ဂျက်ဂရဲလ်လစ်ရှ်ကို ပုံမှန်ပွဲထွက်ခွင့်ရအောင် ဘာလုပ်ရမလဲဆိုတာ အကြံပေးလိုက်တဲ့ အင်္ဂလန်နည်းပြဂါရတ်ဆောက်ဂိတ်

အင်္ဂလန်နည်းပြဂါရတ်ဆောက်ဂိတ်ကဂျက်ဂရဲလ်လစ်ရှ်အနေဖြင့်အင်္ဂလန်တွင်ပွဲ

ထွက်ကစားခွင့်ရရှိရန်အတွက်ခံစစ်ပိုင်းပိုမိုကောင်းမွန်အောင်လုပ်ဆောင်ရမည်

ဖြစ်ကြောင်းပြောကြားလာပါတယ်။ဂျက်ဂရဲလ်လစ်ရှ်ဟာယခုအပတ်အစောပိုင်း

တုန်းကဂျာမနီနှင့်တစ်ဂိုးစီသရေကျတဲ့ပွဲတွင် ပွဲပြီးရန် ၁၈မိနစ်တွင်မှလူစားဝင်

ရောက်ကစားခွင့်ရခဲ့ပါတယ်။ဒါပေမဲ့သူဟာအခွင့်အရေးတချို့ဖန်တီးနိုင်ခဲ့တဲ့

အပြင် ဟယ်ရီကိန်ရဲ့ပင်နယ်တီရရှိမှုတွင်ပါဝင်ပတ်သက်ခဲ့ပါတယ်။ဆောက်ဂိတ်

ရဲ့အင်္ဂလန်ဟာနေးရှင်းလိဂ်ပွဲစဉ်များအဖြစ်အီတလီ၊ဟန်ဂေရီတို့နှင့်ရင်ဆိုင်ကစား

ရပါဦးမယ်။ပရိသတ်တော်တော်များများကဂျာမနီနှင့်ပွဲတွင်ခြေစွမ်းပြခဲ့တဲ့ဂျကရဲ

လ်လစ်ရှ်ကိုပွဲထွက်ကစားသမားအဖြစ်အသုံးပြုသင့်တယ်လို့ယုံကြည်နေကြပါ

တယ်။ဒါပေမဲ့ဆောက်ဂိတ်က “သူ့ကိုယုံကြည်မှုမရှိရင်မသုံးပါဘူး။သူကွဲပြား

အောင်လုပ်နိုင်တယ်လို့ယုံကြည်လို့မိနစ်၂၀အလိုမှာသူ့ကိုထည့်သွင်းခဲ့တာပါ။ပွဲ

အစမှာတောင်ပံကစားသမားတွေအနေနဲ့တိုက်စစ်မှာကစားသလိုခံစစ်မှာလည်း

ကူညီရမယ်။နည်းစနစ်ပိုင်းအရဂိုးသွင်းနိုင်ဖို့လည်းကြိုးပမ်းရမယ်။ဒါကဂျက်

တိုးတက်အောင်လုပ်ရမယ့်အပိုင်းတွေပါ။သူဘောလုံးသယ်ဆောင်သွားတဲ့အချိန်

မျိုးမှာဆိုပွဲကနေရာလွတ်ထွက်လာပြီးအခွင့်အရေးအနည်းငယ်ပိုရလာတယ်။သူနဲ့

ဂျာရော့ဒ်ဘိုဝင်းတို့တိုက်စစ်မှာလုပ်ဆောင်ခဲ့တာတွေကအရမ်းကောင်းတယ်။

နေရာအတွက်ယှဉ်ပြိုင်မှုကောင်းတွေရှိတယ်။စိန်ခေါ်မှုကောင်းတွေရှိတယ်။ဆက်

ပြီးတော့သူတို့ကိုတွန်းသွားရမယ်”လို့ပြောကြားသွားပါတယ်။

အဂၤလန္နည္းျပဂါရတ္ေဆာက္ဂိတ္ကဂ်က္ဂရဲလ္လစ္ရွ္အေနျဖင့္အဂၤလန္တြင္ပြဲ

ထြက္ကစားခြင့္ရရွိရန္အတြက္ခံစစ္ပိုင္းပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္ရမည္

ျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။ဂ်က္ဂရဲလ္လစ္ရွ္ဟာယခုအပတ္အေစာပိုင္း

တုန္းကဂ်ာမနီႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲတြင္ ပြဲၿပီးရန္ ၁၈မိနစ္တြင္မွလူစားဝင္

ေရာက္ကစားခြင့္ရခဲ့ပါတယ္။ဒါေပမဲ့သူဟာအခြင့္အေရးတခ်ိဳ႕ဖန္တီးႏိုင္ခဲ့တဲ့

အျပင္ ဟယ္ရီကိန္ရဲ႕ပင္နယ္တီရရွိမႈတြင္ပါဝင္ပတ္သက္ခဲ့ပါတယ္။ေဆာက္ဂိတ္

ရဲ႕အဂၤလန္ဟာေနးရွင္းလိဂ္ပြဲစဥ္မ်ားအျဖစ္အီတလီ၊ဟန္ေဂရီတို႔ႏွင့္ရင္ဆိုင္ကစား

ရပါဦးမယ္။ပရိသတ္ေတာ္ေတာ္မ်ားမ်ားကဂ်ာမနီႏွင့္ပြဲတြင္ေျခစြမ္းျပခဲ့တဲ့ဂ်ကရဲ

လ္လစ္ရွ္ကိုပြဲထြက္ကစားသမားအျဖစ္အသုံးျပဳသင့္တယ္လို႔ယုံၾကည္ေနၾကပါ

တယ္။ဒါေပမဲ့ေဆာက္ဂိတ္က “သူ႔ကိုယုံၾကည္မႈမရွိရင္မသုံးပါဘူး။သူကြဲျပား

ေအာင္လုပ္ႏိုင္တယ္လို႔ယုံၾကည္လို႔မိနစ္၂၀အလိုမွာသူ႔ကိုထည့္သြင္းခဲ့တာပါ။ပြဲ

အစမွာေတာင္ပံကစားသမားေတြအေနနဲ႔တိုက္စစ္မွာကစားသလိုခံစစ္မွာလည္း

ကူညီရမယ္။နည္းစနစ္ပိုင္းအရဂိုးသြင္းႏိုင္ဖို႔လည္းႀကိဳးပမ္းရမယ္။ဒါကဂ်က္

တိုးတက္ေအာင္လုပ္ရမယ့္အပိုင္းေတြပါ။သူေဘာလုံးသယ္ေဆာင္သြားတဲ့အခ်ိန္

မ်ိဳးမွာဆိုပြဲကေနရာလြတ္ထြက္လာၿပီးအခြင့္အေရးအနည္းငယ္ပိုရလာတယ္။သူနဲ႔

ဂ်ာေရာ့ဒ္ဘိုဝင္းတို႔တိုက္စစ္မွာလုပ္ေဆာင္ခဲ့တာေတြကအရမ္းေကာင္းတယ္။

ေနရာအတြက္ယွဥ္ၿပိဳင္မႈေကာင္းေတြရွိတယ္။စိန္ေခၚမႈေကာင္းေတြရွိတယ္။ဆက္

ၿပီးေတာ့သူတို႔ကိုတြန္းသြားရမယ္”လို႔ေျပာၾကားသြားပါတယ္။