စိတ်ပျက်ဖွယ်ခြေစွမ်းနှင့်ရလဒ်တွေကြောင့် ပရိသတ်များကရာထူးကထုတ်ပယ်ဖို့အထိစဉ်းလားလာကြတဲ့ အင်္ဂလန်နည်းပြ
အီတလီနှင့်ယူအီးအက်ဖ်အေနေရှင်းလိဂ်ပွဲစဉ်တွင်စိတ်ပျက်ဖွယ်ခြေစွမ်းနှင့်ရလဒ်ရရှိခဲ့ပြီး
နောက်အင်္ဂလန်ပရိသတ်များဟာဂါရတ်ဆောက်ဂိတ်ကိုရာထူးမှထုတ်ပယ်လိုနေကြပါတယ်။
အင်္ဂလန်ဟာအီတလီအသင်းခံစစ်ကိုကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိဘဲဂိုးမရှိသရေရလဒ်သာရယူနိုင်
ခဲ့ပါတယ်llအီတလီနှင့်သရေကျမှုနဲ့အတူဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းဟာယူအီးအက်ဖ်အေ
နေးရှင်းတွင်နိုင်ပွဲတစ်ပွဲမျှရရှိထားခြင်းမရှိသေးဘဲသုံးပွဲတွင်နှစ်မှတ်သာရရှိကာအုပ်စုအောက်
တွင်ရပ်တည်နေရပြီးတန်းဆင်းရမယ့်အခြေအနေမှာရှိနေပါတယ်။အထူးသဖြင့်အင်္ဂလန်ပရိ
သတ်များဟာအင်္ဂလန်အသင်းရဲ့ခြေစွမ်းအပေါ်တွင်အကြီးအကျယ်စိတ်ပျက်ကာဆောက်ဂိတ်
ကိုထုတ်ပယ်ရန်တိုက်တွန်းလာကြပါတယ်။Sportbible ရဲ့စစ်တမ်းကောက်ယူမှုတစ်ခုအရ
အင်္ဂလန်ပရိသတ်များက ဘရိုက်တန်နည်းပြဂရေဟမ်ပေါ်တာကိုဆောက်ဂိတ်နေရာတွင်အ
စားထိုးခန့်အပ်သင့်သူအဖြစ်၃၉.၂ရာခိုင်နှုန်းဖြင့်မဲပေးခဲ့ကြပါတယ်။ချဲလ်ဆီးနည်းပြဟောင်း
ဟိုဆေးမော်ရင်ဟိုမှာ၂၉.၇မဲရာခိုင်နှုန်းရရှိပြီးဒုတိယအရွေးချယ်သင့်ဆုံးနည်းပြနေရာမှာရပ်
တည်ကာ ပီအက်စ်ဂျီမှထုတ်ပယ်ခြင်းခံရတော့မယ့်ပိုချက်တီနိုမှာလည်းမဲ၁၈.၁ရာခိုင်နှုန်း
ဖြင့်တတိယနေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။ပေါ်တာဟာ၂၀၁၉ခုနှစ်တွင်ဘရိုက်တန်သို့
ရောက်လာပြီးနောက်ပြီးခဲ့တဲ့ရာသီတုန်းကပရီးမီးယားလိဂ်တွင်အဆင့်၉နေရာမှာရပ်တည်
နိုင်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။၎င်းတို့ဟာယူနိုက်တက်ကို၄-၀ဂိုးဖြင့်လည်းအနိုင်ရရှိ
ခဲ့ပါတယ်။အသက်၄၇နှစ်ရှိပေါ်တာဟာအာဆင်နယ်၊စပါးစ်နည်းပြရာထူးအတွက်လည်း
ရေပန်းစားခဲ့ဖူးသူဖြစ်ပါတယ်။