ချဲလ်ဆီးဟာလိုက်ဇစ်နောက်ခံလူဂျိုစကိုဂဗာဒီယော့ကိုခေါ်ယူရန်ယူရိုသန်း၉၀ဖြင့်ကမ်းလှမ်းမှုပြုလုပ်
ထားပါတယ်။ချဲလ်ဆီးဟာပိုင်ရှင်သစ်တော့ဒ်ဘိုလီရဲ့လက်အောက်တွင်ကစားသမားဝယ်ယူအားဖြည့်
ရေးအတွက်ငွေများစွာအသုံးပြုထားပြီးဖြစ်ပေမဲ့လုပ်ဆောင်မှုပြီးသေးပုံမရပါဘူး။ချန်ပီယံလိဂ်၂ကြိမ်
ချန်ပီယံချဲလ်ဆီးဟာဂဗာဒီယော့အားခေါ်ယူရန်လိုက်ဇစ်နှင့်ဆွေးနွေးနေမှုအဆင်ပြေချောမွေ့လျက်ရှိ
ကြောင်းသိရပါတယ်။ဂဗာဒီယော့ကဗဟိုနောက်ခံလူနေရာတွင်သာမကဘယ်နောက်ခံလူနေရာမှာ
လည်းကစားနိုင်စွမ်းရှိသူဖြစ်ပါတယ်။ခရိုအေးရှားနောက်ခံလူဟာဂျာမနီတွင်ကစားတဲ့ပထမဆုံးရာသီ
တွင်အကောင်းဆုံးခြေစွမ်းပြကစားနိုင်ပြီးနောက် ဥရောပရဲ့အလားအလာအကောင်းဆုံးဗဟိုနောက်ခံ
လူများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခံထားရသူဖြစ်ပါတယ်။အသက်၂၀နှစ်ရှိဒိုင်နမိုဇာဂရက်နောက်ခံ
လူဟောင်းဟာပြီးခဲ့တဲ့ရာသီတုန်းကလိုက်ဇစ်အတွက်၄၆ပွဲကစားကာပိုကယ်ဖလားဆွတ်ခူးအောင်ကူ
ညီခဲ့တဲ့အပြင်ယူရိုပါလိဂ်ဆီမီးဖိုင်နယ်သို့လည်းပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ချဲလ်ဆီးဟာဂဗာဒီယော့ကို
ခေါ်ယူရေးကမ်းလှမ်းမှုပြုလုပ်ထားပေမဲ့ယခုနွေရာသီမှာခေါ်ယူဦးမှာမဟုတ်ပါဘူး။ဂဗာဒီယော့ဟာ
လာမယ့်နွေရာသီတွင်ချဲလ်ဆီးသို့ရောက်လာပါမယ်။ချဲလ်ဆီးဟာယခုရာသီအကုန်တွင်စာချုပ်သက်
တမ်းကုန်ဆုံးမယ့်တီယာဂိုဆေးလ်ဗားရဲ့နေရာမှာဂဗာဒီယော့အားအစားထိုးသွားမှာလည်းဖြစ်ပါတယ်။
ချဲလ်ဆီးဟာလက်စတာမှပြင်သစ်နောက်ခံလူဖိုဖာနာကိုလည်းပေါင်သန်း၇၀ဖြင့်ခေါ်ယူရန်သဘော
တူညီမှုရထားပြီးဖြစ်ကာကစားသမားမှာနယူးယောက်တွင်ဆေးစစ်မှုခံယူပြီးဖြစ်ပါတယ်။ချဲလ်ဆီး
ဟာယခုနွေရာသီတွင်ကူလီဘာလီကိုပေါင်၃၃သန်းဖြင့်လည်းကောင်း၊ကူကူရယ်လာကိုပေါင်၆၃သန်း
ဖြင့်လည်းကောင်း၊ရာဟမ်းစတာလင်းကိုပေါင်၄၇.၅သန်းဖြင့်လည်းကောင်းခေါ်ယူထားပြီးတီမိုဝါနာ
ကို လိုက်ဇစ်သို့ပေါင်၂၅.၃သန်းဖြင့်ရောင်းချထားပါတယ်။