ခြေစွမ်းပြနိုင်ဖို့ တန်ဟန့်ရဲ့ယုံကြည်မှုရနိုင်အောင် လေ့လာခဲ့ရတာတွေကို ပြောပြလာခဲ့တဲ့ သရဲနီကြယ်ပွင့်သစ်လေး

မန်ချက်စတာယူနိုက်တက်လူငယ်ကြယ်ပွင့်တိုက်စစ်ကစားသမားလေး ဂါနာချိုဟာ ဒီရာသီ နည်းပြ အဲရစ်

တန်ဟန့်ရဲ့ လက်အောက်မှာ ခြေစွမ်းကောင်းတွေ ပြသလျက်ရှိနေပြီး၊ နိုဝင်ဘာလအတွက် မန်ယူအသင်း

ရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိထားခဲ့သူ ဖြစ်ပါတယ်။ ဂါနာချိုဟာ ပထမဆုံးစီနီယာသွင်းဂိုး

ကို နိုဝင်ဘာလ ၄ ရက်နေ့ကရီးရဲလ်ဆိုစီဒက်နဲ့ပွဲမှာ သွင်းယူခဲ့ပြီး၊ ဥရောပပြိုင်ပွဲမှာ မန်ယူအသင်းအတွက်

ဂိုးသွင်းပေးတဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အဲ့ဒီနောက် ၁၀ ရက်အကြာ

မှာတော့၊ အက်စ်တွန်ဗီလာကို ၄-၂ နဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ဂါနာချိုက ဂိုးဖန်တီးမှုနှစ်ကြိမ် လုပ်ခဲ့ပါတယ်။ ထို

အရာက သူ့ကို မန်ယူအသင်းအတွက် တစ်ပွဲတည်းမှာဂိုးဖန်တီးမှုနှစ်ကြိမ်လုပ်နိုင်ခဲ့တဲ့ အသက်အငယ်ဆုံး

ကစားသမားဖြစ်စေခဲ့ပါတယ်။ အဲ့ဒီနောက် ဖူလ်ဟမ်အသင်းနဲ့ပွဲမှာလည်း မန်ယူအသင်းအတွက် အနိုင်ဂိုး

ကို သွင်းယူပြခဲ့ပါတယ်။ အခုချိန်မှာတော့ ဂါနာချိုက သူ့အနေနဲ့ ဘာကြောင့် အဲ့ဒီလောက်အထိ ခြေစွမ်းပြ

နေရတာလဲဆိုတဲ့ လျှို့ဝှက်ချက်ကို ပြောပြလာခဲ့ပါတယ်။ “ ကျွန်တော်က အိမ်မှာဆိုရင် ”“ ခံစစ်ကစား

သမားတွေအကြောင်းကို အမြဲလေ့လာပါတယ်၊ ပွဲထဲမှာဆိုရင်လည်း အရန်ခုံမှာ ထိုင်နေတဲ့အချိန် လေ့လာ

ပါတယ်။ ဒီတော့ ကစားခွင့်ရတဲ့အခါ၊ သူတို့ကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာ သိတယ်။ ကျွန်တော်နဲ့ ရင်

ဆိုင်ရမယ့် ပြိုင်ဘက်တွေနဲ့ ပွဲတွေကို လေ့လာပါတယ်၊ ဒီတော့ ပွဲအတွက် အဆင်သင့်ဖြစ်ဖို့ ကစားသမား

တစ်ဦးချင်းစီရဲ့ ”“ နောက်ကြောင်းအချို့ကို သိထားတယ်။ ကျွန်တော်က အမြဲတမ်း ဘယ်တောင်ပံမှာ က

စားချင်တာပါ၊ ညာသန်ကစားသမားဆိုတော့ ဧရိယာထဲကို ပြန်ချိုးပေးနိုင်တယ်လေ။ ညာသန်တစ်ဦးအ

နေနဲ့ ဘယ်တောင်ပံနေရာမှာ ကစားနိုင်ဖို့က၊ ပိုအားနည်းတဲ့တစ်ဖက်နဲ့လည်း အသင့်တင့်ကောင်းနေဖို့

တော့ လိုပါတယ်။ အငယ်တုန်းတည်းက ခြေနှစ်ဖက်စလုံးကို ”“ သုံးပြီးတော့ လေ့ကျင့်ခဲ့တယ်၊ ဘာလို့

လဲဆိုတော့ အဲ့ဒါက အများကြီးပိုကောင်းတဲ့ ကစားသမားဖြစ်စေတာကြောင့်ပါ၊ ဒီတော့ ဒီနေ့မှာဆိုရင် နှစ်

ဖက်စလုံးနဲ့ ကျွန်တော် ကစားနိုင်နေပြီ၊ ကျွမ်းကျွမ်းကျင်ကျင်ကြီးတော့ မဟုတ်ပေမယ့်အသင့်တင့်လောက်

ပေါ့။ ကံကောင်းစွာနဲ့ပဲ ဒီသွင်းဂိုးနှစ်ဂိုးကို အများကြီးမခက်ခဲပဲ ကျွန်တော့်ရဲ့ အခြားခြေနဲ့ သွင်းနိုင်ခဲ့တယ် ”

လို့ ဆိုခဲ့ပါတယ်။

မန္ခ်က္စတာယူႏိုက္တက္လူငယ္ၾကယ္ပြင့္တိုက္စစ္ကစားသမားေလး ဂါနာခ်ိဳဟာ ဒီရာသီ နည္းျပ အဲရစ္

