနဲ့ ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။

အသက် ၂၄နှစ် သာရှိသေးတဲ့ နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ဟာ ၂၀၁၉ ခုနှစ်ကမှ အေဂျက်ဇ်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၆ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။

လက်ရှိအခိုက်အတန့်မှာ ဘာစီလိုနာအသင်းဟာ သမိုင်းတလျှောက် အဆိုးဝါးဆုံး ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် ပြောင်းရွှေ့ကြေးကောင်းကောင်းရနိုင်မယ့် ကစားသမားတွေကိုရောင်းထုတ်ပြီး အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကို ပြန်လည်တည့်မတ်အောင်လုပ်ဆောင်လိုနေပါတယ်။

ဒါကြောင့်လည်း စာချုပ်သက်တမ်းကျန်ရှိနေပြီး ပြောင်းရွှေ့ကြေးမြင့်နိုင်တဲ့ ဒီဂျောင်း ကို ရောင်းချဖို့ ပြင်ဆင်လာခဲ့တာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

နည်းပြသစ် ဇာဗီ ကလည်း အသင်းမှာ အကယ်ဒမီထွက် ကစားသမားလေးတွေဖြစ်တဲ့ ဂါဗီ နဲ့ ပက်ထရီ တို့ရှိနေပြီ ဖြစ်တာကြောင့် ဒီဂျောင်း ကို ရောင်းချပြီး ငွေရှာမယ့် အသင်းတာဝန်ရှိသူတွေရဲ့ အစီအစဉ်ကို သဘောတူဖွယ်ရှိတယ်လို့ သိရပါတယ်။

မန်ချက်စတာ ညနေခင်း သတင်းရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်ကို ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်းကျော် အသုံးပြုရနိုင်တာကြောင့် သူ့လောက် ပြောင်းရွှေ့ကြေးငွေသုံးဖို့မလိုတဲ့ ဒီဂျောင်းကို ပိုပြီးစိတ်ဝင်စားနေခဲ့သလို နွေဈေးကွက် အဖွင့်မှာ ခေါ်ယူနိုင်ဖို့ စီစဉ်ထားကြောင်လည်း သိရပါတယ်။

နည်းပြဆိုးလ်ရှားလက်ထက်မှာ အရံခုံမှာအချိန်ကုန်ခဲ့ရတဲ့ ဗန်ဒီဘိခ်ရဲ့အခြေအနေကိုသိပေမယ့် အခုချိန်မှာ နည်းပြ ဆိုးလ်ရှားကအသင်းကနေ ထွက်ခွာသွားခဲ့သလို ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေတဲ့ ပိုချက်တီနိုကလည်း ဗန်ဒီဘိခ်နဲ့ ဒီဂျောင်တို့ကို အေဂျက်အသင်းမှာ ရှိနေစဉ်ကတည်းက သဘောကျတာကြောင့် ဒီဂျောင် တယောက် အသင်းဆီ ပြောင်းရွှေ့လာနိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာတစ်ခုက ဒီဂျောင်း ကို မန်ချက်စတာမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ယူနိုက်တက်အသင်းတစ်သင်းထဲသာမဟုတ်ပဲ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

zawgyi

ဆိုးလ္ရွား ေခတ္အလြန္…ယူႏိုက္တက္မွာ ဒီေဂ်ာင္နဲ႔ ဗန္ဒီဘိခ္တို႔ႏွစ္ဦးရဲ႕ ေအဂ်က္ ကြင္းလယ္အတြဲကို ျပန္ျမင္ရေတာ့မွာလား…?

ဒီႏွစ္ေဘာလုံး ရာသီကုန္ရင္ စာခ်ဳပ္သက္တမ္း ျပည့္ေတာ့မယ့္ ျပင္သစ္ ကြင္းလယ္လူ ေပါ့ဘာ ကို သက္တမ္းတို႔ခ်ဳပ္ဆိုဖို႔ မေသခ်ာ ေတာ့တာေၾကာင့္ သူ႔ေနရာမွာ အစားထိုးႏိုင္မယ့္ ကစားသမားေတြကို ယူႏိုက္တက္အသင္းက ရွာေဖြေနပါတယ္။

ဒီႏွစ္ ေဘာလုံးရာသီ အကုန္မွာ ဘာစီလိုနာအသင္း ကေန ထြက္ခြာမယ္လို႔ သတင္းႀကီးေနတဲ့ နယ္သာလန္ ကြင္းလယ္လူ ဖရန္ကီ ဒီေဂ်ာင္းဟာလည္း ယူႏိုက္တက္အသင္း စိတ္ဝင္စားေနတဲ့ ကြင္းလယ္ကစားသမားေတြထဲက တေယာက္ျဖစ္တယ္လို႔ ၿဗိတိန္ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။

