စာချုပ်သက်တမ်းတစ်နှစ်ကျော်ကျန်လာချိန်မှာ အာဆင်နယ်နှင့်ပတ်သက်ပြီးစကားသံထွက်လာတဲ့ ဆာကာ
ဘူကာယိုဆာကာကအာဆင်နယ်နှင့်စာချုပ်သစ်ချုပ်ဆိုရန်အသင့်ရှိနေကြောင်းအရိပ်အမြွက်ပြော
ာကြားလာပါတယ်။အသက်၂၀နှစ်ရှိအင်္ဂလန်စတားဟာအာဆင်နယ်နှင့်စာချုပ်တစ်နှစ်ကျော်သာ
ကျန်တော့သူဖြစ်ပါတယ်။သူဟာအာဆင်နယ်ရဲ့အရေးအပါအဆုံးကစားသမားများထဲမှတစ်ဦးဖြစ်
ပေမဲ့လည်းစာချုပ်ဟောင်းကြောင့်အသင်းရဲ့လုပ်ခအနည်းဆုံးကစားသမားများထဲမှတစ်ဦးအဖြစ်
ရပ်တည်နေခဲ့ရပါတယ်။မကြာသေးမီတုန်းကအာဆင်နယ်နည်းပြအာတီတာက ဆာကာကိုအသင်း
နှင့်နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုလိမ့်မယ်လို့အပြည့်အဝယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။ဆာကာ
ကိုယ်တိုင်ကလည်း “သူ့လိုပဲကျွန်တော်လည်းယုံကြည်ပါတယ်။အာဆင်နယ်မှာကိုယ့်အိမ်ကိုယ့်ယာ
လိုခံစားရတယ်။ကစားဖော်တွေ၊နည်းပြတွေ၊ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကိုခံစားရပါတယ်။
မန်နေဂျာကလည်းကျွန်တော့်အတွက်ဆိုအမြဲတမ်းအဆင်သင့်ပါ။ကွဲပြားတဲ့အကြံပေးမှုတွေကကျွန်
တော့်အတွက်သူ့ကတကယ့်ကိုစပါယ်ရှယ်ပါ။အမ်းမရိတ်မှာပရိသတ်အားပေးမှုကကောင်းသထက်
ကောင်းနေပါတယ်။ကစားရတိုင်းပရိသတ်တွေပေးတဲ့စွမ်းအင်တွေရရှိနေတယ်လိုခံစားရတယ်”လို့
ပြောကြားသွားပါတယ်။ဆာကာဟာတနင်္လာနေ့တုန်းကအသက်၂၁နှစ်ပြည့်ခဲ့သူဖြစ်ပါတယ်။သူဟာ
ပြီးခဲ့တဲ့နှစ်ရာသီဆက်အာဆင်နယ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့သူ
လည်းဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့ရာသီတုန်းက၁၂ဂိုးဖြင့်ကလပ်ရဲ့ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်
တည်နိုင်ခဲ့ပါတယ်။
တည်နိုင်ခဲ့ပါတယ်။