တန္ဟန႔္ရဲ႕ လက္ေအာက္မွာ ေျခစြမ္းေကာင္းေတြ ျပသလ်က္ရွိေနၿပီး၊ ႏိုဝင္ဘာလအတြက္ မန္ယူအသင္း

ရဲ႕ အေကာင္းဆုံးကစားသမားဆုကိုလည္း ရရွိထားခဲ့သူ ျဖစ္ပါတယ္။ ဂါနာခ်ိဳဟာ ပထမဆုံးစီနီယာသြင္းဂိုး

ကို ႏိုဝင္ဘာလ ၄ ရက္ေန႔ကရီးရဲလ္ဆိုစီဒက္နဲ႔ပြဲမွာ သြင္းယူခဲ့ၿပီး၊ ဥေရာပၿပိဳင္ပြဲမွာ မန္ယူအသင္းအတြက္

ဂိုးသြင္းေပးတဲ့ အသက္အငယ္ဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ အဲ့ဒီေနာက္ ၁၀ ရက္အၾကာ

မွာေတာ့၊ အက္စ္တြန္ဗီလာကို ၄-၂ နဲ႔ အႏိုင္ရတဲ့ပြဲစဥ္မွာ ဂါနာခ်ိဳက ဂိုးဖန္တီးမႈႏွစ္ႀကိမ္ လုပ္ခဲ့ပါတယ္။ ထို

အရာက သူ႔ကို မန္ယူအသင္းအတြက္ တစ္ပြဲတည္းမွာဂိုးဖန္တီးမႈႏွစ္ႀကိမ္လုပ္ႏိုင္ခဲ့တဲ့ အသက္အငယ္ဆုံး

ကစားသမားျဖစ္ေစခဲ့ပါတယ္။ အဲ့ဒီေနာက္ ဖူလ္ဟမ္အသင္းနဲ႔ပြဲမွာလည္း မန္ယူအသင္းအတြက္ အႏိုင္ဂိုး

ကို သြင္းယူျပခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ ဂါနာခ်ိဳက သူ႔အေနနဲ႔ ဘာေၾကာင့္ အဲ့ဒီေလာက္အထိ ေျခစြမ္းျပ

ေနရတာလဲဆိုတဲ့ လွ်ိဳ႕ဝွက္ခ်က္ကို ေျပာျပလာခဲ့ပါတယ္။ “ ကြၽန္ေတာ္က အိမ္မွာဆိုရင္ ”“ ခံစစ္ကစား

သမားေတြအေၾကာင္းကို အၿမဲေလ့လာပါတယ္၊ ပြဲထဲမွာဆိုရင္လည္း အရန္ခုံမွာ ထိုင္ေနတဲ့အခ်ိန္ ေလ့လာ

ပါတယ္။ ဒီေတာ့ ကစားခြင့္ရတဲ့အခါ၊ သူတို႔ကို ဘယ္လိုေက်ာ္ျဖတ္ရမလဲဆိုတာ သိတယ္။ ကြၽန္ေတာ္နဲ႔ ရင္

ဆိုင္ရမယ့္ ၿပိဳင္ဘက္ေတြနဲ႔ ပြဲေတြကို ေလ့လာပါတယ္၊ ဒီေတာ့ ပြဲအတြက္ အဆင္သင့္ျဖစ္ဖို႔ ကစားသမား

တစ္ဦးခ်င္းစီရဲ႕ ”“ ေနာက္ေၾကာင္းအခ်ိဳ႕ကို သိထားတယ္။ ကြၽန္ေတာ္က အၿမဲတမ္း ဘယ္ေတာင္ပံမွာ က

စားခ်င္တာပါ၊ ညာသန္ကစားသမားဆိုေတာ့ ဧရိယာထဲကို ျပန္ခ်ိဳးေပးႏိုင္တယ္ေလ။ ညာသန္တစ္ဦးအ

ေနနဲ႔ ဘယ္ေတာင္ပံေနရာမွာ ကစားႏိုင္ဖို႔က၊ ပိုအားနည္းတဲ့တစ္ဖက္နဲ႔လည္း အသင့္တင့္ေကာင္းေနဖို႔

ေတာ့ လိုပါတယ္။ အငယ္တုန္းတည္းက ေျခႏွစ္ဖက္စလုံးကို ”“ သုံးၿပီးေတာ့ ေလ့က်င့္ခဲ့တယ္၊ ဘာလို႔

လဲဆိုေတာ့ အဲ့ဒါက အမ်ားႀကီးပိုေကာင္းတဲ့ ကစားသမားျဖစ္ေစတာေၾကာင့္ပါ၊ ဒီေတာ့ ဒီေန႔မွာဆိုရင္ ႏွစ္

ဖက္စလုံးနဲ႔ ကြၽန္ေတာ္ ကစားႏိုင္ေနၿပီ၊ ကြၽမ္းကြၽမ္းက်င္က်င္ႀကီးေတာ့ မဟုတ္ေပမယ့္အသင့္တင့္ေလာက္

ေပါ့။ ကံေကာင္းစြာနဲ႔ပဲ ဒီသြင္းဂိုးႏွစ္ဂိုးကို အမ်ားႀကီးမခက္ခဲပဲ ကြၽန္ေတာ့္ရဲ႕ အျခားေျခနဲ႔ သြင္းႏိုင္ခဲ့တယ္ ”

လို႔ ဆိုခဲ့ပါတယ္။