
ချဲလ်ဆီးနည်းပြ ဂရေဟမ် ပေါ့တားက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်
ရမှာကို စိတ်လှုပ်ရှားမိတယ်လို့ ပြောကြားခဲ့ပါတယ်။ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၁၀
နေရာကနေရပ်တည်နေတာဖြစ်ပြီး ၁၆သင်းရှုံးထွက်အဆင့်မှာ ဒေါ့မွန်ကို ဖြုတ်ပစ်နိုင်ခဲ့ပြီးနောက် နောက်
တဆင့်တက်ရောက်နိုင်ဖို့ ဥရောပချန်ပီယံတွေကို ကျော်ဖြတ်နိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအ
သင်းဟာ ၂၀၂၁ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့ပေမယ့်လည်း ပြီး
ခဲ့တဲ့ရာသီမှာတော့ လာလီဂါချန်ပီယံတွေကြောင့် ဥရောပပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ရီး
ရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့မေလမှာ ၁၄ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို စံချိန်တင် ရရှိခဲ့တာဖြစ်ပြီး
လီဗာပူးလ်အသင်းကို အနိုင်ယူပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါ
တယ်။ ချဲလ်ဆီးအသင်းသာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံ
မန်စီးတီး သို့မဟုတ် ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံရမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့
ကွာတားဖိုင်နယ်အဆင့်မှာ တွေ့ဆုံခဲ့တဲ့အပေါ် ဘယ်လိုခံစားရလဲလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ ပေါ့တား
က အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။“ကျွန်တော်တို့ ချန်ပီယံလိဂ်ဖလားကို အနိုင်ရဖို့ ကြိုးပမ်းသွားမယ်
လို့ ပြောခဲ့ပြီး ဒီမဲခွဲမှုထဲက ကျန်တဲ့ ၇ သင်းလည်း အတူတူပဲ ဖြစ်မယ်ဆိုတာ သေချာပါတယ်။ ကျွန်တော်
တို့ ရီးရဲလ်နဲ့ ကစားရမယ့်အချိန်ရောက်ရင် အာရုံစိုက်သွားမှာဖြစ်ပေမယ့် အခုအချိန်မှာ မနက်ဖြန် အဲဗာ
တန်နဲ့ပွဲအတွက်ပဲ ကျွန်တော်တို့ တွေးနေပါတယ်။ ကျွန်တော် အဲဗာတန်နဲ့ပွဲကိုပဲ အာရုံစိုက်မှာပါ။ ဘာလို့
လဲဆိုတော့ တခြားကိစ္စတွေက အဝေးကြီးလိုသေးလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။
ခ်ဲလ္ဆီးနည္းျပ ဂေရဟမ္ ေပါ့တားက ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္မွာ ရီးရဲလ္မက္ဒရစ္နဲ႔ ရင္ဆိုင္
ရမွာကို စိတ္လႈပ္ရွားမိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ခ်ဲလ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္မွာ အဆင့္ ၁၀
ေနရာကေနရပ္တည္ေနတာျဖစ္ၿပီး ၁၆သင္းရႈံးထြက္အဆင့္မွာ ေဒါ့မြန္ကို ျဖဳတ္ပစ္ႏိုင္ခဲ့ၿပီးေနာက္ ေနာက္
တဆင့္တက္ေရာက္ႏိုင္ဖို႔ ဥေရာပခ်န္ပီယံေတြကို ေက်ာ္ျဖတ္ႏိုင္ဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအ
သင္းဟာ ၂၀၂၁ ခုႏွစ္မွာ ရီးရဲလ္မက္ဒရစ္ကို ေက်ာ္ျဖတ္ၿပီး ခ်န္ပီယံလိဂ္ဖလားကို ရရွိခဲ့ေပမယ့္လည္း ၿပီး
ခဲ့တဲ့ရာသီမွာေတာ့ လာလီဂါခ်န္ပီယံေတြေၾကာင့္ ဥေရာပၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာ ျဖစ္ပါတယ္။ရီး
ရဲလ္မက္ဒရစ္ဟာ ၿပီးခဲ့တဲ့ေမလမွာ ၁၄ ႀကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလားကို စံခ်ိန္တင္ ရရွိခဲ့တာျဖစ္ၿပီး
လီဗာပူးလ္အသင္းကို အႏိုင္ယူၿပီး ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာ ျဖစ္ပါ
တယ္။ ခ်ဲလ္ဆီးအသင္းသာ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့မယ္ဆိုရင္ ပရီးမီးယားလိဂ္ခ်န္ပီယံ
မန္စီးတီး သို႔မဟုတ္ ဘြန္ဒက္စ္လီဂါခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္နဲ႔ ေတြ႕ဆုံရမွာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္နဲ႔
ကြာတားဖိုင္နယ္အဆင့္မွာ ေတြ႕ဆုံခဲ့တဲ့အေပၚ ဘယ္လိုခံစားရလဲလို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ ေပါ့တား
က အခုလိုပဲ ေျပာၾကားသြားခဲ့ပါတယ္။“ကြၽန္ေတာ္တို႔ ခ်န္ပီယံလိဂ္ဖလားကို အႏိုင္ရဖို႔ ႀကိဳးပမ္းသြားမယ္
လို႔ ေျပာခဲ့ၿပီး ဒီမဲခြဲမႈထဲက က်န္တဲ့ ၇ သင္းလည္း အတူတူပဲ ျဖစ္မယ္ဆိုတာ ေသခ်ာပါတယ္။ ကြၽန္ေတာ္
တို႔ ရီးရဲလ္နဲ႔ ကစားရမယ့္အခ်ိန္ေရာက္ရင္ အာ႐ုံစိုက္သြားမွာျဖစ္ေပမယ့္ အခုအခ်ိန္မွာ မနက္ျဖန္ အဲဗာ
တန္နဲ႔ပြဲအတြက္ပဲ ကြၽန္ေတာ္တို႔ ေတြးေနပါတယ္။ ကြၽန္ေတာ္ အဲဗာတန္နဲ႔ပြဲကိုပဲ အာ႐ုံစိုက္မွာပါ။ ဘာလို႔
လဲဆိုေတာ့ တျခားကိစၥေတြက အေဝးႀကီးလိုေသးလို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။