စာချုပ်သစ်ကမ်းလှမ်းမှုကိုပယ်ချကာဆီမြွန်နီအင်ဇာဂီရဲ့အင်တာမီလန်သို့ပြောင်းရွှေ့လိုက်တဲ့ ရိုးမားစတား

ယူနိုက်တက်နှင့်အာဆင်နယ်စတားဟောင်းဟင်းနရစ်အမ်ခီတာရန်ဟာအင်တာမီလန်သို့

ပြောင်းရွှေ့လိုက်ပြီဖြစ်ပါတယ်။အာမေးနီးယားစတားဟာရိုးမားအသင်းရဲ့စာချုပ်သစ်ကမ်း

လှမ်းမှုကိုပယ်ချကာဆီမြွန်နီအင်ဇာဂီရဲ့အင်တာမီလန်သို့ပြောင်းရွှေ့လိုက်တာလည်းဖြစ်ပါ

တယ်။အမ်ခီတာရန်ဟာပြီးခဲ့တဲ့သုံးရာသီအတွင်းတွင်ရိုးမားရဲ့အဓိကကစားသမားအဖြစ်က

စားလာသူဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့ရာသီတုန်းကမော်ရင်ဟိုရဲ့ရိုးမားအတွက်ပြိုင်ပွဲအရပ်

ရပ်တွင်၄၄ပွဲကစားရာမှာ၅ဂိုးသွင်းပြီး၉ကြိမ်ဖန်တီးကာယူရိုပါကွန်ဖရင့်လိဂ်ဆွတ်ခူးနိုင်အောင်

ကူညီခဲ့ပါတယ်။အသက်၃၃နှစ်ရှိအမ်ခီတာရန်ဟာဒေါ့မွန်တွင်ကစားစဉ်တုန်းက၂၀၁၅-၁၆ရာ

သီတွင်ဘွန်ဒက်စ်လီဂါရဲ့ဖန်တီးမှုဘုရင်ဖြစ်လာပြီးနောက် နာမည်ကျော်ကြားလာခဲ့သူဖြစ်ပါ

တယ်။သူဟာယူနိုက်တက်သို့ပေါင်သန်း၃၀ဖြင့်ပြောင်းပြီးနောက်၆၃ပွဲတည်းသာကစားခဲ့ရကာ

 

အာဆင်နယ်သို့ဆန်းချက်ဇ်အပြောင်းအရွှေ့အလိုက်အဖြစ် ပြောင်းခဲ့ရပါတယ်။ သူဟာအာ

ဆင်နယ်အတွက်၅၉ပွဲသာကစားခဲ့ရပြီးရိုးမားသို့ပြောင်းခဲ့ရပါတယ်။အင်တာမီလန်ဟာအမ်ခီ

တာရန်အားမခေါ်ယူမီချဲလ်ဆီးတိုက်စစ်မှူးလူကာကူ၊အေဂျက်စ်ဂိုးသမားအင်ဒရေအိုနာနာ

တို့ကိုလည်းခေါ်ယူထားပါတယ်။၎င်းတို့ဟာဂျူဗင်တပ်မှထွက်ခွာလာတဲ့ဒိုင်ဘာလာကိုလည်း

ခေါ်ယူရန်ကြိုးပမ်းနေပါတယ်။

 

ယူႏိုက္တက္ႏွင့္အာဆင္နယ္စတားေဟာင္းဟင္းနရစ္အမ္ခီတာရန္ဟာအင္တာမီလန္သို႔

ေျပာင္းေ႐ႊ႕လိုက္ၿပီျဖစ္ပါတယ္။အာေမးနီးယားစတားဟာ႐ိုးမားအသင္းရဲ႕စာခ်ဳပ္သစ္ကမ္း

လွမ္းမႈကိုပယ္ခ်ကာဆီႁမြန္နီအင္ဇာဂီရဲ႕အင္တာမီလန္သို႔ေျပာင္းေ႐ႊ႕လိုက္တာလည္းျဖစ္ပါ

တယ္။အမ္ခီတာရန္ဟာၿပီးခဲ့တဲ့သုံးရာသီအတြင္းတြင္႐ိုးမားရဲ႕အဓိကကစားသမားအျဖစ္က

စားလာသူျဖစ္ပါတယ္။သူဟာၿပီးခဲ့တဲ့ရာသီတုန္းကေမာ္ရင္ဟိုရဲ႕႐ိုးမားအတြက္ၿပိဳင္ပြဲအရပ္

 

ရပ္တြင္၄၄ပြဲကစားရာမွာ၅ဂိုးသြင္းၿပီး၉ႀကိမ္ဖန္တီးကာယူ႐ိုပါကြန္ဖရင့္လိဂ္ဆြတ္ခူးႏိုင္ေအာင္

ကူညီခဲ့ပါတယ္။အသက္၃၃ႏွစ္ရွိအမ္ခီတာရန္ဟာေဒါ့မြန္တြင္ကစားစဥ္တုန္းက၂၀၁၅-၁၆ရာ

သီတြင္ဘြန္ဒက္စ္လီဂါရဲ႕ဖန္တီးမႈဘုရင္ျဖစ္လာၿပီးေနာက္ နာမည္ေက်ာ္ၾကားလာခဲ့သူျဖစ္ပါ

တယ္။သူဟာယူႏိုက္တက္သို႔ေပါင္သန္း၃၀ျဖင့္ေျပာင္းၿပီးေနာက္၆၃ပြဲတည္းသာကစားခဲ့ရကာ

အာဆင္နယ္သို႔ဆန္းခ်က္ဇ္အေျပာင္းအေ႐ႊ႕အလိုက္အျဖစ္ ေျပာင္းခဲ့ရပါတယ္။ သူဟာအာ

 

ဆင္နယ္အတြက္၅၉ပြဲသာကစားခဲ့ရၿပီး႐ိုးမားသို႔ေျပာင္းခဲ့ရပါတယ္။အင္တာမီလန္ဟာအမ္ခီ

တာရန္အားမေခၚယူမီခ်ဲလ္ဆီးတိုက္စစ္မႉးလူကာကူ၊ေအဂ်က္စ္ဂိုးသမားအင္ဒေရအိုနာနာ

တို႔ကိုလည္းေခၚယူထားပါတယ္။၎တို႔ဟာဂ်ဴဗင္တပ္မွထြက္ခြာလာတဲ့ဒိုင္ဘာလာကိုလည္း

ေခၚယူရန္ႀကိဳးပမ္းေနပါတယ္။