စပါးစ်နှင့်ပီအက်စ်ဂျီတို့ကစိတ်ဝင်စားနေမှုကြောင့်ထိန်းထားဖို့ခက်ခဲနေတဲ့ အဲဗာတန်တိုက်စစ်မှူး

ရီချက်လီဆင်ဟာနွေရာသီတွင်အဲဗာတန်မှထွက်ခွာမယ်လို့သတင်းများထွက်ပေါ်

နေမှုနဲ့ပတ်သက်ပြီးရှင်းလင်းစွာပြောကြားမှုပြုလုပ်လာပြီဖြစ်ပါတယ်။ဘရာဇီးစ

တားဟာအဲဗာတန်ကိုပရီးမီးယားလိဂ်တွင်တင်ကျန်အောင်အဓိကနေရာမှစွမ်း

ဆောင်ပေးခဲ့သူဖြစ်ပြီးသူ့တွင်အဲဗာတန်ထက်ကြီးမားတဲ့ရည်မှန်းချက်ရှိကြောင်း

ရှင်းလင်းစွာပြောကြားလာပါတယ်။သူဟာအဲဗာတန်ရဲ့ပရီးမီးယားလိဂ်နောက်ဆုံ

း၉ပွဲတွင်၆ဂိုးသွင်းယူခဲ့သူဖြစ်ပါတယ်။ယခုအခါအနာဂတ်နှင့်ပတ်သက်ပြီးရီ

ချက်လီဆင်က “ကလပ်အပြောင်းအလဲလုပ်ဖို့နဲ့ပတ်သက်ပြီးပြောတဲ့အခါအ

နည်းငယ်ရှုပ်ထွေးခက်ခဲပါတယ်။အဲဗာတန်မှာကျွန်တော့်မှာသမိုင်းရှိတယ်။

ပရိသတ်တွေကကျွန်တော့်ကိုချစ်တယ်။ကလပ်အပြောင်းအလဲလုပ်ဖို့နဲ့ပတ်သက်

ပြီးပြောလာတဲ့အခါကျွန်တော့်မှာပြောစရာစကားမရှိဘူးဖြစ်ရတယ်။ဒါပေမဲ့ကျွန်

တော့်ဘက်ကဘာလိုချင်တယ်ဆိုတာဘုတ်အဖွဲ့ကိုလည်းရှင်းရှင်းလင်းလင်းပြော

ပြီးသားပါ။ဖရန့်လမ်းပတ်နဲ့လည်းစကားပြောပြီးပါပြီ”လို့ပြောကြားသွားပါတယ်။

တကယ်လို့များ ရီချက်လီဆင်သာရှိနေဦးမယ်ဆိုရင်တော့သူဟာဖရန့်လမ်းပတ်ရဲ့

အဲဗာတန်စီမံကိန်းတွင်အဓိကနေရာမှပါဝင်လာဦးမှာသေချာနေပါတယ်။ဒါပေမဲ့

အဲဗာတန်အနေဖြင့်ရီချက်လီဆင်ကိုစပါးစ်နှင့်ပီအက်စ်ဂျီတို့ကစိတ်ဝင်စားနေမှု

ကြောင့်ထိန်းထားဖို့ခက်ခဲနေပါတယ်။

ရီခ်က္လီဆင္ဟာေႏြရာသီတြင္အဲဗာတန္မွထြက္ခြာမယ္လို႔သတင္းမ်ားထြက္ေပၚ

ေနမႈနဲ႔ပတ္သက္ၿပီးရွင္းလင္းစြာေျပာၾကားမႈျပဳလုပ္လာၿပီျဖစ္ပါတယ္။ဘရာဇီးစ

တားဟာအဲဗာတန္ကိုပရီးမီးယားလိဂ္တြင္တင္က်န္ေအာင္အဓိကေနရာမွစြမ္း

ေဆာင္ေပးခဲ့သူျဖစ္ၿပီးသူ႔တြင္အဲဗာတန္ထက္ႀကီးမားတဲ့ရည္မွန္းခ်က္ရွိေၾကာင္း

ရွင္းလင္းစြာေျပာၾကားလာပါတယ္။သူဟာအဲဗာတန္ရဲ႕ပရီးမီးယားလိဂ္ေနာက္ဆုံ

း၉ပြဲတြင္၆ဂိုးသြင္းယူခဲ့သူျဖစ္ပါတယ္။ယခုအခါအနာဂတ္ႏွင့္ပတ္သက္ၿပီးရီ

ခ်က္လီဆင္က “ကလပ္အေျပာင္းအလဲလုပ္ဖို႔နဲ႔ပတ္သက္ၿပီးေျပာတဲ့အခါအ

နည္းငယ္ရႈပ္ေထြးခက္ခဲပါတယ္။အဲဗာတန္မွာကြၽန္ေတာ့္မွာသမိုင္းရွိတယ္။

ပရိသတ္ေတြကကြၽန္ေတာ့္ကိုခ်စ္တယ္။ကလပ္အေျပာင္းအလဲလုပ္ဖို႔နဲ႔ပတ္သက္

ၿပီးေျပာလာတဲ့အခါကြၽန္ေတာ့္မွာေျပာစရာစကားမရွိဘူးျဖစ္ရတယ္။ဒါေပမဲ့ကြၽန္

ေတာ့္ဘက္ကဘာလိုခ်င္တယ္ဆိုတာဘုတ္အဖြဲ႕ကိုလည္းရွင္းရွင္းလင္းလင္းေျပာ

ၿပီးသားပါ။ဖရန႔္လမ္းပတ္နဲ႔လည္းစကားေျပာၿပီးပါၿပီ”လို႔ေျပာၾကားသြားပါတယ္။

တကယ္လို႔မ်ား ရီခ်က္လီဆင္သာရွိေနဦးမယ္ဆိုရင္ေတာ့သူဟာဖရန႔္လမ္းပတ္ရဲ႕

အဲဗာတန္စီမံကိန္းတြင္အဓိကေနရာမွပါဝင္လာဦးမွာေသခ်ာေနပါတယ္။ဒါေပမဲ့

အဲဗာတန္အေနျဖင့္ရီခ်က္လီဆင္ကိုစပါးစ္ႏွင့္ပီအက္စ္ဂ်ီတို႔ကစိတ္ဝင္စားေနမႈ

ေၾကာင့္ထိန္းထားဖို႔ခက္ခဲေနပါတယ္။