စိတ်အေးလက်အေးရှိနေချိန် ဂျူဗီဖိအားလာပေးနေလို့ ကြယ်ပွင့်သစ်လေးနဲ့ စာချုပ်ကိစ္စဆွေးနွေးလာရတဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမားဖြစ်သူ အလက်ဂျန်ဒရို

ဂါနာချိုကို စာချုပ်သစ်ချုပ်ဆိုဖို့ကိစ္စကို အလျင်စလိုဆောင်ရွက်ခြင်းရှိမနေသေးပေမယ့်၊ စီးရီးအေကလပ်

ဂျုဗင်တပ်အသင်းဟာ ဂါနာချိုကို စိတ်ဝင်စားလာတာကြောင့် ကစားသမားဖြစ်သူနဲ့ ဆွေးနွေးလျက်ရှိနေ

တယ်လို့ သိရပါတယ်။အာဂျင်တီးနားသားလေးဟာ ပြီးခဲ့တဲ့ရာသီတုန်းက သူ့ရဲ့ စီနီယာပွဲဦးထွက်ကို နည်း

ပြ ရာ့ဖ်ရန်းဂ်နစ်ရဲ့ လက်အောက်မှာ စတင်ခဲ့ပြီး၊ ချယ်လ်ဆီးနဲ့ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ပွဲစဉ်တွေမှာ အရန်

ခုံတန်းကနေ ဝင်ရောက်ကစားခွင့်ရခဲ့ပါတယ်။ နည်းပြသစ် အဲရစ် တန်ဟန့်ဟာလည်း အသက် ၁၈ နှစ်

သားလေးရဲ့ ခြေစွမ်းကို ရာသီကြိုမှာတုန်းက မြင်ခဲ့ရတာကြောင့်အငှားနဲ့ ထွက်ခွာခွင့်မပြုခဲ့ပဲ၊ အသင်းမှာ

ပဲ ဆက်ထားခဲ့ကာ ပြီးခဲ့တဲ့ ရှရစ်ဖ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ ပွဲထွက်ခွင့်ပေး

ခဲ့ပါတယ်။ ဂါနာချိုဟာ မန်ယူအသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားတာကြောင့်၊ စာချုပ်သစ်

ကိစ္စနဲ့ ပတ်သက်ပြီးတော့ အရေးတကြီးစိတ်ပူစရာမလိုအပ်တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျုဗင်

တပ်အသင်းကသူတို့ရဲ့ လူငယ်ကြယ်ပွင့်ကို မျက်စောင်းထိုးလာတာကြောင့်၊ မန်ယူအသင်းဟာ လူငယ်

ကစားသမားဖြစ်သူကြုံနေရတဲ့ အခြေအနေကို သတိထားလျက်ရှိနေပါတယ်။ Manchester Evening

News ရဲ့ ဖော်ပြချက်အရတော့ ယူနိုက်တက်အသင်းဟာ ဂါနာချိုရဲ့ အနာဂါတ်နဲ့ ပတ်သက်ပြီး အေး

အေးဆေးဆေးဖြစ်နေတယ်လို့လည်း သိရပါတယ်။ဂါနာချိုဟာ ရှရစ်ဖ်အသင်းနဲ့ပွဲစဉ်မှာ မန်ယူအသင်း

ရဲ့ ဂန္တဝင်ကစားသမားဟောင်း ပေါလ်စခိုးလ်ကို အထင်ကြီးစေခဲ့ပြီး၊ ရော်နယ်ဒိုအငယ်ဘဝတုန်းက အ

တူ ကစားခဲ့ဖူးတဲ့ ပေါလ်စခိုးလ်က ဂါနာချိုဟာ ရော်နယ်ဒိုရဲ့ ဆင်တူမှုတွေရှိကြောင်းနဲ့ မန်ယူအသင်း

အတွက် အနာဂါတ်မှာ တောက်ပလာမယ့် ကစားသမားတစ်ဦးဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အသင္းရဲ႕ လူငယ္ၾကယ္ပြင့္ကစားသမားျဖစ္သူ အလက္ဂ်န္ဒ႐ို

