စပိန်နဲ့ပွဲမှာ အရံလူစာရင်းမှာသာရှိခဲ့ပေမဲ့ နည်းပြတာဝန်ခွဲဝေယူခဲ့တဲ့ ရော်နယ်ဒို

စပိန်နဲ့ ပေါ်တူဂီတို့ရဲ့ တဖက်တဂိုးစီသရေကျခဲ့တဲ့ပွဲမှာတော့ ရော်နယ်ဒိုတယောက်

အရန်လူစာရင်းမှာသာ ရှိနေခဲ့ပါတယ်။ ယူနိုက်တက်အတွက် ရာသီနောက်ဆုံးပွဲကို

ဒဏ်ရာကြောင့် လွဲချော်ခဲ့ရတဲ့ ရော်နယ်ဒိုကို ပေါ်တူဂီနည်းပြဆန်းတို့စ်ကလည်း

အနားပေးထားခဲ့ပြီး ဒုတိယပိုင်းမှသာ လူစားလဲအသုံးပြုခဲ့တာကို မြင်တွေ့ခဲ့ရပါ

တယ်။ မိုရာတာနဲ့ ဂိုးနဲ့ စပိန်တို့ ဦးဆောင်နေခဲ့ပြီးနောက် ပေါ်တူဂီဟာ ချေပဂိုးရဖို့

အတွက် ရော်နယ်ဒိုအပြင် အခြားကစားသမား ၃ ဦးကိုပါ လူစားလဲလှယ်ခဲ့တာဖြစ်

ပါတယ်။ ပေါ်တူဂီအတွက်ချေပဂိုးကိုတော့ လူစားဝင်လာသူ ဟော်တာက သူ့ရဲ့

ပထမဆုံးနိုင်ငံတကာသွင်းဂိုးအဖြစ်နဲ့ သွင်းယူပေးခဲ့ပြီး နေးရှင်းလိဂ်အုပ်စုအဖွင့်ပွဲ

မှာ ပေါ်တူဂီကို သရေတမှတ်ရယူပေးသွားခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ အသင်း

အတွက်ကစားပေးရခြင်းမရှိခဲ့ပေမယ့် ကွင်းဘေးနားကနေ တောက်လျှောက်ဆို

သလို အားပေးမှုတွေကို ပြုလုပ်သွားခဲ့ပါတယ်။ အသင်းဖော်တွေကို လက်ခုပ်တီး

အားပေးခဲ့သလို အော်ဟစ်ညွှန်ကြားမှုတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့သိရပြီး

နည်းပြဆန်းတို့စ်ရဲ့ တာဝန်တွေကို အသင်းခေါင်းဆောင်တဦးအဖြစ်နဲ့ မျှဝေယူခဲ့

တယ်လို့တောင် ယူဆရပါတယ်။ ယူရို ၂၀၁၆ ဗိုလ်လုပွဲတုန်းက ဒဏ်ရာကြောင့်

လူစားလဲခဲ့ရပြီးနောက် ရော်နယ်ဒိုဟာ အသင်းကို နည်းပြနဲ့အပြိုင် အော်ဟစ်ညွှန်

ကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါလုပ်ရပ်က တော်တော်လေးကို ကျော်ကြား

ခဲ့ပြီး ဒီနောက်ပိုင်းမှာ ထပ်မံမြင်တွေ့ရခြင်းမရှိတော့ပါဘူး။ မနေ့ညကပွဲမှာတော့

အဆိုပါပုံစံကို ပြန်လည်မြင်တွေ့ခဲ့ရတာဖြစ်ပြီး ရော်နယ်ဒိုတယောက် နည်းပြကြီး

တဦးအလား ဖြစ်နေခဲ့တာကို ပရိသတ်တွေလည်း ကြည့်ရှုခဲ့ရပါတယ်။ ပွဲအပြီးမှာ

လည်း ရော်နယ်ဒိုဟာ ယူနိုက်တက်က ခေါ်ယူမယ်လို့ သတင်းတွေထွက်နေတဲ့ ဗီ

လာရီးရဲလ်နောက်ခံလူ ပါအူတောရက်စ်နဲ့ ဂျာစီချင်းလဲလှယ်ခဲ့သေးတယ်လို့ သိရ

ပါတယ်။

စပိန္နဲ႔ ေပၚတူဂီတို႔ရဲ႕ တဖက္တဂိုးစီသေရက်ခဲ့တဲ့ပြဲမွာေတာ့ ေရာ္နယ္ဒိုတေယာက္

အရန္လူစာရင္းမွာသာ ရွိေနခဲ့ပါတယ္။ ယူႏိုက္တက္အတြက္ ရာသီေနာက္ဆုံးပြဲကို

ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ရတဲ့ ေရာ္နယ္ဒိုကို ေပၚတူဂီနည္းျပဆန္းတို႔စ္ကလည္း

