ဂရေဟမ်ပေါ့တားရဲ့ နည်းပြဘဝအနာဂတ်နဲ့ပတ်သက်ပြီး သံသယစဖြစ်လာနေတဲ့ ချဲလ်ဆီးအသင်းထိပ်ပိုင်းတာဝန်ရှိများ

ချဲလ်ဆီးအသင်း ထိပ်ပိုင်းတာဝန်ရှိသူတွေဟာ အရေးကြီးတဲ့ပွဲစဉ် ၂ ပွဲမတိုင်မီ ဂရေဟမ် ပေါ့တားရဲ့ နည်း

ပြဘဝ အနာဂတ်နဲ့ပတ်သက်ပြီး သံသယ စဖြစ်လာနေပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။အနောက်

လန်ဒန်ကလပ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပိုင်ရှင်သစ် လက်လွှဲယူပြီးကတည်းက ပေါင်သန်း ၆၀၀

ဝန်းကျင် သုံးစွဲထားတာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၅ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိထားခဲ့တာဖြစ်ပါ

တယ်။ ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေမှာ တော့တင်ဟမ်ဟော့စပါးနဲ့ ရင်ဆိုင်ရာမှာ အလွန်ကောင်း

မွန်တဲ့ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့တာဖြစ်ပေမယ့်လည်း တနင်္ဂနွေနေ့က လန်ဒန်ပြိုင်ဘက်တွေနဲ့ပွဲ

စဉ်မှာ အစွယ်မရှိတဲ့ မြွေဖြစ်နေခဲ့ပြီး တစ်ပွဲလုံး ဂိုးပေါက်ကန်သွင်းမှု ၂ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး ၂-၀ နဲ့

ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ဒီရှုံးပွဲက လက်ရှိအချိန်အထိ ချဲလ်ဆီးအသင်း ပူးတွဲပိုင်ရှင်တွေဖြစ်တဲ့ တော့ဒ် ဘို

လီနဲ့ ဘက်ဒက် အက်ဂ်ဘာလီတို့ရဲ့ အပြည့်အဝ အားပေးထောက်ခံမှုကို ရရှိထားဆဲဖြစ်တဲ့ ပေါ့တားအ

ပေါ်မှာ ဖိအားတွေ မြင့်တက်လာစေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Daily Mail ရဲ့ ဖော်ပြချက်အရ

စပါးစ်ကို ရှုံးနိမ့်ခဲ့မှုက ဘရိုက်တန်နည်းပြဟောင်းအပေါ်မှာ ယုံကြည်မှု စတင် ယိုင်နဲ့လာပြီး သံသယတွေ

စတင်မွေးဖွားလာစေခဲ့တယ်လို့ သိရပြီး ချဲလ်ဆီးဘုတ်အဖွဲ့ဟာ ပေါ့တားကို ၂၀၂၃-၂၀၂၄ ရာသီအစအထိ

အသင်းမှာ ဆက်လက်ရှိနေချင်ဆဲဖြစ်ပေမယ့် လက်ရှိမှာတော့ ပေါ့တားအတွက် လာမယ့် ၂ ပွဲဟာ မဖြစ်

မနေ အနိုင်ရယူရမယ့်ပွဲစဉ်ဖြစ်လာပြီလို့ သိရပါတယ်။ချဲလ်ဆီးအသင်းဟာ မတ်လ ၇ ရက်နေ့ စတမ်းဖို့ဒ်

ဘရစ်ချ်မှာ ဒေါ့မွန်အသင်းကို ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် လက်ခံမယှဉ်ပြိုင်မီ လာမယ့်စနေနေ့မှာ လိဒ်စ်ယူ

နိုက်တက်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ခ်ဲလ္ဆီးအသင္း ထိပ္ပိုင္းတာဝန္ရွိသူေတြဟာ အေရးႀကီးတဲ့ပြဲစဥ္ ၂ ပြဲမတိုင္မီ ဂေရဟမ္ ေပါ့တားရဲ႕ နည္း

ျပဘဝ အနာဂတ္နဲ႔ပတ္သက္ၿပီး သံသယ စျဖစ္လာေနၿပီလို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။အေနာက္

လန္ဒန္ကလပ္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ပိုင္ရွင္သစ္ လက္လႊဲယူၿပီးကတည္းက ေပါင္သန္း ၆၀၀

ဝန္းက်င္ သုံးစြဲထားတာျဖစ္ၿပီး ေနာက္ဆုံးကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ ၁၅ ပြဲမွာ ၂ ပြဲသာ အႏိုင္ရရွိထားခဲ့တာျဖစ္ပါ

တယ္။ ခ်ဲလ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ရင္ဆိုင္ရာမွာ အလြန္ေကာင္း

မြန္တဲ့ မွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ခဲ့တာျဖစ္ေပမယ့္လည္း တနဂၤေႏြေန႔က လန္ဒန္ၿပိဳင္ဘက္ေတြနဲ႔ပြဲ

စဥ္မွာ အစြယ္မရွိတဲ့ ေႁမြျဖစ္ေနခဲ့ၿပီး တစ္ပြဲလုံး ဂိုးေပါက္ကန္သြင္းမႈ ၂ ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့ၿပီး ၂-၀ နဲ႔

ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ဒီရႈံးပြဲက လက္ရွိအခ်ိန္အထိ ခ်ဲလ္ဆီးအသင္း ပူးတြဲပိုင္ရွင္ေတြျဖစ္တဲ့ ေတာ့ဒ္ ဘို

လီနဲ႔ ဘက္ဒက္ အက္ဂ္ဘာလီတို႔ရဲ႕ အျပည့္အဝ အားေပးေထာက္ခံမႈကို ရရွိထားဆဲျဖစ္တဲ့ ေပါ့တားအ

ေပၚမွာ ဖိအားေတြ ျမင့္တက္လာေစခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း Daily Mail ရဲ႕ ေဖာ္ျပခ်က္အရ

စပါးစ္ကို ရႈံးနိမ့္ခဲ့မႈက ဘ႐ိုက္တန္နည္းျပေဟာင္းအေပၚမွာ ယုံၾကည္မႈ စတင္ ယိုင္နဲ႔လာၿပီး သံသယေတြ

စတင္ေမြးဖြားလာေစခဲ့တယ္လို႔ သိရၿပီး ခ်ဲလ္ဆီးဘုတ္အဖြဲ႕ဟာ ေပါ့တားကို ၂၀၂၃-၂၀၂၄ ရာသီအစအထိ

အသင္းမွာ ဆက္လက္ရွိေနခ်င္ဆဲျဖစ္ေပမယ့္ လက္ရွိမွာေတာ့ ေပါ့တားအတြက္ လာမယ့္ ၂ ပြဲဟာ မျဖစ္

မေန အႏိုင္ရယူရမယ့္ပြဲစဥ္ျဖစ္လာၿပီလို႔ သိရပါတယ္။ခ်ဲလ္ဆီးအသင္းဟာ မတ္လ ၇ ရက္ေန႔ စတမ္းဖို႔ဒ္

ဘရစ္ခ်္မွာ ေဒါ့မြန္အသင္းကို ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ လက္ခံမယွဥ္ၿပိဳင္မီ လာမယ့္စေနေန႔မွာ လိဒ္စ္ယူ

ႏိုက္တက္အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။