စီးရီးအေချန်ပီယံကို ထိပ်ဆုံးနှစ်သင်း ရမှတ်တူနေပါက ပလေးအော့ဖ်ကစားစေကာ ဆုံးဖြတ်သွားတော့မည်

စီးရီးအေဟာအနာဂတ်တွင်ထိပ်ဆုံးနှစ်သင်းရမှတ်တူနေပါကဂိုးကွာခြားချက်၊ထိပ်တိုက်တွေ့ဆုံ

မှုရလဒ်တို့ဖြင့်မဆုံးဖြတ်ဘဲပလေးအော့ဖ်ကစားစေကာဆုံးဖြတ်လာတော့မှာဖြစ်ပါတယ်။အီတ

လီတွင်ဂျူဗင်တပ်ကစီးရီးအေဖလားကို၉နှစ်ဆက်တိုက်လွှမ်းမိုးလာခဲ့ပေမဲ့ပြီးခဲ့တဲ့နှစ်ရာသီမှာ

တော့အင်တာမီလန်နှင့်အေစီမီလန်တို့ကအသီးသီးချန်ပီယံဖြစ်ကာဂျူဗင်တပ်လွှမ်းမိုးလာမှုကို

အဆုံးသတ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ဘောလုံးရာသီရဲ့နောက်ဆုံးပွဲစဉ်တွင်အေစီမီလန်နှင့်အင်တာမီ

လန်တို့အကြားရမှတ်၂မှတ်သာကွာဟနေရာ မည်သည့်အသင်းမဆိုချန်ပီယံဖြစ်နိုင်တဲ့အခြေအ

နေမှာရှိနေခဲ့ပါတယ်။တကယ်လို့များမီလန်ကသရေကျပြီးအင်တာကအနိုင်ရရှိပါကရမှတ်တူ

လာပါမယ်။ဒါပေမဲ့စတီဖင်ပီအိုလီရဲ့အသင်းကဖေဖော်ဝါရီလတုန်းကအင်တာကိုအနိုင်ရယူထား

မှုနဲ့အတူချန်ပီယံဖြစ်လာပါမယ်။ဒါပေမဲ့ယခုအခါမှာတော့အီတလီဘောလုံးအဖွဲ့ချုပ်ဟာလာ

မယ့်၂၀၂၂-၂၃ရာသီမှစတင်ကာထိပ်ဆုံးနှစ်သင်း ရမှတ်တူနေပါက ဂိုးကွာခြားချက်၊ထိပ်တိုက်

တွေ့ဆုံမှုတို့ဖြင့်ဆုံးဖြတ်လာတော့မှာမဟုတ်ဘဲ ချန်ပီယံဆုအတွက် ပလေးအော့ဖ်ပွဲကစားကာ

ဆုံးဖြတ်လာတော့မှာဖြစ်ပါတယ်။အီတလီတွင်ယခင်တုန်းကအမှတ်တူနေပါက၂၀၀၅-၀၆ရာ

သီအထိ ချန်ပီယံ၊ဥရောပဝင်ခွင့်နှင့်တန်းဆင်းအသင်းတို့အားပလေးအော့ဖ်ဖြင့်ဆုံးဖြတ်လေ့ရှိ

ပါတယ်။ဒါပေမဲ့ယင်းနောက်ပိုင်းမှာတော့ထိပ်တိုက်တွေ့ဆုံမှုရလဒ်ဖြင့်ဆုံးဖြတ်ပါတယ်။

စီးရီးေအဟာအနာဂတ္တြင္ထိပ္ဆုံးႏွစ္သင္းရမွတ္တူေနပါကဂိုးကြာျခားခ်က္၊ထိပ္တိုက္ေတြ႕ဆုံ

မႈရလဒ္တို႔ျဖင့္မဆုံးျဖတ္ဘဲပေလးေအာ့ဖ္ကစားေစကာဆုံးျဖတ္လာေတာ့မွာျဖစ္ပါတယ္။အီတ

လီတြင္ဂ်ဴဗင္တပ္ကစီးရီးေအဖလားကို၉ႏွစ္ဆက္တိုက္လႊမ္းမိုးလာခဲ့ေပမဲ့ၿပီးခဲ့တဲ့ႏွစ္ရာသီမွာ

ေတာ့အင္တာမီလန္ႏွင့္ေအစီမီလန္တို႔ကအသီးသီးခ်န္ပီယံျဖစ္ကာဂ်ဴဗင္တပ္လႊမ္းမိုးလာမႈကို

အဆုံးသတ္ခဲ့ပါတယ္။ၿပီးခဲ့တဲ့ေဘာလုံးရာသီရဲ႕ေနာက္ဆုံးပြဲစဥ္တြင္ေအစီမီလန္ႏွင့္အင္တာမီ

လန္တို႔အၾကားရမွတ္၂မွတ္သာကြာဟေနရာ မည္သည့္အသင္းမဆိုခ်န္ပီယံျဖစ္ႏိုင္တဲ့အေျခအ

ေနမွာရွိေနခဲ့ပါတယ္။တကယ္လို႔မ်ားမီလန္ကသေရက်ၿပီးအင္တာကအႏိုင္ရရွိပါကရမွတ္တူ

လာပါမယ္။ဒါေပမဲ့စတီဖင္ပီအိုလီရဲ႕အသင္းကေဖေဖာ္ဝါရီလတုန္းကအင္တာကိုအႏိုင္ရယူထား

မႈနဲ႔အတူခ်န္ပီယံျဖစ္လာပါမယ္။ဒါေပမဲ့ယခုအခါမွာေတာ့အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ဟာလာ

မယ့္၂၀၂၂-၂၃ရာသီမွစတင္ကာထိပ္ဆုံးႏွစ္သင္း ရမွတ္တူေနပါက ဂိုးကြာျခားခ်က္၊ထိပ္တိုက္

ေတြ႕ဆုံမႈတို႔ျဖင့္ဆုံးျဖတ္လာေတာ့မွာမဟုတ္ဘဲ ခ်န္ပီယံဆုအတြက္ ပေလးေအာ့ဖ္ပြဲကစားကာ

ဆုံးျဖတ္လာေတာ့မွာျဖစ္ပါတယ္။အီတလီတြင္ယခင္တုန္းကအမွတ္တူေနပါက၂၀၀၅-၀၆ရာ

သီအထိ ခ်န္ပီယံ၊ဥေရာပဝင္ခြင့္ႏွင့္တန္းဆင္းအသင္းတို႔အားပေလးေအာ့ဖ္ျဖင့္ဆုံးျဖတ္ေလ့ရွိ

ပါတယ္။ဒါေပမဲ့ယင္းေနာက္ပိုင္းမွာေတာ့ထိပ္တိုက္ေတြ႕ဆုံမႈရလဒ္ျဖင့္ဆုံးျဖတ္ပါတယ္။