ချဲလ်ဆီးကိုရှုံးပွဲအပြီးတွင် ရာပြည့်ကတ်နှင့်အတူ ပရီးမီးယားလိဂ်ရဲ့ ဘယ်အသင်းမှမလိုချင်တဲ့ဂုဏ်ပုဒ်ကြီးကို ပိုင်ဆိုင်လာတဲ့ လိဒ်ယူနိုက်တက်

လိဒ်ယူနိုက်တက်ဟာယခုရာသီတစ်ရာသီတည်းတွင်ပင်ကတ်ပေါင်း၁၀၀ပြသခြင်းခံလာရမှုနဲ့အတူ

ဘယ်အသင်းမှမလိုချင်တဲ့ဂုဏ်ပုဒ်ကြီးတစ်ခုကိုရရှိလာပါတယ်။လိဒ်ဟာချဲလ်ဆီးကိုရှုံးနိမ့်တဲ့ပွဲတွင်

ရာပြည့်ကတ်ပြသခံလာရမှုနဲ့အတူပရီးမီးယားလိဂ်သမိုင်းတွင်အညစ်ဆုံးအသင်းဖြစ်လာပါတယ်။

ပြီးခဲ့တဲ့လများအတွင်းတွင်တန်းမဆင်းရရေးတိုက်ပွဲဝင်လာခဲ့ရတဲ့ယော့ခ်ရှိုင်းယားကလပ်ကိုပြိုင်

ဘက်ပရိသတ်များကDirty Leedsလို့လည်းကင်ပွန်းတပ်လာပါတယ်။ကြားရက်တုန်းကချဲလ်ဆီး

နှင့်ပွဲတွင်ဒန်ဂျိမ်းစ်မှာကိုဗာဆစ်ကိုကြမ်းတမ်းစွာဖျက်ထုတ်မှုကြောင့်တိုက်ရိုက်အနီကတ်ပြသခံခဲ့

ရပါတယ်။ဒါ့အပြင်ချဲလ်ဆီးက၃-၀ဂိုးဖြင့်အနိုင်ရတဲ့ယင်းပွဲမှာကယ်ဗင်ဖီးလစ်လည်းအဝါကတ်ပြသ

ခံခဲ့ရပါတယ်။ယင်းရှုံးပွဲကြောင့်ဂျက်စီမတ်ရှ်ရဲ့အသင်းဟာနှစ်ပွဲသာကစားရန်ကျန်တော့တဲ့အချိန်တွင်

တန်းဆင်းဇုန်အဆင့်၁၈နေရာသို့ရောက်သွားပြီးသွားပါတယ်။ဒန်ဂျိမ်းစ်ရဲ့အနီကတ်နှင့်ဖီးလစ်ရဲ့အ

ဝါကတ်ကလိဒ်ရဲ့၂၀၂၁-၂၂ရာသီတွင်၉၉ကတ်မြောက်နှင့်၁၀၀ကတ်မြောက်ပြသခံရတာလည်းဖြစ်ပါ

တယ်။လိဒ်ဟာယခုရာသီတွင်အဝါကတ်၉၇ကတ်နှင့်အနီကတ်၃ကတ်ပြသခံထားရတာလည်းဖြစ်ပါ

တယ်။ပရီးမီးယားလိဂ်တစ်ရာသီတည်းတွင်ကတ်ပြသခံရမှုအများဆုံးအသင်းအဖြစ်လည်းမှတ်တမ်း

ဝင်သွားပါတယ်။ယခင်စံချိန်ရှင်ကလိဒ်ဖြစ်ပြီး၁၉၉၉-၂၀၀၀ရာသီတုန်းကကတ်၉၇ကြိမ်ပြသခြင်းခံခဲ့

ရတာဖြစ်ပါတယ်။

လိဒ္ယူႏိုက္တက္ဟာယခုရာသီတစ္ရာသီတည္းတြင္ပင္ကတ္ေပါင္း၁၀၀ျပသျခင္းခံလာရမႈနဲ႔အတူ

ဘယ္အသင္းမွမလိုခ်င္တဲ့ဂုဏ္ပုဒ္ႀကီးတစ္ခုကိုရရွိလာပါတယ္။လိဒ္ဟာခ်ဲလ္ဆီးကိုရႈံးနိမ့္တဲ့ပြဲတြင္

ရာျပည့္ကတ္ျပသခံလာရမႈနဲ႔အတူပရီးမီးယားလိဂ္သမိုင္းတြင္အညစ္ဆုံးအသင္းျဖစ္လာပါတယ္။

ၿပီးခဲ့တဲ့လမ်ားအတြင္းတြင္တန္းမဆင္းရေရးတိုက္ပြဲဝင္လာခဲ့ရတဲ့ေယာ့ခ္ရႈိင္းယားကလပ္ကိုၿပိဳင္

ဘက္ပရိသတ္မ်ားကDirty Leedsလို႔လည္းကင္ပြန္းတပ္လာပါတယ္။ၾကားရက္တုန္းကခ်ဲလ္ဆီး

ႏွင့္ပြဲတြင္ဒန္ဂ်ိမ္းစ္မွာကိုဗာဆစ္ကိုၾကမ္းတမ္းစြာဖ်က္ထုတ္မႈေၾကာင့္တိုက္႐ိုက္အနီကတ္ျပသခံခဲ့

ရပါတယ္။ဒါ့အျပင္ခ်ဲလ္ဆီးက၃-၀ဂိုးျဖင့္အႏိုင္ရတဲ့ယင္းပြဲမွာကယ္ဗင္ဖီးလစ္လည္းအဝါကတ္ျပသ

ခံခဲ့ရပါတယ္။ယင္းရႈံးပြဲေၾကာင့္ဂ်က္စီမတ္ရွ္ရဲ႕အသင္းဟာႏွစ္ပြဲသာကစားရန္က်န္ေတာ့တဲ့အခ်ိန္တြင္

တန္းဆင္းဇုန္အဆင့္၁၈ေနရာသို႔ေရာက္သြားၿပီးသြားပါတယ္။ဒန္ဂ်ိမ္းစ္ရဲ႕အနီကတ္ႏွင့္ဖီးလစ္ရဲ႕အ

ဝါကတ္ကလိဒ္ရဲ႕၂၀၂၁-၂၂ရာသီတြင္၉၉ကတ္ေျမာက္ႏွင့္၁၀၀ကတ္ေျမာက္ျပသခံရတာလည္းျဖစ္ပါ

တယ္။လိဒ္ဟာယခုရာသီတြင္အဝါကတ္၉၇ကတ္ႏွင့္အနီကတ္၃ကတ္ျပသခံထားရတာလည္းျဖစ္ပါ

တယ္။ပရီးမီးယားလိဂ္တစ္ရာသီတည္းတြင္ကတ္ျပသခံရမႈအမ်ားဆုံးအသင္းအျဖစ္လည္းမွတ္တမ္း

ဝင္သြားပါတယ္။ယခင္စံခ်ိန္ရွင္ကလိဒ္ျဖစ္ၿပီး၁၉၉၉-၂၀၀၀ရာသီတုန္းကကတ္၉၇ႀကိမ္ျပသျခင္းခံခဲ့

ရတာျဖစ္ပါတယ္။