စပါးကိုဂိုးပြတ်အနိုင်ရပြီးတဲ့နောက် စီရော်နယ်ဒိုရဲ့တုံ့ပြန်မှု

စပါးကို ၃ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်က မန်ယူအသင်းရဲ့စွမ်းဆောင်ရည်ကို စီရော်နယ်ဒိုက ချီးကျူးလိုက်ပါတယ်။

စီရော်နယ်ဒိုဟာ သူ့ရဲ့အောချလောက်စရာအဆုံးသတ်နဲ့ ပထမပိုင်းမှာ မန်ယူကို ဦးဆောင်နိုင်စေခဲ့ပြီး ဒုတိယပိုင်းမှာ ကာဗာနီသွင်းတဲ့ဒုတိယဂိုးကိုလည်း ဖန်တီးပေးခဲ့ကာ မန်ယူရဲ့ပွဲသိမ်းဂိုးကိုတော့ ရက်ရှ်ဖို့ဒ်က ကန်သွင်းခဲ့တာပါ။

အဲဒီပွဲမှာ နည်းပြဆိုးလ်ရှားဟာ ၃-၅-၂ အခင်းအကျင်းပြောင်းလဲခဲ့ပြီး ရှေ့တန်းမှာ ဝါရင့်တိုက်စစ်မှုးနှစ်ယောက်ကို တွဲစေခဲ့ကာ အဲဒီ gameplan က အလုပ်ဖြစ်ခဲ့ပါတယ်။

ပွဲပြီးတော့ စီရော်နယ်ဒိုက”မမျှော်လင့်ထားတဲ့ရလဒ်တစ်ခုကြောင့် ခက်ခဲတဲ့ရက်သတ္တပတ်တစ်ခုရှိခဲ့တယ်ဆိုတာ ဒီပွဲမတိုင်ခင် ကျွန်တော်တို့သိထားတာပါ။ အသင်းက ဖိအားနည်းနည်းအောက်ရောက်နေသလို ဝမ်းနည်းမှုလည်း နည်းနည်းရှိခဲ့တယ်။ ဒါပေမဲ့ ဒီနေ့မှာ ကျွန်တော်တို့ အဖြေကောင်းတစ်ခု ပေးနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ကောင်းကောင်းကန်နိုင်ခဲ့သလို ကောင်းကောင်းလည်း စတင်နိုင်ခဲ့တာပါ။ ကျွန်တော့်အတွေ့အကြုံတွေနဲ့အသင်းကို ကူညီပေးနိုင်ဖို့က ကျွန်တော့်အလုပ်ဖြစ်သလို ဒီနေ့လုပ်နိုင်ခဲ့လို့ အရမ်းကျေနပ်ရပါတယ်။ ဒါပေမဲ့ အသင်းလိုက်ဆိုရင်တော့ ကျွန်တော့်အမြင်အရ မယုံနိုင်စရာစွမ်းဆောင်မှုတစ်ခုလုပ်နိုင်ခဲ့တာပါ”လို့ Sky Sports ရုပ်သံကို ပြောကြားခဲ့ပါတယ်။

စီရော်နယ်ဒိုအနေနဲ့ လီဗာပူးကို အရှက်တကွဲဂိုးပြတ်ရှုံးခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မီဒီယာကို ပြောတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ၃၆ နှစ်အရွယ် စီရော်နယ်ဒိုက မန်ယူရဲ့ကြီးမားတဲ့ပုံရိပ်ကြောင့် ဖိအားဆိုတာ သာမန်သာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

”ဝေဖန်မှုတွေဆိုတာကတော့ အမြဲရှိနေမှာပါပဲ။ ကျွန်တော့်အတွက်ကတော့ အဲဒါတွေဟာ အနှောက်အယှက်မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုရင် ကျွန်တော့်ရဲ့၁၈ နှစ်ကြာကစားခဲ့တဲ့အတွေ့အကြုံအရ ဒီနေ့ ကောင်းတယ်လို့ ချီးကျူးပြီး နောက်တစ်နေ့ ညံ့လိုက်တာလို့ ပြောတာတွေ ရှိနေမှာပါ။

အဲဒါကို ကျွန်တော်တို့ ရင်ဆိုင်နိုင်ရမှာပါ။ ဒါပေမဲ့ လူတွေက ချီးကျူးချိန်ဆိုရင်တော့ အမြဲပိုကောင်းတာပေါ့ဗျာ။ တစ်ခါတစ်ရံမှာ ဆိုးရွားတဲ့အခိုက်အတန့်တွေကို ကျွန်တော်တို့ ကျော်ဖြတ်ရမှာဖြစ်သလို ပြောင်းလဲနိုင်ရမှာလည်း ဖြစ်ပြီး ဒီနေ့ ကျွန်တော်တို့ ပြောင်းလဲနိုင်ခဲ့ပါတယ်”လို့ စီရော်နယ်ဒိုက ဆက်လက်ပြောကြားခဲ့ပါတယ်။

zawgyi

စပါးကိုဂိုးျပတ္အႏိုင္ရၿပီးတဲ့ေနာက္ စီေရာ္နယ္ဒိုရဲ႕တုံ႔ျပန္မႈ

စပါးကို ၃ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တဲ့ ပရီးမီးယားလိဂ္အေဝးကြင္းပြဲစဥ္က မန္ယူအသင္းရဲ႕စြမ္းေဆာင္ရည္ကို စီေရာ္နယ္ဒိုက ခ်ီးက်ဴးလိုက္ပါတယ္။

