စီရော်နယ်လ်ဒိုနဲ့ မက်ဆီက ဆာလာလောက် မကောင်းဘူးလို့ ပြောလာတဲ့ လီဗာပူးလ်စတား

လီဗာပူးလ်အသင်းတိုက်စစ်မှူးဟောင်း ဒင်းဆောင်းဒါးစ်က စီရော်နယ်လ်ဒိုနဲ့မက်ဆီတို့ဟာ

လီဗာပူးလ်အသင်းအတွက်တောက်လျှောက်ခြေစွမ်းပြနေတဲ့ ဆာလာလောက်

ကောင်းတဲ့ကစားသမားတွေမဟုတ်ဘဲ ဆာလာက လက်ရှိဘောလုံးလောကရဲ့

အကောင်းဆုံးတိုက်စစ်မှူးတစ်ယောက်ဖြစ်တယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူ အီဂျစ်လက်ရွေးစင်ကစားသမားဆာလာဟာ ဒီရာသီမှာ

လီဗာပူးလ်အသင်းအတွက် (၈)ဂိုးသွင်းယူထားပြီး ဘရန့်ဖို့ဒ်နဲ့(၃)ဂိုးစီသရေကျခဲ့တဲ့

ပရီးမီးယားလိဂ်ပွဲတုန်းက လီဗာပူးလ်ကစားသမားဘဝတစ်လျှောက် ပရီးမီးယားလိဂ်ဂိုး

(၁၀၀)ပြည့်သွင်းယူခဲ့သလို လီဗာပူးလ်ကစားသမားတွေထဲမှာ ပွဲအနည်းဆုံးနဲ့

ပရီးမီးယားလိဂ်ဂိုးရာပြည့်သွင်းယူခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းကို တစ်ကျော့ပြန်ရောက်ရှိလာတဲ့ စီရော်နယ်လ်ဒိုဟာ

အခုလောလောဆယ် အသင်းအတွက်(၅)ပွဲကစား၊ (၅)ဂိုးသွင်းထားပြီး မက်ဆီကတော့

ပြီးခဲ့တဲ့မန်စီးတီးနဲ့ပွဲမှာ PSG ကစားသမားဘဝ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဆောင်းဒါးစ်က “အခုအချိန်မှာ ဆာလာထက် ပိုကောင်းတဲ့တိုက်စစ်ကစားသမား

ဘယ်သူရှိပါသလဲ။ ညာတောင်ပံတိုက်စစ်နေရာမှာကစားပြီး (၈)ပွဲကစား၊ (၈)ဂိုး

သွင်းထားသလို ဆာလာက တိုက်စစ်မှူးအဖြစ်ကစားနေရတာမဟုတ်ပါဘူး။

သူဟာ ရပ်တန့်လို့မရနိုင်တဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

မက်ဆီ၊ စီရော်နယ်လ်ဒိုတို့လည်း အကောင်းဆုံးကစားနေပေမယ့် အခုအချိန်မှာတော့

သူတို့ဟာ ဆာလာလောက်ကောင်းတဲ့ကစားသမားတွေ မဟုတ်တော့ပါဘူး”လို့ပြောကြားခဲ့ပါတယ်။

zawgyi

စီေရာ္နယ္လ္ဒိုနဲ႔ မက္ဆီက ဆာလာေလာက္ မေကာင္းဘူးတဲ့လား?

လီဗာပူးလ္အသင္းတိုက္စစ္မႉးေဟာင္း ဒင္းေဆာင္းဒါးစ္က စီေရာ္နယ္လ္ဒိုနဲ႔မက္ဆီတို႔ဟာ

လီဗာပူးလ္အသင္းအတြက္ေတာက္ေလွ်ာက္ေျခစြမ္းျပေနတဲ့ ဆာလာေလာက္

ေကာင္းတဲ့ကစားသမားေတြမဟုတ္ဘဲ ဆာလာက လက္ရွိေဘာလုံးေလာကရဲ႕

အေကာင္းဆုံးတိုက္စစ္မႉးတစ္ေယာက္ျဖစ္တယ္လို႔ သုံးသပ္ေျပာဆိုခဲ့ပါတယ္။

အသက္(၂၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အီဂ်စ္လက္ေ႐ြးစင္ကစားသမားဆာလာဟာ ဒီရာသီမွာ

လီဗာပူးလ္အသင္းအတြက္ (၈)ဂိုးသြင္းယူထားၿပီး ဘရန႔္ဖို႔ဒ္နဲ႔(၃)ဂိုးစီသေရက်ခဲ့တဲ့

ပရီးမီးယားလိဂ္ပြဲတုန္းက လီဗာပူးလ္ကစားသမားဘဝတစ္ေလွ်ာက္ ပရီးမီးယားလိဂ္ဂိုး

(၁၀၀)ျပည့္သြင္းယူခဲ့သလို လီဗာပူးလ္ကစားသမားေတြထဲမွာ ပြဲအနည္းဆုံးနဲ႔

ပရီးမီးယားလိဂ္ဂိုးရာျပည့္သြင္းယူခဲ့သူအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ယူႏိုက္တက္အသင္းကို တစ္ေက်ာ့ျပန္ေရာက္ရွိလာတဲ့ စီေရာ္နယ္လ္ဒိုဟာ

အခုေလာေလာဆယ္ အသင္းအတြက္(၅)ပြဲကစား၊ (၅)ဂိုးသြင္းထားၿပီး မက္ဆီကေတာ့

ၿပီးခဲ့တဲ့မန္စီးတီးနဲ႔ပြဲမွာ PSG ကစားသမားဘဝ ပထမဆုံးဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ေဆာင္းဒါးစ္က “အခုအခ်ိန္မွာ ဆာလာထက္ ပိုေကာင္းတဲ့တိုက္စစ္ကစားသမား

ဘယ္သူရွိပါသလဲ။ ညာေတာင္ပံတိုက္စစ္ေနရာမွာကစားၿပီး (၈)ပြဲကစား၊ (၈)ဂိုး

သြင္းထားသလို ဆာလာက တိုက္စစ္မႉးအျဖစ္ကစားေနရတာမဟုတ္ပါဘူး။

သူဟာ ရပ္တန႔္လို႔မရႏိုင္တဲ့ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။

မက္ဆီ၊ စီေရာ္နယ္လ္ဒိုတို႔လည္း အေကာင္းဆုံးကစားေနေပမယ့္ အခုအခ်ိန္မွာေတာ့

သူတို႔ဟာ ဆာလာေလာက္ေကာင္းတဲ့ကစားသမားေတြ မဟုတ္ေတာ့ပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။mdiarymm

mdiarymm

munitedfannewss