ခြေစမ်းပွဲကစားခဲ့ရလို့ မပျော်မရွှင်ဖြစ်နေတဲ့ အသင်းသားတွေကို ဘဏ္ဍာရေးအကြောင်းပြ ဆူချလိုက်တဲ့ ဘာကာနည်းပြ

ရာသီကြိုခြေစမ်းပွဲအဖြစ် ဩစတြေးလျမှာ ခြေစမ်းပွဲကစားရမယ့်အပေါ် မပျော်မရွှင်ဖြစ်နေခဲ့

တဲ့ ဘာစီလိုနာအသင်းသားတွေကို နည်းပြဇာဗီက သတိပေးပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့

သိရပါတယ်။ မတ်လ ၂၅ ရက်နေ့က ဘာစီလိုနာဟာ ဩစတြေးလျလိဂ်ရဲ့ အကောင်းဆုံးအ

သင်းနဲ့ ခြေစမ်းပွဲကစားခဲ့တာဖြစ်ပြီး ၂-၃ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ လာလီဂါနောက်ဆုံးပွဲအဖြစ်

ဗီလာရီးရဲလ်နဲ့ ကစားပြီး ၂ ရက်အကြာမှာပဲ အဆိုပါပွဲကို ကစားခဲ့ရတာဖြစ်လို့ အသင်းသား

တွေက မပျော်မရွှင်ဖြစ်နေခဲ့ကြတာပါ။ ပုံမှန်အားဖြင့် ရာသီနောက်ဆုံးပွဲပြီးဆုံးပါက အနား

ယူဖို့အတွက် စီစဉ်ရတော့မှာဖြစ်ပေမယ့်လည်း နောက်ထပ်တပွဲ ထပ်မံကစားရတဲ့အပေါ်မှာ

မကျေမနပ်ဖြစ်ခဲ့ကြတယ်လို့လည်း ယူဆရပါတယ်။ ဒီအတွက် ဇာဗီက “ဒီလိုတွေကစားနေ

ရတာက မင်းတို့ကိုလစာပေးဖို့၊ ကောင်းပြီ၊ မကျေမနပ်ဖြစ်နေကြတယ်ဆိုရင် ယူရို ၅ သန်း

ကို မင်းတို့အိတ်ထဲကထုတ်ပြီးတော့ စားပေါ်ပွဲမှာတင်ထားလိုက်လေ၊ အဲဒါကို ငါယူပြီးတော့

အသင်းဥက္ကဌဆီသွားပေးလိုက်မယ်၊ ဒါဆိုရင် မင်းတို့လည်း ဩစတြေးလျကို သွားစရာမလို

တော့ဘူးလို့” ပြောဆိုခဲ့ကြောင်း Just Football က ဖော်ပြခဲ့ပါတယ်။ ဘဏ္ဍာရေးပြသနာ

တွေအကြီးအကျယ်ရှိနေတဲ့ ဘာစီလိုနာဟာ ငွေကြေးကို တတ်နိုင်သမျှနည်းလမ်းပေါင်းစုံ

နဲ့ ရှာဖွေနေရတာလည်းဖြစ်ပါတယ်။ နူးကမ့်ပွဲမှာ မင်္ဂလာပွဲကျင်းပဖို့အတွက်တောင်မှ လက်

ခံပေးနေတာဖြစ်ပြီး သူတို့ရဲ့ငွေကြေးပြသနာကိုပြေလည်အောင် ဖြေရှင်းနေတာလည်းဖြစ်ပါတယ်။

ရာသီႀကိဳေျခစမ္းပြဲအျဖစ္ ဩစေၾတးလ်မွာ ေျခစမ္းပြဲကစားရမယ့္အေပၚ မေပ်ာ္မ႐ႊင္ျဖစ္ေနခဲ့

တဲ့ ဘာစီလိုနာအသင္းသားေတြကို နည္းျပဇာဗီက သတိေပးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တယ္လို႔

သိရပါတယ္။ မတ္လ ၂၅ ရက္ေန႔က ဘာစီလိုနာဟာ ဩစေၾတးလ်လိဂ္ရဲ႕ အေကာင္းဆုံးအ

သင္းနဲ႔ ေျခစမ္းပြဲကစားခဲ့တာျဖစ္ၿပီး ၂-၃ နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ လာလီဂါေနာက္ဆုံးပြဲအျဖစ္

ဗီလာရီးရဲလ္နဲ႔ ကစားၿပီး ၂ ရက္အၾကာမွာပဲ အဆိုပါပြဲကို ကစားခဲ့ရတာျဖစ္လို႔ အသင္းသား

ေတြက မေပ်ာ္မ႐ႊင္ျဖစ္ေနခဲ့ၾကတာပါ။ ပုံမွန္အားျဖင့္ ရာသီေနာက္ဆုံးပြဲၿပီးဆုံးပါက အနား

ယူဖို႔အတြက္ စီစဥ္ရေတာ့မွာျဖစ္ေပမယ့္လည္း ေနာက္ထပ္တပြဲ ထပ္မံကစားရတဲ့အေပၚမွာ

မေက်မနပ္ျဖစ္ခဲ့ၾကတယ္လို႔လည္း ယူဆရပါတယ္။ ဒီအတြက္ ဇာဗီက “ဒီလိုေတြကစားေန

ရတာက မင္းတို႔ကိုလစာေပးဖို႔၊ ေကာင္းၿပီ၊ မေက်မနပ္ျဖစ္ေနၾကတယ္ဆိုရင္ ယူ႐ို ၅ သန္း

ကို မင္းတို႔အိတ္ထဲကထုတ္ၿပီးေတာ့ စားေပၚပြဲမွာတင္ထားလိုက္ေလ၊ အဲဒါကို ငါယူၿပီးေတာ့

အသင္းဥကၠဌဆီသြားေပးလိုက္မယ္၊ ဒါဆိုရင္ မင္းတို႔လည္း ဩစေၾတးလ်ကို သြားစရာမလို

ေတာ့ဘူးလို႔” ေျပာဆိုခဲ့ေၾကာင္း Just Football က ေဖာ္ျပခဲ့ပါတယ္။ ဘ႑ာေရးျပသနာ

ေတြအႀကီးအက်ယ္ရွိေနတဲ့ ဘာစီလိုနာဟာ ေငြေၾကးကို တတ္ႏိုင္သမွ်နည္းလမ္းေပါင္းစုံ

နဲ႔ ရွာေဖြေနရတာလည္းျဖစ္ပါတယ္။ ႏူးကမ့္ပြဲမွာ မဂၤလာပြဲက်င္းပဖို႔အတြက္ေတာင္မွ လက္

ခံေပးေနတာျဖစ္ၿပီး သူတို႔ရဲ႕ေငြေၾကးျပသနာကိုေျပလည္ေအာင္ ေျဖရွင္းေနတာလည္းျဖစ္ပါတယ္။