စီးရီးအေကလပ်တွေရဲ့ ကမ်းလှမ်းမှုမရှိလို့ အင်္ဂလန်နဲ့ စပိန်ဘက် ခြေဦးလှည့်ဖို့ ဆုံးဖြတ်လာတဲ့ ဒိုင်ဘာလာ
အာဂျင်တီးနားအသင်းရဲ့ တိုက်စစ်ကစားသမားဖြစ်သူ ပေါလ်လို ဒိုင်ဘာလာဟာ မန်ချက်စတာ
ယူနိုက်တက်အသင်းက စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်နေချိန် လာမယ့်ရာသီမှာ အင်္ဂ
လန် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ချင်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဒိုင်ဘာလာဟာ ဂျု
ဗင်တပ်အသင်းနဲ့ စာချုက်သက်တမ်းကုန်ဆုံးခဲ့ပြီးတဲ့နောက် လက်ရှိမှာအသင်းလက်မဲ့ဖြစ်နေတာ
ဖြစ်ပြီး၊ သူ့ရဲ့ ဦးစားပေးဆန္ဒဟာ အီတလီမှာ ဆက်ရှိဖို့ဖြစ်ပြီး အင်တာမီလန်အသင်းက ဒိုင်ဘာ
လာကို ခေါ်ယူဖို့ စဉ်းစားခဲ့ကြောင်း သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Sky Sport
Italia ရဲ့ ဖော်ပြချက်အရတော့ စီးရီးအေကလပ်တွေဟာ ဒိုင်ဘာလာကို ကမ်းလှမ်းထားတာမျိုး
မရှိတာကြောင့် ဒိုင်ဘာလာဟာ အင်္ဂလန်နဲ့စပိန်က ကမ်းလှမ်းမှုတွေကို လက်ခံအကဲဖြတ်သွား
ရန် အဆင်သင့်ဖြစ်နေကြောင်း သိရပါတယ်။ ဒိုင်ဘာလာဟာ လာလီဂါထက် ပရီးမီးယားလိဂ်
ကို ပိုမိုနှစ်သက်နေပြီး၊ ယူနိုက်တက်အသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ ကစားသမားဖြစ်သူ
ရဲ့ အေးဂျင့်နဲ့ ဆက်သွယ်ထားတယ်လို့ ယုံကြည်ရပါတယ်။ မန်ယူအသင်းဟာ မကြာခင်မှာ အ
ဓိကတိုက်စစ်မှူးဖြစ်သူရိုနယ်ဒိုကို ဆုံးရှုံးရဖွယ်ရှိနေတာကြောင့် ဒိုင်ဘာလာရဲ့ အပြောင်းအရွှေ့
ကိစ္စကို အရှိန်မြှင့်တင်လုပ်ဆောင်လာနိုင်ချေရှိနေပါတယ်။ အက်ဒီဆန် ကာဗာနီဟာ အသင်းက
နေ ထွက်သွားပြီဖြစ်သလို၊ မေဆန် ဂရင်းဝုဒ်ကလည်း ပြစ်ဒဏ်ကျခံနေရသေးတာကြောင့် အ
ကယ်၍ ရိုနယ်ဒိုပါ ထွက်သွားမယ်ဆိုရင် တန်ဟန့်အနေနဲ့ တိုက်စစ်မှူးအသစ်နှစ်ဦးတော့အနည်း
ဆုံး ခေါ်ယူသွားရမာဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ဒိုင်ဘာလာဟာ မန်ယူအသင်းရဲ့ လိုအပ်
ချက်ကို သေချာပေါက်ဖြည့်ဆည်းပေးနိုင်မယ့် ဖြေရှင်းချက် ဖြစ်လာမာသေချာပါတယ်။ ဒါပေ
မယ့်လည်း ဒိုင်ဘာလာရဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၂၈၀,၀၀၀ ရှိနေတာကြောင့် အနည်းငယ်
စဉ်းစားစရာတော့ ဖြစ်ပါတယ်။ ဒိုင်ဘာလာဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဒဏ်ရာပြဿနာတွေ ရှိ
ခဲ့ပေမယ့် ဂျုဗင်တပ်အသင်းအတွက် စီးရီးအေ ၂၉ ပွဲကစားပေးခဲ့ပြီး ၁၀ ဂိုးသွင်းယူကာ ၅ ကြိမ်
ဖန်တီးခဲ့ပါတယ်။
ဖန်တီးခဲ့ပါတယ်။