ချော်လဲသွားခဲ့လို့သာ ပေါ်တူဂီတို့ကို အိမ်မက်ဆိုးပေးခွင့်မရခဲ့တဲ့ ဂါနာတိုက်စစ်မှူးဝီလီယံ

ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဥ်မှာ ဂါနာအသင်းကို ( ၃-၂ ) ရလာဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ ( ၃-၁ ) အနေအထားနဲ့ ( ၂ )ဂိုးအသာ ဦးဆောင်နိုင်ခဲ့သေးပေမယ့် ဂါနာအသင်းဟာ ပွဲ

ကစားချိန် (၈၉ ) မိနစ်မှာ နောက်ထပ်ချေပဂိုး သွင်းယူခဲ့တာကြောင့် နာကျင်အချိန်ပို ( ၉ ) မိနစ်ဟာ နှစ်

ဖက် ပရိသတ်တွေအတွက် ရင်တထိတ်ထိတ် ဖြစ်စေခဲ့ပါတယ်။အဆိုးဆုံးကတော့ နာကျင်အချိန်ပို နောက်

ဆုံးမိနစ်မှာ ပေါ်တူဂီ ဂိုးသမား ကော်စတာဟာ ဘောလုံးကို မြေပေါ်ချကာ အချိန်ယူနေစဥ် ဂါနာတိုက်စစ်

မှူး ဝီလီယံက နောက်ကနေ လုယူကာ ချေပဂိုးသွင်းယူဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။ဘောလုံးကို လုယူပြီးမှ

ချော်လဲသွားခဲ့လို့သာ ပေါ်တူဂီအသင်း သက်သာရရခဲ့တာဖြစ်ပါတယ်။လူစားလဲပြီး အရံခုံမှာ ထိုင်နေတဲ့

ရော်နယ်ဒိုအပါအဝင် ပေါ်တူဂီ ပရိသတ်တွေအားလုံးကို မျက်လုံးပြူးသွားစေတဲ့ အခိုက်အတန့်ဖြစ်ပါတယ် ။

 







