
ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးနည်းပြတူချယ်လ်က လူကာကူနဲ့ ကွန်တီကြားဆက်ဆံရေးကို
နောက်ပြောင်ပြောဆိုမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ လူကာကူဟာ အင်တာမီလန်မှာက
စားခဲ့တုန်းက ကွန်တီလက်အောက်မှာအားထားရတဲ့သူအဖြစ် ရှိနေခဲ့ပြီး ပရီးမီးယားလိဂ်ကို
ပြန်လည်ရောက်ရှိချိန်မှာ ပြိုင်ဘက်တွေဖြစ်ခဲ့ကြသူတွေပါ။ Goal ရဲ့ သတင်းထောက်ဖြစ်သူ
Nizaar Kinsella ရဲ့ ပြောဆိုမှုအရ လူကာကူနဲ့ တူချယ်လ်တို့က စပါးပွဲတပွဲကို အတူတူကြည့်
ရှုခဲ့ကြတယ်လို့ သိရကာ ပွဲကြည့်နေချိန်အတွင်းမှာ ကွန်တီက မင်းရဲ့အဖေလို့ တူချယ်လ်က
လူကာကူကို ပြောဆိုခဲ့ကြောင်းဆိုပါတယ်။ Italian Football Podcast မှာ Kinsella က –
“သူတို့ စပါးရဲ့ ပရီးမီးယားလိဂ်ပွဲတပွဲကို အတူတူကြည့်နေခဲ့တာဗျ၊ ပြီးတော့ တူချယ်လ်က ‘အဲ
ဒီမှာ မင်းအဖေရှိတယ်’ဆိုပြီး ကွန်တီအကြောင်းကိုပြောရော၊ ဒါက ဟာသတခုဖြစ်ပေမယ့် လူ
ကာကူအတွက်တော့ ဒါက သိပ်မကောင်းမွန်ခဲ့ဘူးဆိုတာ သေချာပါတယ်” လို့ ပြောဆိုခဲ့ပါ
တယ်။ အင်တာမီလန်မှာတော့ ကွန်တီနဲ့ လူကာကူဟာ ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့ပြီး နှစ်ဦး
စလုံးက အင်တာတို့ အမှတ်ပေးဖလားရအောင် ကူညီပေးနိုင်ခဲ့ကြပါတယ်။ အင်တာမီလန်က
နေ ကွန်တီထွက်ခွာချိန်မှာလည်း လူကာကူက သူ့ရဲ့အင်စတာဂရမ်ကတဆင့် ဂုဏ်ပြုစကား
ဆိုခဲ့ဖူးပါတယ်။ “ခင်ဗျားက အချိန်မှန်ရောက်လာခဲ့ပြီး ကျနော့်ကို ကစားသမားတဦးအနေနဲ့
ပြောင်းလဲပေးခဲ့တယ်၊ စိတ်ဓာတ်ပိုင်းပိုသန်မာစေခဲ့ပြီး ပိုအရေးကြီးတာကတော့ ကျနော်တို့
အတူတူအနိုင်ရခဲ့တာပါ၊ ခင်ဗျားပြောတာတွေကို ကျနော်မှတ်သားထားပါ့မယ်””ခင်ဗျားအတွက်
ကစားပေးခဲ့ရတာ တကယ်ကျေနပ်ဖို့ကောင်းပါတယ်၊ ခင်ဗျားလုပ်ခဲ့တာတွေအားလုံးအတွက်
ကျေးဇူးတင်ပါတယ်၊ ခင်ဗျားဆီမှာ ကျနော်အကြွေးတင်နေပါပြီ” လို့ လူကာကူက ရေးသားခဲ့
တာပါ။ လူကာကူကတော့ ချယ်လ်ဆီးကို ပေါင်သန်း ၁၀၀ နဲ့ ပြန်ရောက်လာခဲ့ပေမယ့် ခြေစွမ်း
းမပြနိုင်ခဲ့လို့ အင်တာမီလန်ကို အငှားနဲ့ထွက်ခွာသွားခဲ့ပြီး လာမယ့်ရာသီသစ်ကို စတင်တော့
