ဂါလာတာစာရေးထံမှ မက်လောက်စရာကောင်းတဲ့လုပ်ခဖြင့် ကမ်းလှမ်းမှုရရှိလာခဲ့တဲ့ အဲဗာတန်အပယ်ခံ
ဂိုင်ဖီဆီဂတ်ဆင်ဟာ၂၀၂၁-၂၂ဘောလုံးရာသီအကုန်တွင်အဲဗာတန်မှထွက်ခွာလာခဲ့ရပြီးနောက်
ကလပ်သစ်ရှာဖွေတွေ့ရှိလုနီးပါးဖြစ်နေပြီဖြစ်ပါတယ်။တူရကီမီဒီယာများရဲ့ဖော်ပြချက်အရအိုင်
စလန်လက်ရွေးစင်ကစားသမားဟာဂါလာတာစာရေးထံမှမက်လောက်စရာကောင်းတဲ့လုပ်ခ
ဖြင့်ကမ်းလှမ်းမှုရရှိလာပြီးနောက်သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်းသိရပါတယ်။စပါးစ်နှင့်
ဆွမ်စီးကစားသမားဟောင်းဟာပွဲကစားခွင့်မရရှိလာခဲ့တာတစ်နှစ်နီးပါးရှိနေပြီဖြစ်ပေမဲ့ဂါလာ
တာစာရေးတွင်တစ်နှစ်လုပ်ခပေါင်၁.၇သန်းရရှိလာပါမယ်။ဂါလာတာစာရေးဟာတူရကီထိပ်သီး
ကလပ်တစ်ခုအဖြစ်လူသိများပေမဲ့လည်းပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့အဆင့်၁၃နေရာမှာသာ
ရပ်တည်နိုင်ခဲ့ကာစိတ်ပျက်စရာရာသီတစ်ခုကြုံခဲ့ရပါတယ်။၎င်းတို့နောက်ဆုံးအကြိမ်တူရကီအ
ဆင့်မြင့်တန်းဖလားရရှိခဲ့တာ၂၀၁၈-၁၉ရာသီတုန်းကဖြစ်ပြီး အမှတ်ပေးဖလား၂၂ကြိမ်ဖြင့်အ
မှတ်ဆုံးဆွတ်ခူးထားပါတယ်။အသက်၃၂နှစ်ရှိဆီဂတ်ဆင်ဟာအဲဗာတန်အတွက်နောက်ဆုံးက
စားခဲ့တာ၂၀၂၁ခုနှစ်၊မေလတုန်းကဖြစ်ပြီးယင်းနောက်ပိုင်းတွင်သူဟာကွင်းပြင်ပပြဿနာကြောင့်
ပွဲကစားခွင့်ရရှိလာခြင်းမရှိပါဘူး။