ဂါနာခ်ိဳကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ကိစၥကို အလ်င္စလိုေဆာင္႐ြက္ျခင္းရွိမေနေသးေပမယ့္၊ စီးရီးေအကလပ္

ဂ်ဳဗင္တပ္အသင္းဟာ ဂါနာခ်ိဳကို စိတ္ဝင္စားလာတာေၾကာင့္ ကစားသမားျဖစ္သူနဲ႔ ေဆြးေႏြးလ်က္ရွိေန

တယ္လို႔ သိရပါတယ္။အာဂ်င္တီးနားသားေလးဟာ ၿပီးခဲ့တဲ့ရာသီတုန္းက သူ႔ရဲ႕ စီနီယာပြဲဦးထြက္ကို နည္း

ျပ ရာ့ဖ္ရန္းဂ္နစ္ရဲ႕ လက္ေအာက္မွာ စတင္ခဲ့ၿပီး၊ ခ်ယ္လ္ဆီးနဲ႔ ခရစၥတယ္ပဲေလ့စ္တို႔နဲ႔ပြဲစဥ္ေတြမွာ အရန္

ခုံတန္းကေန ဝင္ေရာက္ကစားခြင့္ရခဲ့ပါတယ္။ နည္းျပသစ္ အဲရစ္ တန္ဟန႔္ဟာလည္း အသက္ ၁၈ ႏွစ္

သားေလးရဲ႕ ေျခစြမ္းကို ရာသီႀကိဳမွာတုန္းက ျမင္ခဲ့ရတာေၾကာင့္အငွားနဲ႔ ထြက္ခြာခြင့္မျပဳခဲ့ပဲ၊ အသင္းမွာ

ပဲ ဆက္ထားခဲ့ကာ ၿပီးခဲ့တဲ့ ရွရစ္ဖ္အသင္းကို ၃ ဂိုး- ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲမွာ ပြဲထြက္ခြင့္ေပး

ခဲ့ပါတယ္။ ဂါနာခ်ိဳဟာ မန္ယူအသင္းနဲ႔ ၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္ ခ်ဳပ္ဆိုထားတာေၾကာင့္၊ စာခ်ဳပ္သစ္

ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ အေရးတႀကီးစိတ္ပူစရာမလိုအပ္တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဂ်ဳဗင္

တပ္အသင္းကသူတို႔ရဲ႕ လူငယ္ၾကယ္ပြင့္ကို မ်က္ေစာင္းထိုးလာတာေၾကာင့္၊ မန္ယူအသင္းဟာ လူငယ္

ကစားသမားျဖစ္သူႀကဳံေနရတဲ့ အေျခအေနကို သတိထားလ်က္ရွိေနပါတယ္။ Manchester Evening

News ရဲ႕ ေဖာ္ျပခ်က္အရေတာ့ ယူႏိုက္တက္အသင္းဟာ ဂါနာခ်ိဳရဲ႕ အနာဂါတ္နဲ႔ ပတ္သက္ၿပီး ေအး

ေအးေဆးေဆးျဖစ္ေနတယ္လို႔လည္း သိရပါတယ္။ဂါနာခ်ိဳဟာ ရွရစ္ဖ္အသင္းနဲ႔ပြဲစဥ္မွာ မန္ယူအသင္း

ရဲ႕ ဂႏၲဝင္ကစားသမားေဟာင္း ေပါလ္စခိုးလ္ကို အထင္ႀကီးေစခဲ့ၿပီး၊ ေရာ္နယ္ဒိုအငယ္ဘဝတုန္းက အ

တူ ကစားခဲ့ဖူးတဲ့ ေပါလ္စခိုးလ္က ဂါနာခ်ိဳဟာ ေရာ္နယ္ဒိုရဲ႕ ဆင္တူမႈေတြရွိေၾကာင္းနဲ႔ မန္ယူအသင္း

အတြက္ အနာဂါတ္မွာ ေတာက္ပလာမယ့္ ကစားသမားတစ္ဦးျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။