အနားေပးထားခဲ့ၿပီး ဒုတိယပိုင္းမွသာ လူစားလဲအသုံးျပဳခဲ့တာကို ျမင္ေတြ႕ခဲ့ရပါ

တယ္။ မိုရာတာနဲ႔ ဂိုးနဲ႔ စပိန္တို႔ ဦးေဆာင္ေနခဲ့ၿပီးေနာက္ ေပၚတူဂီဟာ ေခ်ပဂိုးရဖို႔

အတြက္ ေရာ္နယ္ဒိုအျပင္ အျခားကစားသမား ၃ ဦးကိုပါ လူစားလဲလွယ္ခဲ့တာျဖစ္

ပါတယ္။ ေပၚတူဂီအတြက္ေခ်ပဂိုးကိုေတာ့ လူစားဝင္လာသူ ေဟာ္တာက သူ႔ရဲ႕

ပထမဆုံးႏိုင္ငံတကာသြင္းဂိုးအျဖစ္နဲ႔ သြင္းယူေပးခဲ့ၿပီး ေနးရွင္းလိဂ္အုပ္စုအဖြင့္ပြဲ

မွာ ေပၚတူဂီကို သေရတမွတ္ရယူေပးသြားခဲ့ပါတယ္။ ေရာ္နယ္ဒိုကေတာ့ အသင္း

အတြက္ကစားေပးရျခင္းမရွိခဲ့ေပမယ့္ ကြင္းေဘးနားကေန ေတာက္ေလွ်ာက္ဆို

သလို အားေပးမႈေတြကို ျပဳလုပ္သြားခဲ့ပါတယ္။ အသင္းေဖာ္ေတြကို လက္ခုပ္တီး

အားေပးခဲ့သလို ေအာ္ဟစ္ၫႊန္ၾကားမႈေတြကိုလည္း ျပဳလုပ္ခဲ့တယ္လို႔သိရၿပီး

နည္းျပဆန္းတို႔စ္ရဲ႕ တာဝန္ေတြကို အသင္းေခါင္းေဆာင္တဦးအျဖစ္နဲ႔ မွ်ေဝယူခဲ့

တယ္လို႔ေတာင္ ယူဆရပါတယ္။ ယူ႐ို ၂၀၁၆ ဗိုလ္လုပြဲတုန္းက ဒဏ္ရာေၾကာင့္

လူစားလဲခဲ့ရၿပီးေနာက္ ေရာ္နယ္ဒိုဟာ အသင္းကို နည္းျပနဲ႔အၿပိဳင္ ေအာ္ဟစ္ၫႊန္

ၾကားမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ အဆိုပါလုပ္ရပ္က ေတာ္ေတာ္ေလးကို ေက်ာ္ၾကား

ခဲ့ၿပီး ဒီေနာက္ပိုင္းမွာ ထပ္မံျမင္ေတြ႕ရျခင္းမရွိေတာ့ပါဘူး။ မေန႔ညကပြဲမွာေတာ့

အဆိုပါပုံစံကို ျပန္လည္ျမင္ေတြ႕ခဲ့ရတာျဖစ္ၿပီး ေရာ္နယ္ဒိုတေယာက္ နည္းျပႀကီး

တဦးအလား ျဖစ္ေနခဲ့တာကို ပရိသတ္ေတြလည္း ၾကည့္ရႈခဲ့ရပါတယ္။ ပြဲအၿပီးမွာ

လည္း ေရာ္နယ္ဒိုဟာ ယူႏိုက္တက္က ေခၚယူမယ္လို႔ သတင္းေတြထြက္ေနတဲ့ ဗီ

လာရီးရဲလ္ေနာက္ခံလူ ပါအူေတာရက္စ္နဲ႔ ဂ်ာစီခ်င္းလဲလွယ္ခဲ့ေသးတယ္လို႔ သိရ

ပါတယ္။