ဂျာမန်ဘောလုံးဗိသုကာပညာရှင်ရန်းနစ်ကို မန်ယူယာယီနည်းပြအဖြစ်ခန့်အပ်

မန်ယူအသင်းဟာ လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် ဂျာမန်နည်းပြရန်းနစ်ကို ခန့်အပ်ဖို့ သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဆိုးလ်ရှားကို နည်းပြရာထူးကနေ ထုတ်ပယ်လိုက်တဲ့ မန်ယူအသင်းဟာ နည်းပြသစ်နေရာအတွက်

ပိုချက်တီနိုကို ခန့်အပ်ဖို့ နီးစပ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့်

လက်ရှိမှာတော့ ရန်းနစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်လိုက်တာပါ။

မန်ယူအသင်းဟာ ရန်းနစ်မတိုင်ခင် ဘာစီလိုနာနည်းပြဟောင်း ဗယ်ဗာဒီကို ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့

ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။

အခုခန့်အပ် လိုက်တဲ့ ရန်းနစ်ဟာ လစ်ပ်ဇစ်အသင်းရဲ့ အားကစားဒါရိုက်တာဟောင်းတစ်ဦးဖြစ်သလို

လက်ရှိမှာ ရုရှားကလပ် လိုကိုမိုးတစ်မော်စကိုအသင်းရဲ့ အားကစားဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ဒါရိုက်တာ အဖြစ်ဆောင်ရွက်နေသူဖြစ်ပါတယ်။

ရန်းနစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့သဘောတူညီမှု ရရှိခဲ့ပြီ ဆိုပေမယ့်

လာမယ့် တနင်္ဂနွေနေ့မှာ ရင်ဆိုင်ရမယ့် ချဲလ်ဆီးအသင်းနဲ့ပွဲစဉ်မှာတော့ လက်ရှိယာယီနည်းပြ အဖြစ်ဆောင်ရွက်နေတဲ့

မိုက်ကယ်ကားရစ်သာ ဆက်လက်ကိုင်တွယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အသက် ၆၃ နှစ်အရွယ် ရန်းနစ်ဟာ ဂျာမန်ဘောလုံးလောကရဲ့ Godfather အဖြစ် တင်စားခံထား ရသူဖြစ်သလို၊

ဂျာမန်ဘောလုံးနည်းစနစ်ပိုင်းဆိုင်ရာ ဗိသုကာအဖြစ်လည်း ကင်ပွန်းတပ်ခြင်း ခံထားရသူပါ။

အဲဒီလိုဘွဲ့ထူးတွေနဲ့ ချီးကျူးခံထားရတာကတော့ ဂျာမန်ဘောလုံးလောကကို တစ်ခေတ်ဆန်းစေမယ့် ခေတ်သစ်ဘောလုံးကစားနည်းနဲ့ မိတ်ဆက်ပေးနိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။

ဂျာမန်ဘောလုံးလောကကို ရန်းနစ်မိတ်ဆက်ပေးခဲ့တာက Gegenpressing လို့ခေါ်တဲ့ တန်ပြန် ဖိအားပေးတဲ့ မော်ဒန်ဘောလုံးကစားဟန်ဖြစ်ပြီး

ဂျာမနီလက်ရွေးစင်းအသင်းနဲ့ ဂျာမန်ကလပ်တွေ အသုံးပြုလေ့ရှိတဲ့ ကစားဟန်ဖြစ်ပါတယ်။

လက်ရှိ လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ကလည်း အဲဒီကစားဟန်ကို အသုံးပြုလေ့ရှိသူဖြစ်ပါတယ်။

ဘောလုံးလောကမှာ နည်းစနစ်ပိုင်းအယူအဆ၊ အတွေးအခေါ်ပေါင်းများစွာရှိတဲ့ထဲက Gegenpressing က ပြိုင်ဘက်အသင်းကို ဖိအားပေးနေချိန်မှာ

အားနည်းတဲ့ခံစစ်နေရာကို ဇွဲရှိရှိနဲ့ စောင့်ကြည့်ပြီး ပစ်မှတ်ထားထိုးဖောက်တဲ့ကစားဟန်ဖြစ်ပါတယ်။

zawgyi

ဂ်ာမန္ေဘာလုံးဗိသုကာပညာရွင္ရန္းနစ္ကို မန္ယူယာယီနည္းျပအျဖစ္ခန႔္အပ္

မန္ယူအသင္းဟာ လစ္လပ္ေနတဲ့ နည္းျပရာထူးအတြက္ ဂ်ာမန္နည္းျပရန္းနစ္ကို ခန႔္အပ္ဖို႔ သေဘာတူညီမႈရရွိသြားခဲ့ၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက ဆိုးလ္ရွားကို နည္းျပရာထူးကေန ထုတ္ပယ္လိုက္တဲ့ မန္ယူအသင္းဟာ နည္းျပသစ္ေနရာအတြက္

