ချယ်လ်ဆီးနောက်ခံလူကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်ပြီ ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်လာတဲ့ လာလီဂါထိပ်သီးကလပ်
လာလီဂါထိပ်သီးရီးယဲလ်အသင်းဟာ ချယ်လ်ဆီးနဲ့စာချုပ်သက်တမ်းကုန်ဆုံး
သွားပြီဖြစ်တဲ့ နောက်ခံလူရူဒီဂါကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်ပြီ
ဖြစ်တယ်လို့ အတည်ပြုထုတ်ပြန်ကြေညာခဲ့ပါတယ်။အသက်(၂၉)နှစ်အရွယ်ရှိပြီ
ဖြစ်သူ ဂျာမန်လက်ရွေးစင်ကစားသမားရူဒီဂါဟာရာသီမကုန်ခင်ကတည်းက ရီး
ယဲလ်အသင်းကိုပြောင်းရွှေ့ဖို့နီးစပ်နေပြီဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပြီး အခု
တရားဝင်ရောက်ရှိသွားပြီဖြစ်သလိုရီးယဲလ်နဲ့ ၂၀၂၆ ခုနှစ်အထိ (၄)နှစ်စာချုပ်
,ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ရူဒီဂါဟာ ရီးယဲလ်အသင်းမှာ တစ်ပတ်ကို ပေါင်
(၃၁၅,၀၀၀)ရရှိမှာဖြစ်ပြီးဒါက ချယ်လ်ဆီးမှာကစားခဲ့တုန်းက ရရှိခဲ့တဲ့ ပေါင်
(၂၃၀,၀၀၀)ထက်ပိုများသလို လက်မှတ်ထိုးကြေးလည်းရရှိမှာပါ။ ရီးယဲလ်အ
သင်းဟာရူဒီဂါကိုခေါ်ယူဖို့အတွက် ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာက
တည်းကဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ရူဒီဂါကို မန်ချက်စတာယူနိုက်တက်၊ PSG ၊
ဘာစီလိုနာ၊ ဂျူဗင်တပ်စ်စတဲ့ ဥရောပထိပ်သီးကလပ်တွေကပစ်မှတ်ထားခဲ့ပေ
မယ့် ကစားသမားကိုယ်တိုင်က ရီးယဲလ်အသင်းဆီပြောင်းဖို့ရွေးချယ်ခဲ့တာဖြစ်ပါ
တယ်။ ရီးယဲလ်အသင်းဟာ ရူဒီဂါရဲ့စာချုပ်ထဲမှာစာချုပ်လျော်ကြေးအဖြစ် ပေါင်
(၃၄၂)သန်းတန်ဖိုးသတ်မှတ်ခဲ့တယ်လို့မီဒီယာတွေကဖော်ပြနေကြပါတယ်။ ရူဒီဂါ
က “ရီးယဲလ်အသင်းဆီပြောင်းရွှေ့တော့မယ်ဆိုတာကို ကျွန်တော်ဂုဏ်ယူစွာနဲ့
ကြေညာလိုက်ပါတယ်။အသင်းသစ်မှာ စိန်ခေါ်မှုအသစ်တွေရင်ဆိုင်ရမှာဖြစ်လို့
အရမ်းစိတ်လှုပ်ရှားမိပြီးဒီလိုထိပ်တန်းအသင်းအတွက် ပါဝင်ကစားဖို့ မစောင့်နိုင်
လောက်အောင်ဖြစ်နေပါပြီ”လို့ သူ့ရဲ့ Twitter မှာရေးသားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်
ကရိုးမားအသင်းကနေ ချယ်လ်ဆီးကို ပေါင်(၂၉)သန်းနဲ့ပြောင်းရွှေ့ခဲ့သူရူဒီဟာ
ချယ်လ်ဆီးကစားသမားဘဝ(၅)နှစ်တာကာလအတွင်းFA ဖလား၊ ယူရိုပါလိဂ်၊ ဥ
ရောပစူပါဖလား၊ ချန်ပီယံလိဂ်ဖလား၊ဖီဖာကလပ်ကမ္ဘာ့ဖလားစတဲ့ ဆုဖလား
အောင်မြင်မှုတွေရရှိခဲ့ပြီးရော်ဘင်၊ ကာဗယ်လ်ဟို၊ အက်ဆီယန်၊ ကော်တွာ၊ ဟာ
ဇက်တို့နောက်ပိုင်းချယ်လ်ဆီးကနေ ရီးယဲလ်ကိုရောက်ရှိခဲ့တဲ့(၅)ဦးမြောက်က
စားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။