
ချန်ပီယံလိဂ်ကွာတားနဲ့ ဆီမီးပွဲတွေအတွက် မဲခွဲမှုလုပ်ကြတော့အီတလီအသင်းတွေအားလုံးလမ်းကြောင်း
သာနေလို့ ဒီမဲခွဲမှုဟာကုလားဖန်ထိုးထားတာလို့ ဆိုရှယ်မီဒီယာပေါ်က ပရိသတ်တွေ စွပ်စွဲနေကြပါတယ်။
အထူးသဖြင့် ဆီမီးလမ်းကြောင်းမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေကတစ်ခြမ်းဖြစ်နေပြီး အီတလီ
၃ သင်းနဲ့ ဘင်ဖီကာတို့က တစ်ခြမ်းဖြစ်နေတာပါ။ကွာတားမှာ ဘိုင်ယန်နဲ့မန်စီးတီး၊ ရီးရဲလ်နဲ့ချဲလ်ဆီးတို့ရဲ့
ပွဲကြီးပွဲကောင်းနှစ်ပွဲပါဝင်ပါတယ်။ဒါပေမဲ့ အဲဒီနှစ်ပွဲမှာ အနိုင်ရတဲ့အသင်းတွေဟာ ဆီးမီးမှာ ထိပ်တိုက်
တွေ့ကြမှာဖြစ်ပြီးတစ်ဖက်မှာတော့ အီတလီ ၃ သင်းထဲက တစ်သင်းဟာ အနည်းဆုံးဆီမီးရောက်မှာဖြစ်
ကာဗိုလ်လုပွဲရောက်ဖို့လည်း အခွင့်အလမ်းပိုကောင်းနေတာပါ။ဒါမျိုးက တိုက်ဆိုင်တာမဟုတ်ဘူးလို့ ပရိ
သတ်တွေက ယုံကြည်နေကြပါတယ်။”စီးရီးအေတစ်သင်းသင်းကို ဗိုလ်လုပွဲ တစ်ခါတည်းပို့ဖို့ လုပ်နေတာ
ပဲ။ဒါကြီးက လုပ်တာမဟုတ်ဘူးလို့ လာပြောစမ်းပါ”လို့ ပရိသတ်တစ်ယောက်က ရေးတာပါ။နောက်ထပ်
ပရိသတ်တစ်ယောက်ကလည်း ”ဘယ်လိုဖြစ်ပြီး နာပိုလီကအချောင်ဆုံးဖြစ်နေရတာလဲ။ နာပိုလီဗိုလ်စွဲ
အောင် တမင်များလုပ်ထားသလား မသိဘူး”လို့ ရေးပါတယ်။အခြားပရိသတ်တစ်ယောက်ကလည်း ယူ
အီးအက်ဖ်အေဟာအီတလီအသင်းတွေကို ဘက်လိုက်တာလို့ စွပ်စွဲခဲ့တာပါ။ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်
ပထမအကျော့ကို လာမယ့်ဧပြီ ၁၁-၁၂ မှာကစားမှာဖြစ်ပြီး ဒုတိယအကျော့ကတော့ ဧပြီ ၁၈-၁၉ မှာ ဖြစ်
ပါတယ်။ဆီမီးဖိုင်နယ်ကတော့ မေလလယ်ရောက်မှ ကစားမှာဖြစ်ကာ ဗိုလ်လုပွဲကတော့ ဇွန်လ ၁၀ ရက်
နေ့မှပါ။
ခ်န္ပီယံလိဂ္ကြာတားနဲ႔ ဆီမီးပြဲေတြအတြက္ မဲခြဲမႈလုပ္ၾကေတာ့အီတလီအသင္းေတြအားလုံးလမ္းေၾကာင္း
သာေနလို႔ ဒီမဲခြဲမႈဟာကုလားဖန္ထိုးထားတာလို႔ ဆိုရွယ္မီဒီယာေပၚက ပရိသတ္ေတြ စြပ္စြဲေနၾကပါတယ္။
အထူးသျဖင့္ ဆီမီးလမ္းေၾကာင္းမွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးအသင္းေတြကတစ္ျခမ္းျဖစ္ေနၿပီး အီတလီ
၃ သင္းနဲ႔ ဘင္ဖီကာတို႔က တစ္ျခမ္းျဖစ္ေနတာပါ။ကြာတားမွာ ဘိုင္ယန္နဲ႔မန္စီးတီး၊ ရီးရဲလ္နဲ႔ခ်ဲလ္ဆီးတို႔ရဲ႕
ပြဲႀကီးပြဲေကာင္းႏွစ္ပြဲပါဝင္ပါတယ္။ဒါေပမဲ့ အဲဒီႏွစ္ပြဲမွာ အႏိုင္ရတဲ့အသင္းေတြဟာ ဆီးမီးမွာ ထိပ္တိုက္
ေတြ႕ၾကမွာျဖစ္ၿပီးတစ္ဖက္မွာေတာ့ အီတလီ ၃ သင္းထဲက တစ္သင္းဟာ အနည္းဆုံးဆီမီးေရာက္မွာျဖစ္
ကာဗိုလ္လုပြဲေရာက္ဖို႔လည္း အခြင့္အလမ္းပိုေကာင္းေနတာပါ။ဒါမ်ိဳးက တိုက္ဆိုင္တာမဟုတ္ဘူးလို႔ ပရိ
သတ္ေတြက ယုံၾကည္ေနၾကပါတယ္။”စီးရီးေအတစ္သင္းသင္းကို ဗိုလ္လုပြဲ တစ္ခါတည္းပို႔ဖို႔ လုပ္ေနတာ
ပဲ။ဒါႀကီးက လုပ္တာမဟုတ္ဘူးလို႔ လာေျပာစမ္းပါ”လို႔ ပရိသတ္တစ္ေယာက္က ေရးတာပါ။ေနာက္ထပ္
ပရိသတ္တစ္ေယာက္ကလည္း ”ဘယ္လိုျဖစ္ၿပီး နာပိုလီကအေခ်ာင္ဆုံးျဖစ္ေနရတာလဲ။ နာပိုလီဗိုလ္စြဲ
ေအာင္ တမင္မ်ားလုပ္ထားသလား မသိဘူး”လို႔ ေရးပါတယ္။အျခားပရိသတ္တစ္ေယာက္ကလည္း ယူ
အီးအက္ဖ္ေအဟာအီတလီအသင္းေတြကို ဘက္လိုက္တာလို႔ စြပ္စြဲခဲ့တာပါ။ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္
ပထမအေက်ာ့ကို လာမယ့္ဧၿပီ ၁၁-၁၂ မွာကစားမွာျဖစ္ၿပီး ဒုတိယအေက်ာ့ကေတာ့ ဧၿပီ ၁၈-၁၉ မွာ ျဖစ္
ပါတယ္။ဆီမီးဖိုင္နယ္ကေတာ့ ေမလလယ္ေရာက္မွ ကစားမွာျဖစ္ကာ ဗိုလ္လုပြဲကေတာ့ ဇြန္လ ၁၀ ရက္
ေန႔မွပါ။