စပါးစ်တိုက်စစ်မှူးကိုခေါ်ယူဖို့ အိမ်မက်မက်နေတော့မှာ မဟုတ်ကြောင်းပြောကြားလာတဲ့ ဘိုင်ယန်မြူးနစ်
ဘိုင်ယန်မြူးနစ်ကစပါးစ်တိုက်စစ်မှူးဟယ်ရီကိန်းကိုခေါ်ယူရေးမှာအိပ်မက်တစ်ခုဖြစ်ကြောင်း၊
ဒါပေမဲ့၎င်းတို့အနေဖြင့်ယခုနွေရာသီတွင် အင်္ဂလန်အသင်းခေါင်းဆောင်ကိုခေါ်ယူရန်စိတ်ဝင်
စားခြင်းမရှိကြောင်းပြောကြားလာပါတယ်။ဘိုင်ယန်မြူးနစ်ဟာယခုနွေရာသီတွင်ဘာစီလိုနာ
သို့ရောက်ချလိုက်တဲ့ရောဘတ်လီဝန်ဒေါ့စကီးနေရာတွင်အစားထိုးရန်တိုက်စစ်မှူးသစ်ရှာဖွေ
နေပါတယ်။ဟယ်ရီကိန်းဟာစပါးစ်နှင့်၂၀၂၄ခုနှစ်အထိစာချုပ်ချုပ်ဆိုထားသူဖြစ်ပြီးပြီးခဲ့တဲ့နွေ
တုန်းကမန်စီးတီးသို့ပြောင်းရန်ကြိုးပမ်းခဲ့ဖူးပါတယ်။ဒါပေမဲ့ဟယ်ရီကိန်းဟာကွန်တီရဲ့လက်
အောက်တွင်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှုနဲ့အတူစပါးစ်တွင်ဆက်ကစားမည်ဖြစ်ကြောင်းအတည်
ပြုထားပါတယ်။ဒါကြောင့်လည်းဘိုင်ယန်မြူးနစ်အနေဖြင့်ယခုနွေရာသီအပြောင်းအရွှေ့ဈေး
ကွက်တွင်ဟယ်ရီကိန်းကိုခေါ်ယူနိုင်ရန်ခက်ခဲနေပါတယ်။ယင်းအနေအထားကြောင့်ဘိုင်ယန်
မြူးနစ်ဟာယခုနွေတွင်အခြားတိုက်စစ်မှူးတစ်ဦးကိုခေါ်ယူပြီးယာယီအစားထိုးပြီးမှလာမယ့်
နှစ်နွေရာသီတွင်မှဟယ်ရီကိန်းကိုခေါ်ယူရေးအားစိုက်လာဖို့ရှိနေပါတယ်။အိုလီဗာခန်းက “သေ
ချာတာပေါ့။တကယ့်ထိပ်တန်းတိုက်စစ်မှူးတစ်ဦးပါ။ဒါပေမဲ့ဒါကအနာဂတ်အိပ်မက်တစ်ခုပါ။
အခုလာမယ့်ရာသီအတွက်ကစားသမားအားဖြည့်ဖို့ကြည့်နေတယ်။ဘာဖြစ်လာမလဲကြည့်ရ
ပါမယ်”လို့ပြောကြားသွားပါတယ်။