
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း အက်ဒီဆန် ကာဗာနီက သူ့အနေနဲ့ လာလီဂါကလပ်
ဗလင်စီယာအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဘာကြောင့် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့သလဲဆိုတာ
ကို ရှင်းပြလာခဲ့ပါတယ်။ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဥရုဂွေးတိုက်စစ်မှူးကြီးဟာ မန်ယူအသင်းနဲ့ စာ
ချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ဂျွန်လအကုန်တည်းကအသင်းလက်မဲ့ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါ
ပေမယ့်လည်း အခုချိန်မှာတော့ ကာဗာနီဟာ ဗလင်စီယာအသင်းနဲ့ ၂ နှစ်သက်တမ်းရှိ စာချုပ်ကို ချုပ်
ဆိုလိုက်ပြီ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူးဟောင်းဟာ နောက်ဆုံးနှစ်ရာသီကို အိုးထ
ရက်ဖို့ဒ်မှာ ကုန်ဆုံးခဲ့ပါတယ်၊ ပထမရာသီမှာတော့ ကာဗာနီအတွက် အထိုက်အလျောက် အောင်မြင်
မှုရရှိခဲ့ပေမယ့်၊ ဒုတိယရာသီမှာတော့ ကံဆိုးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းက မန်ယူအသင်း
ကို ခရစ္စတီယာနို ရိုနယ်ဒို ပြန်ရောက်လာခဲ့တာကြောင့် ကာဗာနီဟာ သူ့ရဲ့ ကျောနံပါတ် ၇ ကို ရိုနယ်
ဒိုဆီ လွှဲပြောင်းပေးခဲ့ရသလို၊ အရန်တိုက်စစ်မှူးလည်း ဖြစ်သွားခဲ့ပါတယ်။ ကာဗာနီဟာ ပြီးခဲ့တဲ့ရာသီ
မှာ ဒဏ်ရာပြဿနာတွေ ရရှိခဲ့ပြီး၊ ပရီးမီးယားလိဂ်မှာ ခုနှစ်ပွဲသာပွဲထွက်ကစားခွင့်ရခဲ့ပြီး နှစ်ဂိုးသာ
သွင်းနိုင်ခဲ့ပါတယ်။ အခုချိန်မှာတော့ စီးရီးအေ၊ လိဂ်ဝမ်းနဲ့ ပရီးမီးယားလိဂ်တို့မှာ ကစားခဲ့ဖူးတဲ့ ဝါရင့်
တိုက်စစ်မှူးကြီးဟာ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေဖို့အတွက် စပိန်မြေဘက်ကို ရွက်လွှင့်သွားခဲ့ပြီ
ဖြစ်ပါတယ်။ ကာဗာနီကတော့ သူ့အနေနဲ့ ဘာကြောင့် ဗလင်စီယာအသင်းကို ရွေးချယ်ခဲ့သလဲဆို
တာ အခုလိုပဲ ရှင်းပြခဲ့ပါတယ်။“ ဒီအသင်းကို ပြောင်းရွှေ့ခွင့်ရတဲ့အတွက် ကျွန်တော် ဝမ်းသာပါတယ်။
ကျွန်တော်ဟာ စပိန်မြေမှာ ကစားချင်ခဲ့ပြီးတော့၊ ဗလင်စီယာအသင်းဟာ ကျွန်တော့်ကို လောင်း
ကြေးထပ်ဖို့အတွက် ဆန္ဒရှိခဲ့ပါတယ်။ ကျွန်တော့်ကို အလိုရှိနေတဲ့နေရာ၊ ကျွန်တော့်ကို ချစ်ခင်ကြ
တဲ့နေရာမှာ နေရာတာကို ကျွန်တော်က ကြိုက်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ပရိသတ်တွေနဲ့ ”
“ အသင်းရဲ့ ချစ်ခြင်းမေတ္တာတွေက ခွန်အားဖြစ်စေတာကြောင့် ဖြစ်ပါတယ်။ နည်းပြ ဂျန်နဲရို ဂတ်
တူဆိုနဲ့ ကျွန်တော် စကားပြောခဲ့ပြီးပါပြီ၊ ဗလင်စီယာအသင်းဟာ ကျွန်တော့်ကို ယုံကြည်မှုတွေ အ
များကြီးပေးခဲ့ပါတယ်။ ဒီတော့ ကျွန်တော့်ရဲ့ အကောင်းဆုံး ပုံစံနဲ့ ဒီနေရာမှာ ပုံရိပ်ကောင်းတစ်ခုကို
ချန်ရစ်ခဲ့နိုင်ဖို့အတွက် ကျွန်တော် မျှော်လင့်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။
မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးေဟာင္း အက္ဒီဆန္ ကာဗာနီက သူ႔အေနနဲ႔ လာလီဂါကလပ္
ဗလင္စီယာအသင္းကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ဘာေၾကာင့္ ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခဲ့သလဲဆိုတာ
ကို ရွင္းျပလာခဲ့ပါတယ္။ အသက္ ၃၅ ႏွစ္ရွိၿပီျဖစ္တဲ့ ဥ႐ုေဂြးတိုက္စစ္မႉးႀကီးဟာ မန္ယူအသင္းနဲ႔ စာ
ခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္ ဂြၽန္လအကုန္တည္းကအသင္းလက္မဲ့ျဖစ္ေနခဲ့တာ ျဖစ္ပါတယ္။ ဒါ
ေပမယ့္လည္း အခုခ်ိန္မွာေတာ့ ကာဗာနီဟာ ဗလင္စီယာအသင္းနဲ႔ ၂ ႏွစ္သက္တမ္းရွိ စာခ်ဳပ္ကို ခ်ဳပ္
ဆိုလိုက္ၿပီ ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းရဲ႕ တိုက္စစ္မႉးေဟာင္းဟာ ေနာက္ဆုံးႏွစ္ရာသီကို အိုးထ
ရက္ဖို႔ဒ္မွာ ကုန္ဆုံးခဲ့ပါတယ္၊ ပထမရာသီမွာေတာ့ ကာဗာနီအတြက္ အထိုက္အေလ်ာက္ ေအာင္ျမင္
မႈရရွိခဲ့ေပမယ့္၊ ဒုတိယရာသီမွာေတာ့ ကံဆိုးခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ဩဂုတ္လတုန္းက မန္ယူအသင္း
ကို ခရစၥတီယာႏို ႐ိုနယ္ဒို ျပန္ေရာက္လာခဲ့တာေၾကာင့္ ကာဗာနီဟာ သူ႔ရဲ႕ ေက်ာနံပါတ္ ၇ ကို ႐ိုနယ္
ဒိုဆီ လႊဲေျပာင္းေပးခဲ့ရသလို၊ အရန္တိုက္စစ္မႉးလည္း ျဖစ္သြားခဲ့ပါတယ္။ ကာဗာနီဟာ ၿပီးခဲ့တဲ့ရာသီ
မွာ ဒဏ္ရာျပႆနာေတြ ရရွိခဲ့ၿပီး၊ ပရီးမီးယားလိဂ္မွာ ခုႏွစ္ပြဲသာပြဲထြက္ကစားခြင့္ရခဲ့ၿပီး ႏွစ္ဂိုးသာ
သြင္းႏိုင္ခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ စီးရီးေအ၊ လိဂ္ဝမ္းနဲ႔ ပရီးမီးယားလိဂ္တို႔မွာ ကစားခဲ့ဖူးတဲ့ ဝါရင့္
တိုက္စစ္မႉးႀကီးဟာ စိန္ေခၚမႈအသစ္ေတြကို ရွာေဖြဖို႔အတြက္ စပိန္ေျမဘက္ကို ႐ြက္လႊင့္သြားခဲ့ၿပီ
ျဖစ္ပါတယ္။ ကာဗာနီကေတာ့ သူ႔အေနနဲ႔ ဘာေၾကာင့္ ဗလင္စီယာအသင္းကို ေ႐ြးခ်ယ္ခဲ့သလဲဆို
တာ အခုလိုပဲ ရွင္းျပခဲ့ပါတယ္။“ ဒီအသင္းကို ေျပာင္းေ႐ႊ႕ခြင့္ရတဲ့အတြက္ ကြၽန္ေတာ္ ဝမ္းသာပါတယ္။
ကြၽန္ေတာ္ဟာ စပိန္ေျမမွာ ကစားခ်င္ခဲ့ၿပီးေတာ့၊ ဗလင္စီယာအသင္းဟာ ကြၽန္ေတာ့္ကို ေလာင္း
ေၾကးထပ္ဖို႔အတြက္ ဆႏၵရွိခဲ့ပါတယ္။ ကြၽန္ေတာ့္ကို အလိုရွိေနတဲ့ေနရာ၊ ကြၽန္ေတာ့္ကို ခ်စ္ခင္ၾက
တဲ့ေနရာမွာ ေနရာတာကို ကြၽန္ေတာ္က ႀကိဳက္ပါတယ္၊ ဘာျဖစ္လို႔လဲဆိုေတာ့ ပရိသတ္ေတြနဲ႔ ”
“ အသင္းရဲ႕ ခ်စ္ျခင္းေမတၱာေတြက ခြန္အားျဖစ္ေစတာေၾကာင့္ ျဖစ္ပါတယ္။ နည္းျပ ဂ်န္နဲ႐ို ဂတ္
တူဆိုနဲ႔ ကြၽန္ေတာ္ စကားေျပာခဲ့ၿပီးပါၿပီ၊ ဗလင္စီယာအသင္းဟာ ကြၽန္ေတာ့္ကို ယုံၾကည္မႈေတြ အ
မ်ားႀကီးေပးခဲ့ပါတယ္။ ဒီေတာ့ ကြၽန္ေတာ့္ရဲ႕ အေကာင္းဆုံး ပုံစံနဲ႔ ဒီေနရာမွာ ပုံရိပ္ေကာင္းတစ္ခုကို
ခ်န္ရစ္ခဲ့ႏိုင္ဖို႔အတြက္ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။