စကားစစ်ထိုးချင်သူနှစ်ဦးအတွက် အကြောင်းပြချက်ကောင်းကောင်းရသွားတဲ့ ရော်နယ်ဒို

ရော်နယ်ဒို ယူနိုက်တက်ကနေ ထွက်ခွာခွင့်တောင်းလိုက်တဲ့သတင်းကအားလုံး ကို လှုပ်လှုပ်

ခတ်ခတ်ဖြစ်စေခဲ့ပါတယ်။ ရော်နယ်ဒိုအကြောင်းပြုပြီးကာရေဂါနဲ့ ဂယ်ရီနဗီးလ်ကတော့ လူ

မှုကွန်ရက်ပေါ်မှာ ပွဲဖြစ်နေကြပါတယ်။လီဗာပူး ဂန္တဝင် ကစားသမားဟောင်း ဖြစ်သူ ဂျေမီ ကာ

ရေဂါကသူ ထင်ထားတာတွေ တကယ် ဖြစ်ခဲ့ပြီလို့ ပြောရင်း ရော်နယ်ဒိုတစ်ယောက် ယူနိုက်

တက်ဆီကို မလာခင် မန်စီးတီး အသင်းရဲ့စိတ်ဝင်စားမှုကို ရခဲ့ပေမဲ့ ပယ်ချခဲ့တဲ့ အချက်ကိုထည့်

သွင်း ပြောဆိုခဲ့ပါတယ်။“ရော်နယ်ဒိုက ကျွန်တော် တွေးထားသလိုပဲ အတိအကျ လုပ်လာခဲ့တာ

ပါ။သူက ဂိုးတော့သွင်းတယ်။ဒါပေမယ့် အသင်းကို အခြေအနေပိုမိုဆိုးရွားစေခဲ့ပါတယ်။ အခု သူ

အသင်းကနေ ထွက်ခွင့်တောင်းလိုက်တာက ယူနိုက်တက်ကို ချစ်တဲ့စိတ်နဲ့ မန်စီးတီးကိုငြင်းလိုက်

တယ်ဆိုတဲ့ အတွေးအခေါ်သမားတွေကိုပါ -တ်ပစ်လိုက်တာပါပဲ” လို့ကာရေဂါက သူ့ရဲ့တွစ်တာ

မှာ လှောင်ပြောင်ရေးသားခဲ့ပါတယ်။အဲဒါကို နဗီးလ်က “မင်း ကိုယ့်လေနဲ့ကိုယ်ပိနေတာ ငါသိပါ

တယ်။ဒါပေမယ့် ရော်နယ်ဒိုက ယူနိုက်တက်အတွက် မန်စီးတီးကိုပယ်ချနိုင်တာပဲလေ။ သူက အ

ခုနွေရာသီမှာ အသင်းကနေထွက်ချင်လည်း ထွက်လို့ရတာပဲလေ။ အရင်ကလည်း ရော်နယ်ဒိုယူ

နိုက်တက်ကနေ ထွက်သွားတာပဲ ဒါပေမယ့် သူက အသင်းကိုချစ်မြတ်နိုးဆဲပါပဲ။ မင်းရဲ့ စနေည

က ပျော်ရွှင်ပြီး အောင်မြင်ပါစေကွာ”လို့ ပြန်လည် တုန့်ပြန်လိုက်ချိန် ကာရေဂါ က… ” စီးတီး

က သူ့ကိုမလိုချင်ခဲ့ပါဘူးကွ။ ဒါပေမဲ့ မင်းက Elvis မန်ချက်စတာ ရောက်လာပြီဆိုသလိုမျိုး ဒီ

စကားချည်း တွင်တွင် ပြောနေတုန်းနော်။Elvis က ထွက်သွားပြီဟ ” လို့ ပြန်လည် ပြောခဲ့ရာ န