စီေရာ္နယ္ဒိုဟာ သူ႔ရဲ႕ေအာခ်ေလာက္စရာအဆုံးသတ္နဲ႔ ပထမပိုင္းမွာ မန္ယူကို ဦးေဆာင္ႏိုင္ေစခဲ့ၿပီး ဒုတိယပိုင္းမွာ ကာဗာနီသြင္းတဲ့ဒုတိယဂိုးကိုလည္း ဖန္တီးေပးခဲ့ကာ မန္ယူရဲ႕ပြဲသိမ္းဂိုးကိုေတာ့ ရက္ရွ္ဖို႔ဒ္က ကန္သြင္းခဲ့တာပါ။

အဲဒီပြဲမွာ နည္းျပဆိုးလ္ရွားဟာ ၃-၅-၂ အခင္းအက်င္းေျပာင္းလဲခဲ့ၿပီး ေရွ႕တန္းမွာ ဝါရင့္တိုက္စစ္မႈးႏွစ္ေယာက္ကို တြဲေစခဲ့ကာ အဲဒီ gameplan က အလုပ္ျဖစ္ခဲ့ပါတယ္။

ပြဲၿပီးေတာ့ စီေရာ္နယ္ဒိုက”မေမွ်ာ္လင့္ထားတဲ့ရလဒ္တစ္ခုေၾကာင့္ ခက္ခဲတဲ့ရက္သတၱပတ္တစ္ခုရွိခဲ့တယ္ဆိုတာ ဒီပြဲမတိုင္ ကြၽန္ေတာ္တို႔သိထားတာပါ။ အသင္းက ဖိအားနည္းနည္းေအာက္ေရာက္ေနသလို ဝမ္းနည္းမႈလည္း နည္းနည္းရွိခဲ့တယ္။ ဒါေပမဲ့ ဒီေန႔မွာ ကြၽန္ေတာ္တို႔ အေျဖေကာင္းတစ္ခု ေပးႏိုင္ခဲ့ပါတယ္။

ကြၽန္ေတာ္တို႔ေကာင္းေကာင္းကန္ႏိုင္ခဲ့သလို ေကာင္းေကာင္းလည္း စတင္ႏိုင္ခဲ့တာပါ။ ကြၽန္ေတာ့္အေတြ႕အႀကဳံေတြနဲ႔အသင္းကို ကူညီေပးႏိုင္ဖို႔က ကြၽန္ေတာ့္အလုပ္ျဖစ္သလို ဒီေန႔လုပ္ႏိုင္ခဲ့လု႔ိ အရမ္းေက်နပ္ရပါတယ္။ ဒါေပမဲ့ အသင္းလိုက္ဆိုရင္ေတာ့ ကြၽန္ေတာ့္အျမင္အရ မယုံႏိုင္စရာစြမ္းေဆာင္မႈတစ္ခုလုပ္ႏိုင္ခဲ့တာပါ”လို႔ Sky Sports ႐ုပ္သံကို ေျပာၾကားခဲ့ပါတယ္။

စီေရာ္နယ္ဒိုအေနနဲ႔ လီဗာပူးကို အရွက္တကြဲဂိုးျပတ္ရႈံးခဲ့ၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ မီဒီယာကို ေျပာတာလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ ၃၆ ႏွစ္အ႐ြယ္ စီေရာ္နယ္ဒိုက မန္ယူရဲ႕ႀကီးမားတဲ့ပုံရိပ္ေၾကာင့္ ဖိအားဆိုတာ သာမန္သာျဖစ္ေၾကာင္း ရွင္းျပခဲ့ပါတယ္။

”ေဝဖန္မႈေတြဆိုတာကေတာ့ အၿမဲရွိေနမွာပါပဲ။ ကြၽန္ေတာ့္အတြက္ကေတာ့ အဲဒါေတြဟာ အေႏွာက္အယွက္မျဖစ္ပါဘူး။ ဘာေၾကာင့္လဲဆိုရင္ ကြၽန္ေတာ့္ရဲ႕၁၈ ႏွစ္ၾကာကစားခဲ့တဲ့အေတြ႕အႀကဳံအရ ဒီေန႔ ေကာင္းတယ္လို႔ ခ်ီးက်ဴးၿပီး ေနာက္တစ္ေန႔ ညံ့လိုက္တာလို႔ ေျပာတာေတြ ရွိေနမွာပါ။

အဲဒါကို ကြၽန္ေတာ္တို႔ ရင္ဆိုင္ႏိုင္ရမွာပါ။ ဒါေပမဲ့ လူေတြက ခ်ီးက်ဴးခ်ိန္ဆိုရင္ေတာ့ အၿမဲပိုေကာင္းတာေပါ့ဗ်ာ။ တစ္ခါတစ္ရံမွာ ဆိုး႐ြားတဲ့အခိုက္အတန႔္ေတြကို ကြၽန္ေတာ္တို႔ ေက်ာ္ျဖတ္ရမွာျဖစ္သလို ေျပာင္းလဲႏိုင္ရမွာလည္း ျဖစ္ၿပီး ဒီေန႔ ကြၽန္ေတာ္တို႔ ေျပာင္းလဲႏိုင္ခဲ့ပါတယ္”လို႔ စီေရာ္နယ္ဒိုက ဆက္လက္ေျပာၾကားခဲ့ပါတယ္။