မှာဖြစ်ပါတယ်။
ၿပီးခဲ့တဲ့ရာသီက ခ်ယ္လ္ဆီးနည္းျပတူခ်ယ္လ္က လူကာကူနဲ႔ ကြန္တီၾကားဆက္ဆံေရးကို
ေနာက္ေျပာင္ေျပာဆိုမႈေတြ လုပ္ခဲ့တယ္လို႔ ဆိုပါတယ္။ လူကာကူဟာ အင္တာမီလန္မွာက
စားခဲ့တုန္းက ကြန္တီလက္ေအာက္မွာအားထားရတဲ့သူအျဖစ္ ရွိေနခဲ့ၿပီး ပရီးမီးယားလိဂ္ကို
ျပန္လည္ေရာက္ရွိခ်ိန္မွာ ၿပိဳင္ဘက္ေတြျဖစ္ခဲ့ၾကသူေတြပါ။ Goal ရဲ႕ သတင္းေထာက္ျဖစ္သူ
Nizaar Kinsella ရဲ႕ ေျပာဆိုမႈအရ လူကာကူနဲ႔ တူခ်ယ္လ္တို႔က စပါးပြဲတပြဲကို အတူတူၾကည့္
ရႈခဲ့ၾကတယ္လို႔ သိရကာ ပြဲၾကည့္ေနခ်ိန္အတြင္းမွာ ကြန္တီက မင္းရဲ႕အေဖလို႔ တူခ်ယ္လ္က
လူကာကူကို ေျပာဆိုခဲ့ေၾကာင္းဆိုပါတယ္။ Italian Football Podcast မွာ Kinsella က –
“သူတို႔ စပါးရဲ႕ ပရီးမီးယားလိဂ္ပြဲတပြဲကို အတူတူၾကည့္ေနခဲ့တာဗ်၊ ၿပီးေတာ့ တူခ်ယ္လ္က ‘အဲ
ဒီမွာ မင္းအေဖရွိတယ္’ဆိုၿပီး ကြန္တီအေၾကာင္းကိုေျပာေရာ၊ ဒါက ဟာသတခုျဖစ္ေပမယ့္ လူ
ကာကူအတြက္ေတာ့ ဒါက သိပ္မေကာင္းမြန္ခဲ့ဘူးဆိုတာ ေသခ်ာပါတယ္” လို႔ ေျပာဆိုခဲ့ပါ
တယ္။ အင္တာမီလန္မွာေတာ့ ကြန္တီနဲ႔ လူကာကူဟာ ရင္းႏွီးတဲ့ဆက္ဆံေရးရွိခဲ့ၿပီး ႏွစ္ဦး
စလုံးက အင္တာတို႔ အမွတ္ေပးဖလားရေအာင္ ကူညီေပးႏိုင္ခဲ့ၾကပါတယ္။ အင္တာမီလန္က
ေန ကြန္တီထြက္ခြာခ်ိန္မွာလည္း လူကာကူက သူ႔ရဲ႕အင္စတာဂရမ္ကတဆင့္ ဂုဏ္ျပဳစကား
ဆိုခဲ့ဖူးပါတယ္။ “ခင္ဗ်ားက အခ်ိန္မွန္ေရာက္လာခဲ့ၿပီး က်ေနာ့္ကို ကစားသမားတဦးအေနနဲ႔
ေျပာင္းလဲေပးခဲ့တယ္၊ စိတ္ဓာတ္ပိုင္းပိုသန္မာေစခဲ့ၿပီး ပိုအေရးႀကီးတာကေတာ့ က်ေနာ္တို႔
အတူတူအႏိုင္ရခဲ့တာပါ၊ ခင္ဗ်ားေျပာတာေတြကို က်ေနာ္မွတ္သားထားပါ့မယ္””ခင္ဗ်ားအတြက္
ကစားေပးခဲ့ရတာ တကယ္ေက်နပ္ဖို႔ေကာင္းပါတယ္၊ ခင္ဗ်ားလုပ္ခဲ့တာေတြအားလုံးအတြက္
ေက်းဇူးတင္ပါတယ္၊ ခင္ဗ်ားဆီမွာ က်ေနာ္အေႂကြးတင္ေနပါၿပီ” လို႔ လူကာကူက ေရးသားခဲ့
တာပါ။ လူကာကူကေတာ့ ခ်ယ္လ္ဆီးကို ေပါင္သန္း ၁၀၀ နဲ႔ ျပန္ေရာက္လာခဲ့ေပမယ့္ ေျခစြမ္း
းမျပႏိုင္ခဲ့လို႔ အင္တာမီလန္ကို အငွားနဲ႔ထြက္ခြာသြားခဲ့ၿပီး လာမယ့္ရာသီသစ္ကို စတင္ေတာ့
မွာျဖစ္ပါတယ္။