စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ပွဲတိုင်းကိုရင်ဆိုင်ကစားဖို့ အသင့်ရှိနေပြီလို့ ကြွေးကြော်လိုက်တဲ့ ယူနိုက်တက်နောက်ခံလူ
မန်ချက်စတာယူနိုက်တက်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်က သူတို့အသင်းဟာ ရာသီအစပိုင်း
မှာ ရုန်းကန်ခဲ့ရပေမယ့် အခုအချိန်မှာတော့ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ပွဲတိုင်းကို ရင်ဆိုင်ကစားဖို့
အသင့်ရှိနေပြီလို့ ကြွေးကြော်လိုက်ပါတယ်။ယူနိုက်တက်အသင်းဟာ ရာသီအဖွင့်ပွဲတွေဖြစ်တဲ့ ဘ
ရိုက်တန်၊ ဘရန့်ဖို့ဒ်တို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့ပေမယ့် လီဗာပူးလ်ကို အနိုင်ရတဲ့ပွဲနောက်ပိုင်း ရလဒ်
ကောင်းတွေ ပိုင်ဆိုင်ခဲ့ပြီး ပရီးမီးယားလိဂ်(၄)ပွဲဆက်အနိုင်ယူခဲ့ပါတယ်။ အဲဒီပွဲတွေမှာ လီဆန်ဒရို
မာတီနက်ဇ်ကလည်း ဗာရန်းနဲ့တွဲဖက်ပြီးတော့ ခြေစွမ်းပြကစားနိုင်ခဲ့သလို သြဂုတ်လအတွက် ယူ
နိုက်တက်အသင်းရဲ့ တစ်လတာအကောင်းဆုံးဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။လီဆန်ဒရိုမာတီနက်ဇ်
က “ရာသီအစပိုင်းမှာ ကျွန်တော်တို့ ပုံစံကောင်းမရခဲ့ပါဘူး။ ရလဒ်တွေက ကျွန်တော်တို့ လိုချင်သ
လိုမဖြစ်ခဲ့ပေမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲနောက်ပိုင်းမှာတော့ ကစားသမားတွေ အားလုံး စိတ်ဓာတ်ခံယူချက်
ပိုင်းမှာ အပြောင်းအလဲဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့်ပဲ လီဗာပူးလ်နဲ့ပွဲမှာ အကောင်းဆုံးပုံစံပြသနိုင်ခဲ့
သလို အဲဒီပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာ အားလုံးလည်းမြင်တွေ့ရမှာပါ။ ကျွန်တော်
တို့ကတော့ ပွဲတိုင်းကို တိုက်ပွဲဝင်စိတ်အပြည့်နဲ့ကစားဖို့ အသင့်ဖြစ်နေပါပြီ”လို့ပြောကြားခဲ့ပါတယ်။