ဂျော့မန်းဒက်စ်နဲ့ တွေ့ဆုံခဲ့ပြီး သရဲနီတိုက်စစ်မှူးကို စတန်းဖို့ဒ်ဘရစ်ဂ်ျဆီ ခေါ်ဆောင်ဖို့ ဆွေးနွေးခဲ့တဲ့ ချဲလ်ဆီးပိုင်ရှင်သစ်

ချယ်လ်ဆီးအသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလေဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်

စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်းဒက်စ်နဲ့ ပြီးခဲ့တဲ့တစ်ပတ်က တွေ့ဆုံ

ခဲ့ပြီး ရိုနယ်ဒိုကို စတန်းဖို့ဒ်ဘရစ်ဂ်ျဆီ ခေါ်ဆောင်ဖို့ရာကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း

သိရပါတယ်။ နာမည်ကြီးသတင်းဌာနတစ်ခုဖြစ်တဲ့ The Athletic ကလည်းပြီးခဲ့တဲ့လက ချယ်လ်

ဆီးအသင်းကို ရိုမန် အေဘရာမိုဗစ်ဆီကနေ ဝယ်ယူခဲ့တဲ့ ဘိုလေဟာ စူပါအေးဂျင့် မန်းဒက်စ်နဲ့

ပေါ်တူဂီမှာ တွေ့ဆုံခဲ့တယ်ဆိုပြီး အခိုင်အမာဖော်ပြလာပါတယ်။ ဘိုလေဟာ ရိုမဲလု လူကာကူး

ရဲ့ နေရာမှာ အစားထိုးဖို့အတွက် တိုက်စစ်မှူးတစ်ဦး ရှာဖွေနေတာဖြစ်ပြီး အိုးထရက်ဖို့ဒ်က ရို

နယ်ဒိုရဲ့ အခြေအနေနဲ့ အနောက်လန်ဒန်ကို ပေါ်တူဂီဂန္တဝင်ပြောင်းရွှေ့လာနိုင်တဲ့ အလားအ

လာတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမား လူကာကူးဟာ ချယ်လ်

ဆီးအသင်းကို ပေါင် ၉၇.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ကွင်းတွင်း ခြေစွမ်းမပြနိုင်ခဲ့တဲ့

အပြင် ကွင်းပြင်ပပြဿနာတွေလည်း ဖြစ်ခဲ့ပြီးတဲ့နောက် အသင်းဟောင်း အင်တာမီလန်ကို

တစ်ရာသီအငှားနဲ့ ပြန်လည်ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ နည်းပြ

သောမတ်စ် တူချယ်ရဲ့ တိုက်စစ်ရွေးချယ်မှုအပိုင်းကို တိုးမြှင့်ဖို့ရာအတွက် ရောဘတ် လီဝန်

ဒေါ့စကီး၊ ဂါဘရီရယ် ဂျီးဆပ်၊ ရာဟီး စတားလင်းနဲ့ ရစ်ချာလီဆန်တို့ကိုလည်း စိတ်ဝင်စား

နေကြောင်း ပြသထားပါတယ်။ ဒါပေမယ့် ဘိုလေဟာ မန်းဒက်စ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့

နောက် ရွှေဘောလုံးငါးလုံးဆုရှင်ရိုနယ်ဒိုဟာလည်း နောက်ထပ်ပစ်မှတ်တစ်ဦး ဖြစ်လာခဲ့ပါ

တယ်။ ရိုနယ်ဒိုဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၃၈ ပွဲ ပါဝင်က

စားပေးခဲ့ပြီးတော့ ၂၄ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ ရိုနယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီတုန်း

က မန်ယူအသင်းကို ပြန်လာဖို့ ခေါင်းညိတ်ခဲ့စဉ်က ချုပ်ဆိုခဲ့တဲ့ ၂ နှစ် စာချုပ်သက်တမ်း

မှာ ၁၂ လ ကျန်ရှိနေသေးပြီး၊ တစ်နှစ်ထပ်မံသက်တမ်းတိုးခွင့်လည်း ရှိနေပါတယ်။

ခ်ယ္လ္ဆီးအသင္းပိုင္ရွင္သစ္ ေတာ့ဒ္ ဘိုေလဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ တိုက္

စစ္မႉး ခရစၥတီယာႏို ႐ိုနယ္ဒိုရဲ႕ ေအးဂ်င့္ျဖစ္သူ ေဂ်ာ့မန္းဒက္စ္နဲ႔ ၿပီးခဲ့တဲ့တစ္ပတ္က ေတြ႕ဆုံ

