ဂန္ထဝင်စပိန်နောက်ခံလူကို အလိုမရှိတော့ကြောင်းပြောကြားလာခဲ့တဲ့ ဘာကာနည်းပြ
ဂန္ထဝင်စပိန်နောက်ခံလူဂါရတ်ပီကေးကိုဘာစီလိုနာနည်းပြဇာဗီးကဘာစီလိုနာတွင်အလိုမရှိ
တော့ကြောင်းပြောကြားလာခဲ့ပြီဖြစ်ပါတယ်။ဘာစီလိုနာနည်းပြဇာဗီးဟာပီကေးရဲ့ကွင်းပြင်
ပမှပရော်ဖက်ရှင်နယ်မပီသတဲ့အပြုအမူများပြုလုပ်ခြင်း၊ထိပ်တန်းအဆင့်တွင်ကစားရန်ကြံ့ခိုင်
မှုပိုင်းမကောင်းမွန်ခြင်းတို့ကြောင့်ကလပ်ကအလိုမရှိတော့ကြောင်းပြောကြားလာခဲ့တာလည်း
ဖြစ်ပါတယ်။စပိန်ထိပ်သီးသတင်းစာ SPORT ရဲ့ဖော်ပြချက်အရဇာဗီးရဲ့ပီကေးကိုခေါ်ယူပြီး
တစ်ဦးချင်းတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးကလပ်ရဲ့စီမံကိန်းတွင်မပါဝင်တော့ကြောင်
းပြောကြားသွားကြောင်းသိရပါတယ်။ဇာဗီးဟာဘာစီလိုနာခံစစ်ကိုအသစ်ပြန်လည်တည်
ဆောက်သွားမှာလည်းဖြစ်ပါတယ်။ဒါပေမဲ့ပီကေးကလည်းစိတ်မလျှော့သေးဘဲကလပ်အ
တွက်အရေးပါတဲ့သူတစ်ဦးအဖြစ်ဆက်ရှိနိုင်ရေးအတွက်အစွမ်းကုန်ကြိုးစားလေ့ကျင့်သွား
ရန်ဆုံးဖြတ်ထားကြောင်းသိရပါတယ်။ပီကေးဟာ၁၂နှစ်ကြာလက်တွဲလာတဲ့ရှာကီရာနှင့်
လမ်းမခွဲခင်ကတည်းက ဘာစီလိုနာရဲ့အလိုမရှိတော့ကြောင်းပြောကြားခြင်းခံခဲ့ရတာလည်း
ဖြစ်ပါတယ်။ပီကေးဟာအခြားအမျိုးသမီးတစ်ဦးနှင့်ဖောက်ပြန်နေမှုကြောင့်ရှာကီရာရဲ့လမ်း
ခွဲခြင်းခံလိုက်ရပါတယ်။သူဟာရှာကီရာနှင့်လမ်းခွဲလိုက်ပြီးတဲ့နောက်နေ့စဉ်ပါတီပွဲတက်
ရောက်နေပါတယ်။ဘာစီလိုနာဟာပီကေးရဲ့၂နှစ်ကျန်စာချုပ်ကိုအမြန်ဆုံးဖျက်သိမ်းလိုနေပါ
တယ်။ဘာစီလိုနာဟာပီကေးကိုလစာကြွေးကျန်ပေါင်၃၄.၃သန်းပေးရန်ရှိနေပါသေးတယ်။
ဒါပေမဲ့၎င်းတို့ဟာပီကေးအပြင်ဘက်စကွက်၊အယ်လ်ဘာ၊မက်ဆီတို့ကိုလည်းပေးရန်ရှိနေပါသေးတယ်။