ဆိုးလ်ရှားသာ နည်းပြနေရာက ထုတ်ခံခဲ့ရမယ်ဆိုရင် မထင်မှတ်ပဲ ယူနိုက်တက်နည်းပြမှာ ရော်နယ်ဒို ဖြစ်လာတော့မလား…?

ယူနိုက်တက်နည်းပြဘဝကနေ အချိန်မရွေး ပြုတ်သွားနိုင်ခြေရှိလာတဲ့ ဆိုးလ်ရှားရဲ့အခြေအနေကြောင့်

အခုဆိုရင် ဗြိတိန်ဘွတ်ကီဒိုင်တွေက ဆိုးလ်ရှားနောက်မှာ ယူနိုက်တက်နည်းပြ ဘယ်သူဖြစ်လာမလဲဆိုပြီး

လောင်းကြေးဖွင့်မှုတွေလုပ်လာကြပါတယ်။

လီဗာပူးလ်ကိုအရှက်တကွဲရှုံးနိမ့်ပြီးနောက်မှာ ယူနိုက်တက် ပရိသတ်တွေနဲ့ ကစားသမားတွေက ဆိုးလ်ရှား ရဲ့နည်းဗျူဟာအပေါ်

ယုံကြည်မှုကျဆင်းသွားခဲ့ကြသလို အသင်းကထွက်သွားဖို့ ဖိအား ပေးမှုတွေရှိလာခဲ့ပါတယ်။

လီဗာပူးလ်နဲ့ပွဲမှာ ပထမပိုင်းပြီးချိန်မှာတင် ကွင်းထဲက ယူနိုက်တက် ပရိသတ်အတော်များများက ကွင်းထဲကနေထပြန်ကုန်ကြတာကြောင့်

အဲ့သည့်ပွဲအပြီးမှာ ဆိုးလ်ရှားချက်ချင်း အထုတ်ခံရတော့မယ်ဆိုပြီး သတင်းတွေထွက်လာခဲ့ပါသေးတယ်။

ဒီလိုဖြစ်ရပ်ကြောင့်လဲ တနင်္လာနေ့ကဆိုရင် ယူနိုက်တက်ရဲ့မန်းနေးဂျင်းဒါရိုက်တာ ရစ်ချတ်အာနိုးလ်ဟာ

ချိန်းဆိုထားတဲ့ appointment တွေ အားလုံးကို ပယ်ဖျက်ပြီး ဂျိုဝယ် ဂလေဇာနဲ့ အရေးပေါ် တွေ့ဆုံမှုကို ချက်ချင်းလုပ်ခဲ့ပါတယ်။

ဆွေးနွေးမှုအပြီးမှာတော့ ယူနိုက်တက် ဘုတ်အဖွဲ့က အက်ဝုဒ်ဝက်ခ်, ရစ်ချတ်အာနိုးလ် နဲ့ ဆာအဲလက်စ်ဖာဂူဆန်တို့က

ဆိုးလ်ရှားကို ဆက်လက်ထောက်ခံပေးခဲ့တာကြောင့် စပါးနဲ့ပွဲပြီးဆုံးချိန်အထိတော့ ယူနိုက်တက်မှာ ဆိုးလ်ရှား ဆက်ရှိနေဦး မယ်လို့ယူဆရပါတယ်။

လက်ရှိမှာလည်း ဆိုးလ်ရှားဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ အသင်းရဲ့ကစားသမားတွေနဲ့အတူ

စပါးနဲပွဲအတွက် လေ့ကျင့်ရေးအစီအစဉ်တွေ ပြုလုပ်လျှက်ရှိနေတယ်လို့လည်း သတင်းတွေကဖော်ပြထေားပါတယ်။

သဘောကတော့ ယူနိုက်တက်ဘုတ်အဖွဲ့က ဆိုးလ်ရှား အပေါ် နောက်ဆုံးအနေနဲ့ အခွင့်အရေးပေးထားတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

ဒါ့အပြင် ဗြိတိန်မီဒီယာအချို့တို့မှာလည်း ယူနိုက်တက်ဘုတ်အဖွဲ့က ဆိုးလ်ရှားကို လာမယ့်သုံးပွဲအထိ အခွင့်အရေးပေးထားတယ် လို့လည်းသိရပါတယ်။

