စိုးရိမ်နေကြတဲ့ ပရိသတ်တွေကို ပွဲပြန်ထွက်ခွင့်ရတဲ့ ညမှာပဲ Clean Sheet ရယူပြပေးနိုင်ခဲ့တဲ့ ယူနိုက်တက်ကကျောက်ဆောင်ကြီး

မနေ့က ပွဲမှာ နည်းပြတန်ဟတ်က ခံစစ်ပိုင်းမှာ ဒါးလော့၊ လုခ်ရှော၊မက်ဂွိုင်းယား ၊ မာတီနက်ဇ်တို့ကို

သုံးခဲ့ပါတယ်။ အသင်းခေါင်းဆောင်လက်ပတ် ကို ပြန်လည် ရရှိ ခဲ့ပြီး ပွဲကစားခွင့် ရခဲ့တဲ့ မက်ဂွိုင်းယား

ဟာမနေ့ညက ပွဲမှာ ပုံစံကောင်း ပြသနိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲမှာပွဲထွက်ခွင့်ရခဲ့ပြီး ၁-၀ နဲ့ အနိုင်ရ

ခဲ့တဲ့နောက် မက်ဂွိုင်းယားဟာ ဒီရာသီမှာသူ ပွဲထွက်ခွင့်ရတဲ့ပွဲတွေထဲမှာ ပေးဂိုးမရှိတဲ့ပွဲကို ပထမဆုံး

အကြိမ်ရရှိသွားခဲ့ပါတယ်။ ယူနိုက်တက်အတွက် ရှေ့မှာ ပွဲထွက်ကစားပေးခဲ့တဲ့ပွဲတွေတိုင်း ဂိုးပေးခဲ့ရသ

လို ရှုံးပွဲပါ ရင်ဆိုင်ခဲ့ရတဲ့ မက်ဂွိုင်းယားကသူ ပွဲထွက်ချိန်မှာ ပထမဆုံးနိုင်ပွဲကိုလည်း ရရှိလိုက်တာဖြစ်

ပါတယ်။“ရလဒ် အတွက်ရော အသင်းရဲ့ ကစားပုံ အတွက်ရော ဟယ်ရီ မက်ဂွိုင်းယားအတွက်ပါ ကျွန်

တော် ပျော်ရွှင် ခဲ့ရ ပါတယ်။ သူဟာ ဧရိယာထဲမှာကာကွယ်မှု ပေးစွမ်း နိုင်တဲ့သူပါ ။ သူ မကစားရတာ

ကြာမှ အခုလိုပြန်ကစားခွင့် ရခဲ့ပြီး ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့တာ တကယ်ဝမ်းသာစရာပါပဲ” လို့

နည်းပြ တန်ဟတ် က မက်ဂွိုင်းယားကိုချီးကျုး ပြောဆို သွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့် ကြ

ာသပတေးနေ့မှာယူရိုပါလိဂ် အုပ်စု နောက်ဆုံးပွဲ အဖြစ် ရီးရဲလ်ဆိုဆီဒက် အသင်းကိုစပိန်မြေပေါ် သွား

ရောက် ကစားရမှာ ဖြစ်ပြီး လာမယ့် တနင်္ဂနွေမှာတော့အက်စတွန် ဗီလာ အသင်း နဲ့ အဝေးကွင်း ပွဲစဉ်

ကို ဆက်လက် ကစားရမှာ ဖြစ်ပါတယ်။

မေန႔က ပြဲမွာ နည္းျပတန္ဟတ္က ခံစစ္ပိုင္းမွာ ဒါးေလာ့၊ လုခ္ေရွာ၊မက္ဂြိဳင္းယား ၊ မာတီနက္ဇ္တို႔ကို

သုံးခဲ့ပါတယ္။ အသင္းေခါင္းေဆာင္လက္ပတ္ ကို ျပန္လည္ ရရွိ ခဲ့ၿပီး ပြဲကစားခြင့္ ရခဲ့တဲ့ မက္ဂြိဳင္းယား

ဟာမေန႔ညက ပြဲမွာ ပုံစံေကာင္း ျပသႏိုင္ခဲ့ပါတယ္။ ဝက္စ္ဟမ္းနဲ႔ပြဲမွာပြဲထြက္ခြင့္ရခဲ့ၿပီး ၁-၀ နဲ႔ အႏိုင္ရ

ခဲ့တဲ့ေနာက္ မက္ဂြိဳင္းယားဟာ ဒီရာသီမွာသူ ပြဲထြက္ခြင့္ရတဲ့ပြဲေတြထဲမွာ ေပးဂိုးမရွိတဲ့ပြဲကို ပထမဆုံး

အႀကိမ္ရရွိသြားခဲ့ပါတယ္။ ယူႏိုက္တက္အတြက္ ေရွ႕မွာ ပြဲထြက္ကစားေပးခဲ့တဲ့ပြဲေတြတိုင္း ဂိုးေပးခဲ့ရသ

လို ရႈံးပြဲပါ ရင္ဆိုင္ခဲ့ရတဲ့ မက္ဂြိဳင္းယားကသူ ပြဲထြက္ခ်ိန္မွာ ပထမဆုံးႏိုင္ပြဲကိုလည္း ရရွိလိုက္တာျဖစ္

ပါတယ္။“ရလဒ္ အတြက္ေရာ အသင္းရဲ႕ ကစားပုံ အတြက္ေရာ ဟယ္ရီ မက္ဂြိဳင္းယားအတြက္ပါ ကြၽန္

ေတာ္ ေပ်ာ္႐ႊင္ ခဲ့ရ ပါတယ္။ သူဟာ ဧရိယာထဲမွာကာကြယ္မႈ ေပးစြမ္း ႏိုင္တဲ့သူပါ ။ သူ မကစားရတာ

ၾကာမွ အခုလိုျပန္ကစားခြင့္ ရခဲ့ၿပီး ဂိုးမေပးရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တာ တကယ္ဝမ္းသာစရာပါပဲ” လို႔

နည္းျပ တန္ဟတ္ က မက္ဂြိဳင္းယားကိုခ်ီးက်ဳး ေျပာဆို သြားခဲ့ပါတယ္။ ယူႏိုက္တက္ဟာ လာမယ့္ ၾက

ာသပေတးေန႔မွာယူ႐ိုပါလိဂ္ အုပ္စု ေနာက္ဆုံးပြဲ အျဖစ္ ရီးရဲလ္ဆိုဆီဒက္ အသင္းကိုစပိန္ေျမေပၚ သြား

ေရာက္ ကစားရမွာ ျဖစ္ၿပီး လာမယ့္ တနဂၤေႏြမွာေတာ့အက္စတြန္ ဗီလာ အသင္း နဲ႔ အေဝးကြင္း ပြဲစဥ္

ကို ဆက္လက္ ကစားရမွာ ျဖစ္ပါတယ္။