ဆိုးလ်ရှားရဲ့ နည်းစနစ်တွေနဲ့ ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြချင်နေတဲ့ နာပိုလီအသင်းခေါင်းဆောင်
နာပိုလီအသင်းခေါင်းဆောင်အင်ဆစ်ဂ်နီဟာ မန်ချက်စတာယူနိုက်တက်အသင်းဆီပြောင်းရွှေ့ကစားခွင့်
ရအောင်ကြိုးပမ်းဖို့ သူ့အေးဂျင့်ကို တိုက်တွန်းပြောဆိုခဲ့တယ်လို့သတင်းထွက်နေပါတယ်။ အသက်(၃၀)
နှစ်အရွယ်ရှိပြီဖြစ်သူ အီတလီလက်ရွေးစင်တိုက်စစ်ကစားသမားအင်ဆစ်ဂ်နီနဲ့နာပိုလီအသင်းတို့ရဲ့ လက်
ရှိစာချုပ်သက်တမ်းကမကြာခင်ကုန်ဆုံးတော့မှာဖြစ်ပြီး ကစားသမားက အသင်းနဲ့စာချုပ်သက်တမ်းတိုး
ဖို့ဆန္ဒမရှိဖြစ်နေတာပါ။ အီတလီနာမည်ကျော်အားကစားသတင်းစာတစ်စောင်ဖြစ်တဲ့La Gazzetta dello
Sport က အင်ဆစ်ဂ်နီဟာ လာမယ့်နှစ်၀က်ကျရင် ယူနိုက်တက် ဒါမှမဟုတ် အင်တာမီလန်အသင်းဆီပြောင်း
ရွှေ့ကစားဖို့ဆန္ဒရှိနေတယ်လို့ဖော်ပြခဲ့ပြီးအခုလောလောဆယ်တော့ အင်ဆစ်ဂ်နီကို ခေါ်ယူဖို့ ယူနိုက်တက်
အပါအဝင်အင်္ဂလိပ်ကလပ်တစ်သင်းကမှ စိတ်မဝင်စားသေးပါဘူး။ဒါပေမဲ့လည်း အင်ဆစ်ဂ်နီဟာ ရာသီ
တစ်ဦးကို အလွတ်နဲ့ခေါ်ယူနိုင်မယ့်အနေအထားဖြစ်လို့ ယူနိုက်တက်အသင်းအနေနဲ့ လာမယ့်နှစ်၊နွေရာသီ
ကျရင် အင်ဆစ်ဂ်နီအတွက်ကြိုးပမ်းသွားဖို့ရှိနေပါတယ်။နာပိုလီအကယ်ဒမီကနေထွက်ပေါ်ခဲ့တဲ့ အင်ဆစ်ဂ်
နီဟာ အသင်းအတွက်ဆယ်စုနှစ်တစ်ခုကျော်ကစားခဲ့ပြီး ကိုပါအီတာလီယာ၊ အီတလီစူပါဖလားတွေရယူခဲ့
သလို အခုနှစ်အတွင်းမှာလည်း အီတလီအသင်းနဲ့အတူ ယူရိုချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။
Sport က အင်ဆစ်ဂ်နီဟာ လာမယ့်နှစ်ကျရင် ယူနိုက်တက်ဒါမှမဟုတ် အင်တာမီလန်အသင်းဆီပြောင်း
ကုန်ကျရင် နာပိုလီအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် အရည်အသွေးမြင့်ကစားသမား
newz24hrnews