ဒီအချိန်မှာ အံသြစရာသတင်းတစ်ခု ထပ်ဖြစ်လာတာက ခရစ္စတီယာနိုရော်နယ်ဒိုဟာ

မန်ချက်စတာယူနိုက်တက်နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားဆုံးနည်းပြစာရင်းမှာပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။

ဒီသတင်းဟာ ဗြိတိန်ဘွတ်ကီဒိုင် Paddy Power က ခရစ္စတီယာနိုရော်နယ်ဒိုကို (၁၉ လေး /၁ လေး) နဲ့ ယူနိုက်တက် နည်းပြ နေရာအတွက် ကြေးဖွင့်လာခဲ့ပြီး နောက်ပိုင်း

ရော်နယ်ဒိုက နည်းပြ ဖြစ်လာနိုင်ခြေစာရင်းမှာ နံပါတ်(၇) အဖြစ် ရောက်ရှိလာခဲ့ရာကစတင်ခဲ့တာပါ။

လက်ရှိအချိန်တွင် Paddy Power ရဲ့ယူနိုက်တက် နည်းပြရာထူးအတွက် ရေပန်းအစားဆုံးစာရင်းမွာ

အန်တိုနီယိုကွန်တီကို ၈/၁၁ ဖြင့်ဖွင့်လှစ်ပေးထားပြီး ဘရန်ဒန်ရော်ဂျာ(၆/၁)၊ဇီဒန်း(၉/၁)၊

အဲရစ်တင်ဟက်(၁၁/၁)၊ပိုချက်တီနို(၁၁/၁)၊ဂရေဟမ်ပေါ့တာ(၁၄/၁)တို့ပါဝင်နေခဲ့ပါတယ်။

နည်းပြနေရာအတွက် ရေပန်းစားနေတဲ့စာရင်းမှာ ရော်နယ်ဒိုဟာ နည်းပြအတွေ့အကြုံရင့်နေကြတဲ့ ရန်နစ်ခ်၊လူစီယန်ဖာဗရီ၊

အယ်လီဂရီ၊ မိုက်ကယ်ကာရစ်၊ ဒါရင်းဖလက်ချာတို့ထက် ပိုပြီး လူကြိုက်များနေပါတယ်။

ဒီနှစ် နွေရာသီအပြောင်းအရွှေ့ဈေးကွက် ပိတ်ခါနီးအချိန်မှာ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာတဲ့ ရော်နယ်ဒိုဟာ

ပြိုင်ပွဲ (၉)ပွဲကစားပြီးချိန်မှာ (၆)ဂိုးသွင်းထားပါတယ်။ သူဟာယန်းဘွိုင်းကို (၂-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ချန်ပီယံလိဂ် ပွဲမှာတုန်းကလည်း

ကွင်းထဲကလူစားလဲခံခဲ့ရချိန်မှာ ကွင်းဘေးမှာ ဆိုးလ်ရှားနဲ့အတူကစားသမားတွေကို အော်ဟစ်ညွှန်ကြားနေခဲ့ပါသေးတယ်။

ရော်နယ်ဒိုဘက်က နည်းပြနေရာနဲ့ပတ်သက်လို့ ဘာစကားမှ မထွက်လာသေးပေမယ့် ဘွတ်ကီတွေကတော့ကြေးဖွင့်နေပါပြီ။

ပရိသတ်တွေအနေနဲ့ကကော ရော်နယ်ဒိုကို ယူနိုက်တက် နည်းပြအဖြစ် အခုအချိန်မှာ မြင်ချင်ကြရဲ့လား…?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆိုးလ္ရွားသာ နည္းျပေနရာက ထုတ္ခံခဲ့ရမယ္ဆိုရင္ မထင္မွတ္ပဲ ယူႏိုက္တက္နည္းျပမွာ ေရာ္နယ္ဒို ျဖစ္လာေတာ့မလား…?

