ဂျူဗင်တပ်ကြောင့် စိတ်သောကရောက်လာတဲ့ပရိသတ်တွေကို ကတိတစ်ခုပေးလာတဲ့ လီဗာပူးစတား

လီဗာပူးစတားရောဘတ်တိုဖာမီနိုဟာသူ့ကိုခေါ်ယူရန်ဂျူဗင်တပ်ကပစ်မှတ်ထားနေကြောင်းသ

တင်းထွက်ပေါ်လာပြီးနောက်သူ့အနာဂတ်နှင့်ပတ်သက်ပြီးဖွင့်ချလာပါတယ်။လီဗာပူးနှင့်အတူ

ကွန်မြူနတီဒိုင်းဆွတ်ခူးပြီးနောက်TNT Brasilနှင့်အင်တာဗျူးတွင်ဖာမီနိုက “ဒီအသင်း၊ဒီမြို့နဲ့ဒီ

ပရိသတ်တွေကိုချစ်တယ်။အခုဒီမှာကျွန်တော်ရှိနေတယ်။ဒီမှာပဲဆက်ကစားချင်တယ်”လို့ပြော

ကြားလာပါတယ်။ယင်းသို့ပြောကြားလာမှုကဖာမီနိုကိုဆုံးရှုံးရမည်ကိုစိုးရမ်နေတဲ့လီဗာပူးပရိ

သတ်များအတွက်ကျေနပ်နေကြပါတယ်။လီဗာပူးပရိသတ်များဟာမာနေးကိုဆုံးရှုံးလိုက်ရပြီး

နောက်ဖာမီနိုကိုလည်းထပ်မံဆုံးရှုံးရမည်ကိုစိုးရိမ်နေခဲ့ကြပါတယ်။ဒါပေမဲ့ကလော့ပ်ကတော့မို

ဟာမက်ဆာလက်နှင့်ဖာမီနိုတို့ကိုသူ့ရဲ့လီဗာပူးစီမံကိန်းတွင်ထည့်သွင်းထားတုန်းဖြစ်ပါတယ်။မို

ဟာမက်ဆာလက်ဟာလီဗာပူးနှင့်စာချုပ်သစ်ချုပ်ဆိုထားပါတယ်။အသက်၃၀နှစ်ရှိဘရာဇီးတိုက်

စစ်မှူးဟာလီဗာပူးနှင့်တစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့ပြီဖြစ်ပြီးမကြာမီစာချုပ်သစ်ချုပ်

ဆိုခြင်းခံရဖို့ရှိနေပါတယ်။

လီဗာပူးစတားေရာဘတ္တိုဖာမီႏိုဟာသူ႔ကိုေခၚယူရန္ဂ်ဴဗင္တပ္ကပစ္မွတ္ထားေနေၾကာင္းသ

တင္းထြက္ေပၚလာၿပီးေနာက္သူ႔အနာဂတ္ႏွင့္ပတ္သက္ၿပီးဖြင့္ခ်လာပါတယ္။လီဗာပူးႏွင့္အတူ

ကြန္ျမဴနတီဒိုင္းဆြတ္ခူးၿပီးေနာက္TNT Brasilႏွင့္အင္တာဗ်ဴးတြင္ဖာမီႏိုက “ဒီအသင္း၊ဒီၿမိဳ႕နဲ႔ဒီ

ပရိသတ္ေတြကိုခ်စ္တယ္။အခုဒီမွာကြၽန္ေတာ္ရွိေနတယ္။ဒီမွာပဲဆက္ကစားခ်င္တယ္”လို႔ေျပာ

ၾကားလာပါတယ္။ယင္းသို႔ေျပာၾကားလာမႈကဖာမီႏိုကိုဆုံးရႈံးရမည္ကိုစိုးရမ္ေနတဲ့လီဗာပူးပရိ

သတ္မ်ားအတြက္ေက်နပ္ေနၾကပါတယ္။လီဗာပူးပရိသတ္မ်ားဟာမာေနးကိုဆုံးရႈံးလိုက္ရၿပီး

ေနာက္ဖာမီႏိုကိုလည္းထပ္မံဆုံးရႈံးရမည္ကိုစိုးရိမ္ေနခဲ့ၾကပါတယ္။ဒါေပမဲ့ကေလာ့ပ္ကေတာ့မို

ဟာမက္ဆာလက္ႏွင့္ဖာမီႏိုတို႔ကိုသူ႔ရဲ႕လီဗာပူးစီမံကိန္းတြင္ထည့္သြင္းထားတုန္းျဖစ္ပါတယ္။မို

ဟာမက္ဆာလက္ဟာလီဗာပူးႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုထားပါတယ္။အသက္၃၀ႏွစ္ရွိဘရာဇီးတိုက္

စစ္မႉးဟာလီဗာပူးႏွင့္တစ္ႏွစ္စာခ်ဳပ္သက္တမ္းသာက်န္ေတာ့ၿပီျဖစ္ၿပီးမၾကာမီစာခ်ဳပ္သစ္ခ်ဳပ္

ဆိုျခင္းခံရဖို႔ရွိေနပါတယ္။