စပိန္ထိပ္သီးကလပ္ ဘာစီလိုနာအသင္းဟာ ဒီေဂ်ာင္း ကို ၂၀၁၉ ခုႏွစ္ကမွ ေအဂ်က္ဇ္အသင္းကေန ေပါင္ ၆၅ သန္းနဲ႔ ေခၚယူထားခဲ့တာျဖစ္ပါတယ္။

အသက္ ၂၄ႏွစ္ သာရွိေသးတဲ့ နယ္သာလန္ လက္ေ႐ြးစင္ ကြင္းလယ္လူ ဖရန္ကီ ဒီေဂ်ာင္ဟာ ၂၀၁၉ ခုႏွစ္ကမွ ေအဂ်က္ဇ္အသင္းကေန ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၆၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့သူ ျဖစ္ၿပီး အသင္းနဲ႔ ၂၀၂၆ခုႏွစ္ အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနပါေသးတယ္။

လက္ရွိအခိုက္အတန႔္မွာ ဘာစီလိုနာအသင္းဟာ သမိုင္းတေလွ်ာက္ အဆိုးဝါးဆုံး ဘ႑ာေရး အၾကပ္အတည္းနဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ ေျပာင္းေ႐ႊ႕ေၾကးေကာင္းေကာင္းရႏိုင္မယ့္ ကစားသမားေတြကိုေရာင္းထုတ္ၿပီး အသင္းရဲ႕ ဘ႑ာေရးအေျခအေနကို ျပန္လည္တည့္မတ္ေအာင္လုပ္ေဆာင္လိုေနပါတယ္။

ဒါေၾကာင့္လည္း စာခ်ဳပ္သက္တမ္းက်န္ရွိေနၿပီး ေျပာင္းေ႐ႊ႕ေၾကးျမင့္ႏိုင္တဲ့ ဒီေဂ်ာင္း ကို ေရာင္းခ်ဖို႔ ျပင္ဆင္လာခဲ့တာျဖစ္တယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

နည္းျပသစ္ ဇာဗီ ကလည္း အသင္းမွာ အကယ္ဒမီထြက္ ကစားသမားေလးေတြျဖစ္တဲ့ ဂါဗီ နဲ႔ ပက္ထရီ တို႔ရွိေနၿပီ ျဖစ္တာေၾကာင့္ ဒီေဂ်ာင္း ကို ေရာင္းခ်ၿပီး ေငြရွာမယ့္ အသင္းတာဝန္ရွိသူေတြရဲ႕ အစီအစဥ္ကို သေဘာတူဖြယ္ရွိတယ္လို႔ သိရပါတယ္။

မန္ခ်က္စတာ ညေနခင္း သတင္းရဲ႕ ေဖာ္ျပခ်က္အရ ယူႏိုက္တက္အသင္းဟာ ဝက္စ္ဟမ္းအသင္းရဲ႕ ကြင္းလယ္ခံစစ္ ကစားသမား ဒီကလန္႐ိုက္စ္ကို ေခၚယူမယ္ဆိုရင္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၀၀သန္းေက်ာ္ အသုံးျပဳရႏိုင္တာေၾကာင့္ သူ႔ေလာက္ ေျပာင္းေ႐ႊ႕ေၾကးေငြသုံးဖို႔မလိုတဲ့ ဒီေဂ်ာင္းကို ပိုၿပီးစိတ္ဝင္စားေနခဲ့သလို ေႏြေဈးကြက္ အဖြင့္မွာ ေခၚယူႏိုင္ဖို႔ စီစဥ္ထားေၾကာင္လည္း သိရပါတယ္။

နည္းျပဆိုးလ္ရွားလက္ထက္မွာ အရံခုံမွာအခ်ိန္ကုန္ခဲ့ရတဲ့ ဗန္ဒီဘိခ္ရဲ႕အေျခအေနကိုသိေပမယ့္ အခုခ်ိန္မွာ နည္းျပ ဆိုးလ္ရွားကအသင္းကေန ထြက္ခြာသြားခဲ့သလို ယူႏိုက္တက္အသင္းရဲ႕ နည္းျပသစ္ ျဖစ္လာဖို႔ ေရပန္းစားေနတဲ့ ပိုခ်က္တီႏိုကလည္း ဗန္ဒီဘိခ္နဲ႔ ဒီေဂ်ာင္တို႔ကို ေအဂ်က္အသင္းမွာ ရွိေနစဥ္ကတည္းက သေဘာက်တာေၾကာင့္ ဒီေဂ်ာင္ တေယာက္ အသင္းဆီ ေျပာင္းေ႐ႊ႕လာႏိုင္တယ္လို႔လည္း သုံးသပ္ထားပါတယ္။

ေနာက္ထပ္ စိတ္ဝင္စားစရာတစ္ခုက ဒီေဂ်ာင္း ကို မန္ခ်က္စတာမွာ ေခၚယူဖို႔ စိတ္ဝင္စားေနတာ ယူႏိုက္တက္အသင္းတစ္သင္းထဲသာမဟုတ္ပဲ ဂြါဒီယိုလာရဲ႕ မန္စီးတီးအသင္းကလည္း ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။