ယူႏိုက္တက္နည္းျပဘဝကေန အခ်ိန္မေ႐ြး ျပဳတ္သြားႏိုင္ေျခရွိလာတဲ့ ဆိုးလ္ရွားရဲ႕အေျခအေနေၾကာင့္ အခုဆိုရင္ ၿဗိတိန္ဘြတ္ကီဒိုင္ေတြက ဆိုးလ္ရွားေနာက္မွာ ယူႏိုက္တက္နည္းျပ ဘယ္သူျဖစ္လာမလဲဆိုၿပီး ေလာင္းေၾကးဖြင့္မႈေတြလုပ္လာၾကပါတယ္။

လီဗာပူးလ္ကိုအရွက္တကြဲရႈံးနိမ့္ၿပီးေနာက္မွာ ယူႏိုက္တက္ ပရိသတ္ေတြနဲ႔ ကစားသမားေတြက ဆိုးလ္ရွား ရဲ႕နည္းဗ်ဴဟာအေပၚ ယုံၾကည္မႈက်ဆင္းသြားခဲ့ၾကသလို အသင္းကထြက္သြားဖို႔ ဖိအား ေပးမႈေတြရွိလာခဲ့ပါတယ္။ လီဗာပူးလ္နဲ႔ပြဲမွာ ပထမပိုင္းၿပီးခ်ိန္မွာတင္ ကြင္းထဲက ယူႏိုက္တက္ ပရိသတ္အေတာ္မ်ားမ်ားက ကြင္းထဲကေနထျပန္ကုန္ၾကတာေၾကာင့္ အဲ့သည့္ပြဲအၿပီးမွာ ဆိုးလ္ရွားခ်က္ခ်င္း အထုတ္ခံရေတာ့မယ္ဆိုၿပီး သတင္းေတြထြက္လာခဲ့ပါေသးတယ္။ ဒီလိုျဖစ္ရပ္ေၾကာင့္လဲ တနလၤာေန႔ကဆိုရင္ ယူႏိုက္တက္ရဲ႕မန္းေနးဂ်င္းဒါ႐ိုက္တာ ရစ္ခ်တ္အာႏိုးလ္ဟာ ခ်ိန္းဆိုထားတဲ့ appointment ေတြ အားလုံးကို ပယ္ဖ်က္ၿပီး ဂ်ိဳဝယ္ ဂေလဇာနဲ႔ အေရးေပၚ ေတြ႕ဆုံမႈကို ခ်က္ခ်င္းလုပ္ခဲ့ပါတယ္။

ေဆြးေႏြးမႈအၿပီးမွာေတာ့ ယူႏိုက္တက္ ဘုတ္အဖြဲ႕က အက္ဝုဒ္ဝက္ခ္, ရစ္ခ်တ္အာႏိုးလ္ နဲ႕ဆာအဲလက္စ္ဖာဂူဆန္တို႕က ဆိုးလ္ရွားကို ဆက္လက္ေထာက္ခံေပးခဲ့တာေၾကာင့္ စပါးနဲ႕ပြဲၿပီးဆံုးခ်ိန္အထိေတာ့ ယူႏိုက္တက္မွာ ဆိုးလ္ရွား ဆက္ရွိေနဦး မယ္လို႕ယူဆရပါတယ္။ လက္ရွိမွာလည္း ဆိုးလ္ရွားဟာ ကာရင္တန္ေလ့က်င့္ေရးကြင္းမွာ အသင္းရဲ႕ကစားသမားေတြနဲ႕အတူ စပါးနဲပြဲအတြက္ ေလ့က်င့္ေရးအစီအစဥ္ေတြ ျပဳလုပ္လွ်က္ရွိေနတယ္လို႕လည္း သတင္းေတြကေဖာ္ျပေထားပါတယ္။ သေဘာကေတာ့ ယူႏိုက္တက္ဘုတ္အဖြဲ႕က ဆိုးလ္ရွား အေပၚ ေနာက္ဆံုးအေနနဲ႕ အခြင့္အေရးေပးထားတယ္ဆိိုတဲ့ အဓိပၸါယ္ပါပဲ။