ပိုခ်က္တီႏိုကို ခန႔္အပ္ဖို႔ နီးစပ္ေနတယ္လို႔ သတင္းေတြထြက္ေပၚေနေပမယ့္ လက္ရွိမွာေတာ့ ရန္းနစ္ကို ယာယီနည္းျပအျဖစ္ ခန႔္အပ္လိုက္တာပါ။

မန္ယူအသင္းဟာ ရန္းနစ္မတိုင္ခင္ ဘာစီလိုနာနည္းျပေဟာင္း ဗယ္ဗာဒီကို ယာယီနည္းျပအျဖစ္ ခန႔္အပ္ဖို႔ ေဆြးေႏြးမႈေတြျပဳလုပ္ခဲ့တယ္လို႔လည္း သတင္းေတြထြက္ေပၚခဲ့ပါေသးတယ္။

အခုခန႔္အပ္ လိုက္တဲ့ ရန္းနစ္ဟာ လစ္ပ္ဇစ္အသင္းရဲ႕ အားကစားဒါ႐ိုက္တာေဟာင္းတစ္ဦးျဖစ္သလို

လက္ရွိမွာ ႐ုရွားကလပ္ လိုကိုမိုးတစ္ေမာ္စကိုအသင္းရဲ႕ အားကစားဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္ေရးဒါ႐ိုက္တာ အျဖစ္ေဆာင္႐ြက္ေနသူျဖစ္ပါတယ္။

ရန္းနစ္ကို ယာယီနည္းျပအျဖစ္ ခန႔္အပ္ဖို႔သေဘာတူညီမႈ ရရွိခဲ့ၿပီ ဆိုေပမယ့္ လာမယ့္ တနဂၤေႏြေန႔မွာ ရင္ဆိုင္ရမယ့္ ခ်ဲလ္ဆီးအသင္းနဲ႔ပြဲစဥ္မွာေတာ့

လက္ရွိယာယီနည္းျပ အျဖစ္ေဆာင္႐ြက္ေနတဲ့ မိုက္ကယ္ကားရစ္သာ ဆက္လက္ကိုင္တြယ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

အသက္ ၆၃ ႏွစ္အ႐ြယ္ ရန္းနစ္ဟာ ဂ်ာမန္ေဘာလုံးေလာကရဲ႕ Godfather အျဖစ္ တင္စားခံထား ရသူျဖစ္သလို၊

ဂ်ာမန္ေဘာလုံးနည္းစနစ္ပိုင္းဆိုင္ရာ ဗိသုကာအျဖစ္လည္း ကင္ပြန္းတပ္ျခင္း ခံထားရသူပါ။

အဲဒီလိုဘြဲ႕ထူးေတြနဲ႔ ခ်ီးက်ဴးခံထားရတာကေတာ့ ဂ်ာမန္ေဘာလုံးေလာကကို တစ္ေခတ္ဆန္းေစမယ့္

ေခတ္သစ္ေဘာလုံးကစားနည္းနဲ႔ မိတ္ဆက္ေပးႏိုင္ခဲ့တာေၾကာင့္ျဖစ္ပါတယ္။

ဂ်ာမန္ေဘာလုံးေလာကကို ရန္းနစ္မိတ္ဆက္ေပးခဲ့တာက Gegenpressing လို႔ေခၚတဲ့ တန္ျပန္ ဖိအားေပးတဲ့

ေမာ္ဒန္ေဘာလုံးကစားဟန္ျဖစ္ၿပီး ဂ်ာမနီလက္ေ႐ြးစင္းအသင္းနဲ႔ ဂ်ာမန္ကလပ္ေတြ အသုံးျပဳေလ့ရွိတဲ့ ကစားဟန္ျဖစ္ပါတယ္။

လက္ရွိ လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ကလည္း အဲဒီကစားဟန္ကို အသုံးျပဳေလ့ရွိသူျဖစ္ပါတယ္။

ေဘာလုံးေလာကမွာ နည္းစနစ္ပိုင္းအယူအဆ၊ အေတြးအေခၚေပါင္းမ်ားစြာရွိတဲ့ထဲက Gegenpressin က

ၿပိဳင္ဘက္အသင္းကို ဖိအားေပးေနခ်ိန္မွာ အားနည္းတဲ့ခံစစ္ေနရာကို ဇြဲရွိရွိနဲ႔ ေစာင့္ၾကည့္ၿပီး ပစ္မွတ္ထားထိုးေဖာက္တဲ့ကစားဟန္ျဖစ္ပါတယ္။

The post ဂျာမန်ဘောလုံးဗိသုကာပညာရှင်ရန်းနစ်ကို မန်ယူယာယီနည်းပြအဖြစ်ခန့်အပ် appeared first on .