ခဲ့ၿပီး ႐ိုနယ္ဒိုကို စတန္းဖို႔ဒ္ဘရစ္ဂ္်ဆီ ေခၚေဆာင္ဖို႔ရာကိစၥနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးခဲ့ေၾကာင္း

သိရပါတယ္။ နာမည္ႀကီးသတင္းဌာနတစ္ခုျဖစ္တဲ့ The Athletic ကလည္းၿပီးခဲ့တဲ့လက ခ်ယ္လ္

ဆီးအသင္းကို ႐ိုမန္ ေအဘရာမိုဗစ္ဆီကေန ဝယ္ယူခဲ့တဲ့ ဘိုေလဟာ စူပါေအးဂ်င့္ မန္းဒက္စ္နဲ႔

ေပၚတူဂီမွာ ေတြ႕ဆုံခဲ့တယ္ဆိုၿပီး အခိုင္အမာေဖာ္ျပလာပါတယ္။ ဘိုေလဟာ ႐ိုမဲလု လူကာကူး

ရဲ႕ ေနရာမွာ အစားထိုးဖို႔အတြက္ တိုက္စစ္မႉးတစ္ဦး ရွာေဖြေနတာျဖစ္ၿပီး အိုးထရက္ဖို႔ဒ္က ႐ို

နယ္ဒိုရဲ႕ အေျခအေနနဲ႔ အေနာက္လန္ဒန္ကို ေပၚတူဂီဂႏၲဝင္ေျပာင္းေ႐ႊ႕လာႏိုင္တဲ့ အလားအ

လာတို႔ကို ေဆြးေႏြးခဲ့ၾကပါတယ္။ ဘယ္လ္ဂ်ီယံလက္ေ႐ြးစင္ကစားသမား လူကာကူးဟာ ခ်ယ္လ္

ဆီးအသင္းကို ေပါင္ ၉၇.၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ ကြင္းတြင္း ေျခစြမ္းမျပႏိုင္ခဲ့တဲ့

အျပင္ ကြင္းျပင္ပျပႆနာေတြလည္း ျဖစ္ခဲ့ၿပီးတဲ့ေနာက္ အသင္းေဟာင္း အင္တာမီလန္ကို

တစ္ရာသီအငွားနဲ႔ ျပန္လည္ေျပာင္းေ႐ႊ႕သြားခဲ့ၿပီ ျဖစ္ပါတယ္။ ခ်ယ္လ္ဆီးအသင္းဟာ နည္းျပ

ေသာမတ္စ္ တူခ်ယ္ရဲ႕ တိုက္စစ္ေ႐ြးခ်ယ္မႈအပိုင္းကို တိုးျမႇင့္ဖို႔ရာအတြက္ ေရာဘတ္ လီဝန္

ေဒါ့စကီး၊ ဂါဘရီရယ္ ဂ်ီးဆပ္၊ ရာဟီး စတားလင္းနဲ႔ ရစ္ခ်ာလီဆန္တို႔ကိုလည္း စိတ္ဝင္စား

ေနေၾကာင္း ျပသထားပါတယ္။ ဒါေပမယ့္ ဘိုေလဟာ မန္းဒက္စ္နဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးတဲ့

ေနာက္ ေ႐ႊေဘာလုံးငါးလုံးဆုရွင္႐ိုနယ္ဒိုဟာလည္း ေနာက္ထပ္ပစ္မွတ္တစ္ဦး ျဖစ္လာခဲ့ပါ

တယ္။ ႐ိုနယ္ဒိုဟာ ၿပီးခဲ့တဲ့ေဘာလုံးရာသီမွာ မန္ယူအသင္းအတြက္ ၿပိဳင္ပြဲစုံ ၃၈ ပြဲ ပါဝင္က

စားေပးခဲ့ၿပီးေတာ့ ၂၄ ဂိုးအထိ သြင္းယူေပးခဲ့ပါတယ္။ ႐ိုနယ္ဒိုဟာ ၿပီးခဲ့တဲ့ေႏြရာသီတုန္း

က မန္ယူအသင္းကို ျပန္လာဖို႔ ေခါင္းညိတ္ခဲ့စဥ္က ခ်ဳပ္ဆိုခဲ့တဲ့ ၂ ႏွစ္ စာခ်ဳပ္သက္တမ္း

မွာ ၁၂ လ က်န္ရွိေနေသးၿပီး၊ တစ္ႏွစ္ထပ္မံသက္တမ္းတိုးခြင့္လည္း ရွိေနပါတယ္။