ချဲလ်ဆီးနည်းပြရာထူးမှထုတ်ပယ်ခြင်းခံရပြီးနောက် လန်ဒန်ကနေ နယ်နှင်ခံရဖို့ရှိနေတဲ့ ချဲလ်ဆီးနည်းပြဟောင်း

သောမတ်စ်တူချယ်ဟာချဲလ်ဆီးနည်းပြရာထူးမှထုတ်ပယ်ခြင်းခံရပြီးနောက် အိမ်ပြန်သေးဘဲလန်ဒန်တွင်

ပင်နေထိုင်နေသေးပေမဲ့လည်း ခရစ္စမတ်မတိုင်မီ နယ်နှင်ခံရဖို့ရှိနေပါတယ်။ချဲလ်ဆီးကို၂၀၂၁ချန်ပီယံလိဂ်

ဖလားဆွတ်ခူးရယူပေးခဲ့တဲ့သောမတ်စ်တူချယ်ဟာပြည်တွင်းနှင့်ဥရောပတာထွက်မကောင်းမှုနှင့်အတူ ရာ

ထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ယနေ့တွင် The Telegraph ကဖော်ပြလာမှုအရသောမတ်စ်တူချယ်ဟာ

Brexit စည်းမျဉ်းကြောင့်ခရစ္စမတ်မတိုင်မီ နယ်နှင်ခံရဖို့ ရှိနေကြောင်းသိရပါတယ်။အသက်၄၉နှစ်ရှိဂျာမန်

လူမျိုးနည်းပြအနေဖြင့် ချဲလ်ဆီးနည်းပြရာထူးမှထုတ်ပယ်ခြင်းခံရပြီးနောက်အင်္ဂလန်တွင်အများဆုံးရက်

၉၀တည်းသာနေထိုင်ခွင့်ရှိနေပါတယ်။တူချယ်ဟာလန်ဒန်တွင်နေထိုင်နေသလို လန်ဒန်အခြေစိုက်ဘရာဇီး

သူစီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင့်လည်းချစ်ကြိုက်လျက်ရှိနေပါတယ်။ဒါကြောင့်လည်းသောမတ်စ်တူ

ချယ်ဟာဗြိတိန်တွင်နေထိုင်ရမှုအပေါ်ပျော်ရွှင်ကာသက်တောင့်သက်သာရှိကြောင်းဆိုထားပါတယ်။သူ

ဟာဗုဒ္ဓဟူးနေ့တုန်းကလန်ဒန်တွင်လမ်းလျှောက်သွားလာနေတာတွေ့ရပြီးလမ်းတွင်ဆုံတွေ့တဲ့ပရိသတ်

များနှင့်ဓာတ်ပုံတွဲရိုက်ပေးခဲ့တာတွေ့ရပါတယ်။တဖက်တွင် တူချယ်ဟာ ဂျူဗင်တပ်နည်းပြရာထူးနှင့် ဘိုင်

ယန်မြူးနစ်နည်းပြရာထူးတို့အတွက်သတင်းထွက်လျက်ရှိနေပါတယ်။

ေသာမတ္စ္တူခ်ယ္ဟာခ်ဲလ္ဆီးနည္းျပရာထူးမွထုတ္ပယ္ျခင္းခံရၿပီးေနာက္ အိမ္ျပန္ေသးဘဲလန္ဒန္တြင္

ပင္ေနထိုင္ေနေသးေပမဲ့လည္း ခရစၥမတ္မတိုင္မီ နယ္ႏွင္ခံရဖို႔ရွိေနပါတယ္။ခ်ဲလ္ဆီးကို၂၀၂၁ခ်န္ပီယံလိဂ္

ဖလားဆြတ္ခူးရယူေပးခဲ့တဲ့ေသာမတ္စ္တူခ်ယ္ဟာျပည္တြင္းႏွင့္ဥေရာပတာထြက္မေကာင္းမႈႏွင့္အတူ ရာ

ထူးမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။ယေန႔တြင္ The Telegraph ကေဖာ္ျပလာမႈအရေသာမတ္စ္တူခ်ယ္ဟာ

Brexit စည္းမ်ဥ္းေၾကာင့္ခရစၥမတ္မတိုင္မီ နယ္ႏွင္ခံရဖို႔ ရွိေနေၾကာင္းသိရပါတယ္။အသက္၄၉ႏွစ္ရွိဂ်ာမန္

လူမ်ိဳးနည္းျပအေနျဖင့္ ခ်ဲလ္ဆီးနည္းျပရာထူးမွထုတ္ပယ္ျခင္းခံရၿပီးေနာက္အဂၤလန္တြင္အမ်ားဆုံးရက္

၉၀တည္းသာေနထိုင္ခြင့္ရွိေနပါတယ္။တူခ်ယ္ဟာလန္ဒန္တြင္ေနထိုင္ေနသလို လန္ဒန္အေျခစိုက္ဘရာဇီး

သူစီးပြားေရးလုပ္ငန္းရွင္တစ္ဦးႏွင့္လည္းခ်စ္ႀကိဳက္လ်က္ရွိေနပါတယ္။ဒါေၾကာင့္လည္းေသာမတ္စ္တူ

ခ်ယ္ဟာၿဗိတိန္တြင္ေနထိုင္ရမႈအေပၚေပ်ာ္႐ႊင္ကာသက္ေတာင့္သက္သာရွိေၾကာင္းဆိုထားပါတယ္။သူ

ဟာဗုဒၶဟူးေန႔တုန္းကလန္ဒန္တြင္လမ္းေလွ်ာက္သြားလာေနတာေတြ႕ရၿပီးလမ္းတြင္ဆုံေတြ႕တဲ့ပရိသတ္

မ်ားႏွင့္ဓာတ္ပုံတြဲ႐ိုက္ေပးခဲ့တာေတြ႕ရပါတယ္။တဖက္တြင္ တူခ်ယ္ဟာ ဂ်ဴဗင္တပ္နည္းျပရာထူးႏွင့္ ဘိုင္

ယန္ျမဴးနစ္နည္းျပရာထူးတို႔အတြက္သတင္းထြက္လ်က္ရွိေနပါတယ္။

______+