စံချန်တင်ပြောင်းရွေ့ကြေးနဲ့မှ ပစ်မှတ်ကစားသမားကိုခေါ်ယူနိုင်မည့် လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ ယခုနွေရာသီအတွင်း ဒါဝင် နူးနက်ကို ခေါ်ယူလိုပါက

သူ့တို့ရဲ့ အပြောင်းအရွေ့ စံချိန်ကို ချိုးဖျက်ရဖို့ရှိနေကြောင်း The Athletic

သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ယာဂန်ကလော့က ဥရုဂွေး

တိုက်စစ်မှူးကို အတော်လေး သဘောကျပြီး အသင်းကလည်း

ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွေ့ဖို့ မျှော်လင့်ရတဲ့ ဆာဒီယို မာနေးနေရာ

အစားထိုးဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဘင်ဇီကာ

တောင်းဆိုထားတဲ့ ပြောင်းရွေ့ကြေး ယူရိုသန်း ၁၀၀ ( ပေါင် ၈၅.၂ ) သန်းက

အတားအဆီးတစ်ခုဖြစ်နေပါတယ်။ လီဗာပူးလ်ရဲ့ လက်ရှိ စံချိန်တင်

ပြောင်းရွေ့ကြေးက ပေါင် ( ၇၅ ) သန်းဖြစ်ပြီး ( ၂၀၁၈ ) ဇန်နဝါရီမှာ

ဗာဂျယ် ဗန်ဒိုက်အတွက် ဆောက်သမ်တန်အသင်းကို ပေးချေခဲ့ရတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းက ( ၂၀၂၁/၂၂ ) ရာသီအတွင်း ဘင်ဖီကာအသင်းနဲ့အတူ

( ၄၁ ) ပွဲ ကစားပြီး ( ၃၄ ) ဂိုးသွင်းယူနိုင်ခဲ့တဲ့ နူးနက်ဟာ သူတို့ရဲ့

ကစားဟန်နဲ့ အံဝင်မှုရှိတယ်လို့ ယုံကြည်နေပါတယ်။

လီဗာပူးလ်က နူးနက်အတွက် တရားဝင် ကမ်းလှမ်းမှု မပြုလုပ်ရသေးပဲ

အခြားသော ပစ်မှတ်တွေကိုလည်း စဥ်းစားနေတယ်လို့ သိရပါတယ်။

နူးနက်က မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်ပစ်မှတ်ဖြစ်ပေမယ့်

အိုးထရတ်ဖို့ဒ်ကလပ်က လက်ရှိမှာ ကွင်းလယ်နေရာအတွက်ပဲ

အဓိက ဦးစားပေး ခေါ်ယူဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

လီဗာပူးလ္အသင္းဟာ ယခုေႏြရာသီအတြင္း ဒါဝင္ ႏူးနက္ကို ေခၚယူလိုပါက

သူ႔တို႔ရဲ႕ အေျပာင္းအေ႐ြ႕ စံခ်ိန္ကို ခ်ိဳးဖ်က္ရဖို႔ရွိေနေၾကာင္း The Athletic

သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ ယာဂန္ကေလာ့က ဥ႐ုေဂြး

တိုက္စစ္မႉးကို အေတာ္ေလး သေဘာက်ၿပီး အသင္းကလည္း

ဘိုင္ယန္ျမဴးနစ္အသင္းထံ ေျပာင္းေ႐ြ႕ဖို႔ ေမွ်ာ္လင့္ရတဲ့ ဆာဒီယို မာေနးေနရာ

အစားထိုးဖို႔ ပစ္မွတ္ထားေနတာျဖစ္ပါတယ္။ ဒါေပမယ့္ ဘင္ဇီကာ

ေတာင္းဆိုထားတဲ့ ေျပာင္းေ႐ြ႕ေၾကး ယူ႐ိုသန္း ၁၀၀ ( ေပါင္ ၈၅.၂ ) သန္းက

အတားအဆီးတစ္ခုျဖစ္ေနပါတယ္။ လီဗာပူးလ္ရဲ႕ လက္ရွိ စံခ်ိန္တင္

ေျပာင္းေ႐ြ႕ေၾကးက ေပါင္ ( ၇၅ ) သန္းျဖစ္ၿပီး ( ၂၀၁၈ ) ဇန္နဝါရီမွာ

ဗာဂ်ယ္ ဗန္ဒိုက္အတြက္ ေဆာက္သမ္တန္အသင္းကို ေပးေခ်ခဲ့ရတာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းက ( ၂၀၂၁/၂၂ ) ရာသီအတြင္း ဘင္ဖီကာအသင္းနဲ႔အတူ

( ၄၁ ) ပြဲ ကစားၿပီး ( ၃၄ ) ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ႏူးနက္ဟာ သူတို႔ရဲ႕

ကစားဟန္နဲ႔ အံဝင္မႈရွိတယ္လို႔ ယုံၾကည္ေနပါတယ္။

လီဗာပူးလ္က ႏူးနက္အတြက္ တရားဝင္ ကမ္းလွမ္းမႈ မျပဳလုပ္ရေသးပဲ

အျခားေသာ ပစ္မွတ္ေတြကိုလည္း စဥ္းစားေနတယ္လို႔ သိရပါတယ္။

ႏူးနက္က မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ တိုက္စစ္ပစ္မွတ္ျဖစ္ေပမယ့္

အိုးထရတ္ဖို႔ဒ္ကလပ္က လက္ရွိမွာ ကြင္းလယ္ေနရာအတြက္ပဲ

အဓိက ဦးစားေပး ေခၚယူဖို႔ ႀကိဳးစားေနေၾကာင္း သိရပါတယ္။