ဆန်စီရိုကွင်းကို ၂၀၂၆ ခုနှစ်ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအပြီးမှာ ဖြိုချသွားတော့မည်

ဘောလုံးကမ္ဘာရဲ့ အကောင်းဆုံးကွင်းတွေထဲက တစ်ကွင်းဖြစ်သလို မီလန်မြို့ခံအသင်းနှစ်သင်းနဲ့ တစ်

သားထဲဖြစ်နေတဲ့ဆန်စီရိုကွင်းကို ၂၀၂၆ ခုနှစ်ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအပြီးမှာ ကွင်းအသစ်ပြန်

လည်တည်ဆောက်ဖို့အတွက် ဖြိုချသွားတော့မှာဖြစ်ပါတယ်။အေစီမီလန်နှင့်အင်တာမီလန်တို့ကအိမ်

ကွင်းအဖြစ်အသုံးပြုနေတဲ့ ဒီကွင်းရဲ့နေရာကို အကြီးစားပြင်ဆင်မှုပြုလုပ်တာမျိုးမဟုတ်ဘဲပေါင်၁ဘီ

လီယံတန် ကွင်းသစ်ကြီးအဖြစ် အစားထိုးတည်ဆောက် သွားမှာ ဖြစ်တယ်လို့လည်း La Gazzetta

dello Sport ကဖော်ပြလာပါတယ်။၁၉၂၆ခုနှစ်တုန်းက စတင် ဖွင့်လှစ်ခဲ့တတဲ့ဒီကွင်းကြီးဟာ မီလန်

မြို့တော်ကောင်စီကပိုင်ဆိုင်တဲ့ကွင်းလည်းဖြစ်ပါတယ်။ကြီးကျယ်ခမ်းနားတဲ့ အငွေ့အသက်တွေရှိနေ

တဲ့ ဒီကွင်းရဲ့အမှတ်တရဖြစ်ရပ်တွေအတွက်တော့နှစ်မြောစရာဖြစ်မိစေနိုင်ပေမယ့်ဆန်စီရိုကွင်းကို

ဖြိုချမှုကို၂၀၂၄ခုနှစ်တွင်စတင်လုပ်ဆောင်သွားမှာဖြစ်ပြီး ၂၀၂၆-၂၇ရာသီ အမီအပြီး တည်ဆောက်

သွားနိုင်ဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။တည်ဆောက်ပြီးခဲ့ချိန်မှာ ဆန်စီရိုဆိုတဲ့ နာမည်ဟာလည်း

အပြီးတိုင် အဆုံးသတ်သွားခဲ့မှာဖြစ်ပြီးအစားထိုးလာမယ့် ကွင်းအသစ်ဟာလည်း The Cathedral လို့

အမည်ပေးထားပြီးဖြစ်ပါတယ်။ဒီစီမံကိန်းကို ပြီးခဲ့တဲ့နှစ်ကတည်းက အေစီမီလန်နဲ့ အင်တာမီလန်

တို့ဟာ The Cathedral ကွင်းဒီဇိုင်းသစ်ကို ကမ္ဘာသိကြေညာခဲ့ပါတယ်။ပရိသတ် (၈)သောင်းဆန့်

ဆန်စီရိုကွင်းကိုဖြိုချပြီး ပရိသတ် (၆)သောင်းဆန့် ကွင်းဒီဇိုင်းကိုပြောင်းလဲတည်ဆောက်သွားပေမယ့်

အသစ်ပြောင်းလဲလိုက်မယ့် ဒီဇိုင်းကတော့ မျက်မှောက်ခေတ် အားကစားကွင်းတွေထဲမှာ ဥရောပရဲ့

အကြီးအကျယ်ဆုံး ကွင်းဒီဇိုင်းဖြစ်လာဖို့ရှိနေပါတယ်။ဒီကွင်းပြီးစီးခဲ့ချိန်မှာ ရရှိလာမယ့်ကွင်းဝင်ကြေး

ဟာလည်း ယူရိုသန်း၁၂၀(ပေါင်၁၀၅သန်း)အထိရရှိလာနိုင်တယ်ဆိုပြီးလည်း ခန့်မှန်းထားကြပါတယ်။

အသစ်တည်ဆောက်လာမယ့် The Cathedral ကွင်းသစ်ဟာ ဘောလုံးပွဲတွေကျင်းပဖို့တစ်ခုထဲမ

ဟုတ်ဘဲအခြားအားကစားပွဲတွေနဲ့ ရှိုးပွဲတွေကိုလည်း လက်ခံကျင်းပသွားနိုင်အောင် စီစဉ်ထားပါတယ်။

ေဘာလုံးကမာၻရဲ႕ အေကာင္းဆုံးကြင္းေတြထဲက တစ္ကြင္းျဖစ္သလို မီလန္ၿမိဳ႕ခံအသင္းႏွစ္သင္းနဲ႔ တစ္