ဒါ့အျပင္ ၿဗိတိန္မီဒီယာအခ်ိဳ႕တို႔မွာလည္း ယူႏိုက္တက္ဘုတ္အဖြဲ႕က ဆိုးလ္ရွားကို လာမယ့္သုံးပြဲအထိ အခြင့္အေရးေပးထားတယ္ လို႕လည္းသိရပါတယ္။ ဒီအခ်ိန္မွာ အံၾသစရာသတင္းတစ္ခု ထပ္ျဖစ္လာတာက ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္နည္းျပသစ္ျဖစ္လာဖို႕ ေရပန္းစားဆုံးနည္းျပစာရင္းမွာပါဝင္လာခဲ့တာပဲျဖစ္ပါတယ္။ ဒီသတင္းဟာ ၿဗိတိန္ဘြတ္ကီဒိုင္ Paddy Power က ခရစၥတီယာႏိုေရာ္နယ္ဒိုကို (၁၉ ေလး /၁ ေလး) နဲ႕ ယူႏိုက္တက္ နည္းျပ ေနရာအတြက္ ေၾကးဖြင့္လာခဲ့ၿပီးေနာက္ပိုင္း ေရာ္နယ္ဒိုက နည္းျပ ျဖစ္လာႏိုင္ေျခစာရင္းမွာ နံပါတ္(၇) အျဖစ္ ေရာက္ရွိလာခဲ့ရာကစတင္ခဲ့တာပါ။

လက္ရွိအခ်ိန္တြင္ Paddy Power ရဲ႕ယူႏိုက္တက္ နည္းျပရာထူးအတြက္ ေရပန္းအစားဆုံးစာရင္းတြင္ အန္တိုနီယိုကြန္တီကို ၈/၁၁ ျဖင့္ဖြင့္လွစ္ေပးထားၿပီး ဘရန္ဒန္ေရာ္ဂ်ာ(၆/၁)၊ဇီဒန္း(၉/၁)၊အဲရစ္တင္ဟက္(၁၁/၁)၊ပိုခ်က္တီႏို(၁၁/၁)၊ဂေရဟမ္ေပါ့တာ(၁၄/၁)တို႔ပါဝင္ေနခဲ့ပါတယ္။

နည္းျပေနရာအတြက္ ေရပန္းစားေနတဲံစာရင္းမွာ ေရာ္နယ္ဒိုဟာ နည္းျပအေတြ႕အႀကဳံရင့္ေနၾကတဲ့ ရန္နစ္ခ္၊လူစီယန္ဖာဗရီ၊ အယ္လီဂရီ၊ မိုက္ကယ္ကာရစ္၊ ဒါရင္းဖလက္ခ်ာတို႔ထက္ ပိုၿပီး လူၾကိဳက္မ်ားေနပါတယ္။

ဒီႏွစ္ ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ ပိတ္ခါနီးအခ်ိန္မွာ ယူႏိုက္တက္ကို ျပန္လည္ေရာက္ရွိလာတဲံ ေရာ္နယ္ဒိုဟာ ျပိဳင္ပြဲ (၉)ပြဲကစားျပီးခ်ိန္မွာ (၆)ဂိုးသြင္းထားပါတယ္။ သူဟာယန္းဘြိဳင္းကို (၂-၁)ဂိုးနဲ႕ ရႈံးနိမ့္ခဲ့တဲ့ခ်န္ပီယံလိဂ္ ပြဲမွာတုန္းကလည္း ကြင္းထဲကလူစားလဲခံခဲ့ရခ်ိန္မွာ ကြင္းေဘးမွာ ဆိုးလ္ရွားနဲ႔အတူကစားသမားေတြကို ေအာ္ဟစ္ၫႊန္ၾကားေနခဲ့ပါေသးတယ္။ ေရာ္နယ္ဒိုဘက္က နည္းျပေနရာနဲ႕ပတ္သက္လို႕ ဘာစကားမွ မထြက္လာေသးေပမယ့္ ဘြတ္ကီေတြကေတာ့ေၾကးဖြင့္ေနပါၿပီ။ ပရိသတ္ေတြအေနနဲ႕ကေကာ ေရာ္နယ္ဒိုကို ယူႏိုက္တက္ နည္းျပအျဖစ္ အခုအခ်ိန္မွာ ျမင္ခ်င္ၾကရဲ႕လား…?