ဂါနာနဲ့ပွဲစဉ်အတွင်းမှာ ပရိသတ်တွေအဖြေရှာမရနိုင်သေးတဲ့ အပြုအမူပြုလုပ်ခဲ့တဲ့ ရော်နယ်ဒို

ဂါနာနဲ့ကစားခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ ပေါ်တူဂီစူပါစတားစီရော်နယ်ဒိုရဲ့ထူးဆန်းတဲ့အပြုအမူတစ်ခုကို

ရုပ်သံပရိသတ်တွေက သတိထားမိသွားခဲ့ကြပါတယ်။အဲဒီပေါ်တူဂီအသင်းခေါင်းဆောင်ဟာ ပွဲချိန်အခိုက်

အတန့်တစ်ခုမှာပရိသတ်တွေအတွက်နားမလည်နိုင်တဲ့အပြုအမူတစ်ခုကိုလုပ်ခဲ့တာပါ။သူကလမ်းလျှောက်

နေရင်းနဲ့ ဘောင်းဘီဂွကြားထဲကို လက်နှိုက်လိုက်ပါတယ်။အဲဒီနောက် တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်ပြီး

ပါးစပ်ထဲကို ပစ်ထည့်ကောက်ဝါးလိုက်တာ ဖြစ်ပါတယ်။ အဲဒါကို သတိထားမိသွားတဲ့ပရိသတ်တွေက စီ

ရော်နယ်ဒိုတစ်ယောက် ဘာများလုပ်တာလဲလို့စဉ်းစားနေကြတာပါ။ ဆိုရှယ်မီဒီယာပေါ်က ပရိသတ်တစ်

ယောက်က”ရော်နယ်ဒိုစားတာက ဘာလဲ”လို့ မေးခွန်းထုတ်ခဲ့ပါတယ်။နောက်ထပ်ပရိသတ်တစ်ယောက်

ကလည်း ”စီရော်နယ်ဒိုကတော့ဂျိအာချင်လို(ဂျာမနီအသင်းနည်းပြဟောင်း)ဂုဏ်ယူအောင်လုပ်နေတယ်”

လို့ မှတ်ချက်ပေးခဲ့တာပါ။ ဂျာမနီနည်းပြဟောင်းဂျိုအာချင်လိုဟာ ပွဲစဉ်တွေမှာ သူ့ရဲ့ထူးဆန်းတဲ့အပြုအ

မူတွေနဲ့ပရိသတ်တွေကို အံ့သြစေခဲ့သူဖြစ်ခဲ့ပါတယ်။ အဲဒီဂျာမန်သားဟာကွင်းဘေးမှာ သူ့အသင်းကို ညွန်

ကြားရင်းနဲ့ တစ်ခါတစ်ရံဘောင်းဘီထဲ လက်နှိုက်တတ်တာပါ။ ဒါ့အပြင် ဂျိုအာချင်လိုဟာတစ်ခါတစ်ရံ

နှာခေါင်းထဲ လက်နှိုက်တာ၊ နှာခေါင်းကိုလက်နဲ့ညှစ်တာတို့လည်း လုပ်တတ်ပါတယ်။

ဂါနာနဲ႔ကစားခဲ့တဲ့ အုပ္စုအဖြင့္ပြဲစဥ္မွာ ေပၚတူဂီစူပါစတားစီေရာ္နယ္ဒိုရဲ႕ထူးဆန္းတဲ့အျပဳအမူတစ္ခုကို

႐ုပ္သံပရိသတ္ေတြက သတိထားမိသြားခဲ့ၾကပါတယ္။အဲဒီေပၚတူဂီအသင္းေခါင္းေဆာင္ဟာ ပြဲခ်ိန္အခိုက္

အတန႔္တစ္ခုမွာပရိသတ္ေတြအတြက္နားမလည္ႏိုင္တဲ့အျပဳအမူတစ္ခုကိုလုပ္ခဲ့တာပါ။သူကလမ္းေလွ်ာက္

ေနရင္းနဲ႔ ေဘာင္းဘီဂြၾကားထဲကို လက္ႏႈိက္လိုက္ပါတယ္။အဲဒီေနာက္ တစ္စုံတစ္ခုကို ဆြဲထုတ္လိုက္ၿပီး

ပါးစပ္ထဲကို ပစ္ထည့္ေကာက္ဝါးလိုက္တာ ျဖစ္ပါတယ္။ အဲဒါကို သတိထားမိသြားတဲ့ပရိသတ္ေတြက စီ

ေရာ္နယ္ဒိုတစ္ေယာက္ ဘာမ်ားလုပ္တာလဲလို႔စဥ္းစားေနၾကတာပါ။ ဆိုရွယ္မီဒီယာေပၚက ပရိသတ္တစ္

ေယာက္က”ေရာ္နယ္ဒိုစားတာက ဘာလဲ”လို႔ ေမးခြန္းထုတ္ခဲ့ပါတယ္။ေနာက္ထပ္ပရိသတ္တစ္ေယာက္

ကလည္း ”စီေရာ္နယ္ဒိုကေတာ့ဂ်ိအာခ်င္လို(ဂ်ာမနီအသင္းနည္းျပေဟာင္း)ဂုဏ္ယူေအာင္လုပ္ေနတယ္”

လို႔ မွတ္ခ်က္ေပးခဲ့တာပါ။ ဂ်ာမနီနည္းျပေဟာင္းဂ်ိဳအာခ်င္လိုဟာ ပြဲစဥ္ေတြမွာ သူ႔ရဲ႕ထူးဆန္းတဲ့အျပဳအ

မူေတြနဲ႔ပရိသတ္ေတြကို အံ့ၾသေစခဲ့သူျဖစ္ခဲ့ပါတယ္။ အဲဒီဂ်ာမန္သားဟာကြင္းေဘးမွာ သူ႔အသင္းကို ၫြန္

ၾကားရင္းနဲ႔ တစ္ခါတစ္ရံေဘာင္းဘီထဲ လက္ႏႈိက္တတ္တာပါ။ ဒါ့အျပင္ ဂ်ိဳအာခ်င္လိုဟာတစ္ခါတစ္ရံ

ႏွာေခါင္းထဲ လက္ႏႈိက္တာ၊ ႏွာေခါင္းကိုလက္နဲ႔ညႇစ္တာတို႔လည္း လုပ္တတ္ပါတယ္။