သားထဲျဖစ္ေနတဲ့ဆန္စီ႐ိုကြင္းကို ၂၀၂၆ ခုႏွစ္ေဆာင္းရာသီအိုလံပစ္ၿပိဳင္ပြဲအၿပီးမွာ ကြင္းအသစ္ျပန္

လည္တည္ေဆာက္ဖို႔အတြက္ ၿဖိဳခ်သြားေတာ့မွာျဖစ္ပါတယ္။ေအစီမီလန္ႏွင့္အင္တာမီလန္တို႔ကအိမ္

ကြင္းအျဖစ္အသုံးျပဳေနတဲ့ ဒီကြင္းရဲ႕ေနရာကို အႀကီးစားျပင္ဆင္မႈျပဳလုပ္တာမ်ိဳးမဟုတ္ဘဲေပါင္၁ဘီ

လီယံတန္ ကြင္းသစ္ႀကီးအျဖစ္ အစားထိုးတည္ေဆာက္ သြားမွာ ျဖစ္တယ္လို႔လည္း La Gazzetta

dello Sport ကေဖာ္ျပလာပါတယ္။၁၉၂၆ခုႏွစ္တုန္းက စတင္ ဖြင့္လွစ္ခဲ့တတဲ့ဒီကြင္းႀကီးဟာ မီလန္

ၿမိဳ႕ေတာ္ေကာင္စီကပိုင္ဆိုင္တဲ့ကြင္းလည္းျဖစ္ပါတယ္။ႀကီးက်ယ္ခမ္းနားတဲ့ အေငြ႕အသက္ေတြရွိေန

တဲ့ ဒီကြင္းရဲ႕အမွတ္တရျဖစ္ရပ္ေတြအတြက္ေတာ့ႏွစ္ေျမာစရာျဖစ္မိေစႏိုင္ေပမယ့္ဆန္စီ႐ိုကြင္းကို

ၿဖိဳခ်မႈကို၂၀၂၄ခုႏွစ္တြင္စတင္လုပ္ေဆာင္သြားမွာျဖစ္ၿပီး ၂၀၂၆-၂၇ရာသီ အမီအၿပီး တည္ေဆာက္

သြားႏိုင္ဖို႔ စီစဥ္ထားတယ္လို႔သိရပါတယ္။တည္ေဆာက္ၿပီးခဲ့ခ်ိန္မွာ ဆန္စီ႐ိုဆိုတဲ့ နာမည္ဟာလည္း

အၿပီးတိုင္ အဆုံးသတ္သြားခဲ့မွာျဖစ္ၿပီးအစားထိုးလာမယ့္ ကြင္းအသစ္ဟာလည္း The Cathedral လို႔

အမည္ေပးထားၿပီးျဖစ္ပါတယ္။ဒီစီမံကိန္းကို ၿပီးခဲ့တဲ့ႏွစ္ကတည္းက ေအစီမီလန္နဲ႔ အင္တာမီလန္

တို႔ဟာ The Cathedral ကြင္းဒီဇိုင္းသစ္ကို ကမာၻသိေၾကညာခဲ့ပါတယ္။ပရိသတ္ (၈)ေသာင္းဆန႔္

ဆန္စီ႐ိုကြင္းကိုၿဖိဳခ်ၿပီး ပရိသတ္ (၆)ေသာင္းဆန႔္ ကြင္းဒီဇိုင္းကိုေျပာင္းလဲတည္ေဆာက္သြားေပမယ့္

အသစ္ေျပာင္းလဲလိုက္မယ့္ ဒီဇိုင္းကေတာ့ မ်က္ေမွာက္ေခတ္ အားကစားကြင္းေတြထဲမွာ ဥေရာပရဲ႕

အႀကီးအက်ယ္ဆုံး ကြင္းဒီဇိုင္းျဖစ္လာဖို႔ရွိေနပါတယ္။ဒီကြင္းၿပီးစီးခဲ့ခ်ိန္မွာ ရရွိလာမယ့္ကြင္းဝင္ေၾကး

ဟာလည္း ယူ႐ိုသန္း၁၂၀(ေပါင္၁၀၅သန္း)အထိရရွိလာႏိုင္တယ္ဆိုၿပီးလည္း ခန႔္မွန္းထားၾကပါတယ္။

အသစ္တည္ေဆာက္လာမယ့္ The Cathedral ကြင္းသစ္ဟာ ေဘာလုံးပြဲေတြက်င္းပဖို႔တစ္ခုထဲမ

ဟုတ္ဘဲအျခားအားကစားပြဲေတြနဲ႔ ရႈိးပြဲေတြကိုလည္း လက္ခံက်င္းပသြားႏိုင္ေအာင္ စီစဥ္ထားပါတယ္။