
ဟယ်ရီကိန်းဟာစပါးစ်အတွက်သွင်းဂိုး၂၆၆ဂိုးရှိလာပြီဖြစ်ပြီးဂျမ်မီဂရေ့ဗ်ရဲ့စပါးစ်သမိုင်းတွင်ဂိုးအများ
ဆုံးသွင်းယူသူစံချိန်ကိုလိုက်မီလာပါတယ်။အသက်၂၉နှစ်ရှိအင်္ဂလန်တိုက်စစ်မှူးဟာတနင်္လာနေ့ညတုန်း
ကဖူလ်ဟမ်နှင့်ပွဲတွင်တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူနိုင်ပြီးနောက်စပါးစ်သမိုင်းတွင်ဂိုးများဆုံသွင်း
ယူသူဖြစ်လာတာလည်းဖြစ်ပါတယ်။သူဟာစပါးစ်အတွက်ပရီးမီးယားလိဂ်ပွဲ၃၀၀မြောက်ကစားတဲ့ပွဲတွင်
၁၉၉ဂိုးမြောက်ဂိုးကိုသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးတွင်ကစားသမားဘဝစတင်ခဲ့တဲ့ဂရေ့ဗ်ဟာ
၁၉၆၁ခုနှစ်မှ၁၉၇၀ခုနှစ်အထိစပါးစ်အတွက်၃၇၉ပွဲကစားခဲ့ရာမှာ၂၆၆ဂိုးသွင်းယူပြီးစပါးစ်သမိုင်းတွင်ဂိုး
အများဆုံးသွင်းယူသူအဖြစ်နှစ်ပေါင်းငါးဆယ်ကျော်ကြာရပ်တည်လာခဲ့သူလည်းဖြစ်ပါတယ်။၂၀၁၁ခုနှစ်
တွင်စပါးစ်အတွက်ပထမဆုံးပွဲကစားခွင့်ရခဲ့တဲ့ဟယ်ရီကိန်းဟာစပါးစ်အတွက်၄၁၅ပွဲကစားရာမှာ၂၆၆ဂိုး
သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဟယ်ရီကိန်းဟာမနေ့ညကဖူလ်ဟမ်နှင့်ပွဲစဉ်မှာပထမပိုင်းနာကျင်အ
ချိန်ပိုတွင်ဧရိယာထိပ်မှညာခြေဖြင့်သွင်းယူခဲ့တာဖြစ်ပါတယ်။သူဟာ၁၉၉၂တွင်ပြန်လည်ဖွဲ့စည်းခဲ့တဲ့ပရီး
မီးယားလိဂ်သမိုင်းတွင်အလန်ရှီးယား(၂၆၀)၊ဝိန်းရွန်းနီ(၂၀၈)တို့ပြီးနောက်တတိယဂိုးအများဆုံးသွင်းယူ
သူအဖြစ်လည်းရပ်တည်နေပါတယ်။သူဟာယခုရာသီတွင်စပါးစ်အတွက်၂၉ပွဲကစားထားရာမှာ၁၈ဂိုးသွင်း
ယူထားပြီးကလပ်ရဲ့ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေသူလည်းဖြစ်ပါတယ်။
ဟယ္ရီကိန္းဟာစပါးစ္အတြက္သြင္းဂိုး၂၆၆ဂိုးရွိလာၿပီျဖစ္ၿပီးဂ်မ္မီဂေရ႕ဗ္ရဲ႕စပါးစ္သမိုင္းတြင္ဂိုးအမ်ား
ဆုံးသြင္းယူသူစံခ်ိန္ကိုလိုက္မီလာပါတယ္။အသက္၂၉ႏွစ္ရွိအဂၤလန္တိုက္စစ္မႉးဟာတနလၤာေန႔ညတုန္း
ကဖူလ္ဟမ္ႏွင့္ပြဲတြင္တစ္လုံးတည္းေသာအႏိုင္ဂိုးကိုသြင္းယူႏိုင္ၿပီးေနာက္စပါးစ္သမိုင္းတြင္ဂိုးမ်ားဆုံသြင္း
ယူသူျဖစ္လာတာလည္းျဖစ္ပါတယ္။သူဟာစပါးစ္အတြက္ပရီးမီးယားလိဂ္ပြဲ၃၀၀ေျမာက္ကစားတဲ့ပြဲတြင္
၁၉၉ဂိုးေျမာက္ဂိုးကိုသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။ခ်ဲလ္ဆီးတြင္ကစားသမားဘဝစတင္ခဲ့တဲ့ဂေရ႕ဗ္ဟာ
၁၉၆၁ခုႏွစ္မွ၁၉၇၀ခုႏွစ္အထိစပါးစ္အတြက္၃၇၉ပြဲကစားခဲ့ရာမွာ၂၆၆ဂိုးသြင္းယူၿပီးစပါးစ္သမိုင္းတြင္ဂိုး
အမ်ားဆုံးသြင္းယူသူအျဖစ္ႏွစ္ေပါင္းငါးဆယ္ေက်ာ္ၾကာရပ္တည္လာခဲ့သူလည္းျဖစ္ပါတယ္။၂၀၁၁ခုႏွစ္
တြင္စပါးစ္အတြက္ပထမဆုံးပြဲကစားခြင့္ရခဲ့တဲ့ဟယ္ရီကိန္းဟာစပါးစ္အတြက္၄၁၅ပြဲကစားရာမွာ၂၆၆ဂိုး
သြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ဟယ္ရီကိန္းဟာမေန႔ညကဖူလ္ဟမ္ႏွင့္ပြဲစဥ္မွာပထမပိုင္းနာက်င္အ
ခ်ိန္ပိုတြင္ဧရိယာထိပ္မွညာေျချဖင့္သြင္းယူခဲ့တာျဖစ္ပါတယ္။သူဟာ၁၉၉၂တြင္ျပန္လည္ဖြဲ႕စည္းခဲ့တဲ့ပရီး
မီးယားလိဂ္သမိုင္းတြင္အလန္ရွီးယား(၂၆၀)၊ဝိန္း႐ြန္းနီ(၂၀၈)တို႔ၿပီးေနာက္တတိယဂိုးအမ်ားဆုံးသြင္းယူ
သူအျဖစ္လည္းရပ္တည္ေနပါတယ္။သူဟာယခုရာသီတြင္စပါးစ္အတြက္၂၉ပြဲကစားထားရာမွာ၁၈ဂိုးသြင္း
ယူထားၿပီးကလပ္ရဲ႕ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနသူလည္းျဖစ္ပါတယ္။