ဗီးလ် က” စကားဝိုင်း နည်းတယ်ကွာ ” လို့ ပြန်ပြောခဲ့ပါတယ်။

ေရာ္နယ္ဒို ယူႏိုက္တက္ကေန ထြက္ခြာခြင့္ေတာင္းလိုက္တဲ့သတင္းကအားလုံး ကို လႈပ္လႈပ္

ခတ္ခတ္ျဖစ္ေစခဲ့ပါတယ္။ ေရာ္နယ္ဒိုအေၾကာင္းျပဳၿပီးကာေရဂါနဲ႔ ဂယ္ရီနဗီးလ္ကေတာ့ လူ

မႈကြန္ရက္ေပၚမွာ ပြဲျဖစ္ေနၾကပါတယ္။လီဗာပူး ဂႏၲဝင္ ကစားသမားေဟာင္း ျဖစ္သူ ေဂ်မီ ကာ

ေရဂါကသူ ထင္ထားတာေတြ တကယ္ ျဖစ္ခဲ့ၿပီလို႔ ေျပာရင္း ေရာ္နယ္ဒိုတစ္ေယာက္ ယူႏိုက္

တက္ဆီကို မလာခင္ မန္စီးတီး အသင္းရဲ႕စိတ္ဝင္စားမႈကို ရခဲ့ေပမဲ့ ပယ္ခ်ခဲ့တဲ့ အခ်က္ကိုထည့္

သြင္း ေျပာဆိုခဲ့ပါတယ္။“ေရာ္နယ္ဒိုက ကြၽန္ေတာ္ ေတြးထားသလိုပဲ အတိအက် လုပ္လာခဲ့တာ

ပါ။သူက ဂိုးေတာ့သြင္းတယ္။ဒါေပမယ့္ အသင္းကို အေျခအေနပိုမိုဆိုး႐ြားေစခဲ့ပါတယ္။ အခု သူ

အသင္းကေန ထြက္ခြင့္ေတာင္းလိုက္တာက ယူႏိုက္တက္ကို ခ်စ္တဲ့စိတ္နဲ႔ မန္စီးတီးကိုျငင္းလိုက္

တယ္ဆိုတဲ့ အေတြးအေခၚသမားေတြကိုပါ -တ္ပစ္လိုက္တာပါပဲ” လို႔ကာေရဂါက သူ႔ရဲ႕တြစ္တာ

မွာ ေလွာင္ေျပာင္ေရးသားခဲ့ပါတယ္။အဲဒါကို နဗီးလ္က “မင္း ကိုယ့္ေလနဲ႔ကိုယ္ပိေနတာ ငါသိပါ

တယ္။ဒါေပမယ့္ ေရာ္နယ္ဒိုက ယူႏိုက္တက္အတြက္ မန္စီးတီးကိုပယ္ခ်ႏိုင္တာပဲေလ။ သူက အ

ခုေႏြရာသီမွာ အသင္းကေနထြက္ခ်င္လည္း ထြက္လို႔ရတာပဲေလ။ အရင္ကလည္း ေရာ္နယ္ဒိုယူ

ႏိုက္တက္ကေန ထြက္သြားတာပဲ ဒါေပမယ့္ သူက အသင္းကိုခ်စ္ျမတ္ႏိုးဆဲပါပဲ။ မင္းရဲ႕ စေနည

က ေပ်ာ္႐ႊင္ၿပီး ေအာင္ျမင္ပါေစကြာ”လို႔ ျပန္လည္ တုန႔္ျပန္လိုက္ခ်ိန္ ကာေရဂါ က… ” စီးတီး

က သူ႔ကိုမလိုခ်င္ခဲ့ပါဘူးကြ။ ဒါေပမဲ့ မင္းက Elvis မန္ခ်က္စတာ ေရာက္လာၿပီဆိုသလိုမ်ိဳး ဒီ

စကားခ်ည္း တြင္တြင္ ေျပာေနတုန္းေနာ္။Elvis က ထြက္သြားၿပီဟ ” လို႔ ျပန္လည္ ေျပာခဲ့ရာ န

ဗီးလ္ က” စကားဝိုင္း နည္းတယ္ကြာ ” လို႔ ျပန္ေျပာခဲ့ပါတယ္။