ချန်ပီယံလိဂ်ပြီးနောက် ဘလွန်ဒီအောဆုဘက် ခြေဦးလှည့်လာပြန်တဲ့ ဆာလာ

လီဗာပူးတိုက်စစ်ကစားသမား ဆာလာက အခု (၂၀၂၂) ရဲ့ ဘလွန်းဒီအော်ဆုကို မဆွတ်ခူး

နိုင်ဘူးဆိုရင် လာမယ့်နှစ် ဘလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ဖို့ ဆက်လက်ကြိုးစားသွားမယ်

လို့ ပြောကြားလိုက်ပါတယ်။ ဆာလာဟာ အာဖရိကသားတယောက်ဖြစ်တဲ့ ဂျော့ချ်ဝီယာရဲ့

ခြေရာကို တထပ်တည်းလိုက်နင်းနိုင်ဖို့လည်း ဆန္ဒရှိနေတာပါ။ဂျော့ချ်ဝီယာဟာ (၁၉၉၅) မှာ

ဘလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူက ဘလွန်းဒီအော်ဆုကို ဆွတ်ခူး

နိုင်ခဲ့တဲ့ တဦးတည်းသော အာဖရိကသားတယောက်လည်းဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ခြေရာကို

လိုက်နင်းနိုင်ဖို့ ဆာလာအပြင် ဆာလာရဲ့ လီဗာပူးအသင်းဖော် မာနေးကလည်း ပစ်မှတ်

ထားနေကြောင်း ကာယကံရှင်ကိုယ်တိုင်က ဖွင့်ဟဖူးပါတယ်။အခုချိန်မှာလည်း ဆာလာ

က “ကျနော် ဘလွန်းဒီအော်ဆုကို ဂျော့ချ်ဝီယာလိုမျိုး ဆွတ်ခူးချင်ပါတယ်။ သူက သမိုင်း

တလျှောက်မှာ ဘလွန်းဒီအော်ဆုရရှိခဲ့တဲ့ တဦးတည်းသော အာဖရိကသားတယောက်ပါ။

ရီးရဲလ်မက်ဒရစ်ကိုရှုံးလိုက်တာက ကျနော့်အတွက် ဆိုးကျိုးရှိစေခဲ့ပါတယ်။ ကျနောက်

ဗိုလ်လုပွဲမှာ ပုံစံကောင်းပြခဲ့သည့်တိုင်အောင်ပေါ့”ဒါပေမယ့် ဒီတပွဲတည်းနဲ့ ကျနော် လ

ပေါင်းများစွာကြာအောင် စွမ်းဆောင်ခဲ့တာတွေ အားလုံးကို မပယ်ဖျက်နိုင်ပါဘူး။ တကယ်

လို့ ကျနော် အခု (၂၀၂၂) မှာ ဘလွန်းဒီအော်ဆုကို မရရှိခဲ့ရင်လည်း လာမယ့်နှစ်မှာ ဘ

လွန်းဒီအော်ကိုအရယူနိုင်ဖို့ ကျနော် လုပ်နိုင်တဲ့အရာအားလုံး လုပ်သွားမှာပါ” လို့ ပြော

ကြားခဲ့ပါတယ်။ ဒီနှစ်ဘလွန်းဒီအော်ဆုအတွက် ဆာလာက မျှော်လင့်ချက် မရှိသလောက်

ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဖလားနဲ့လာလီဂါဖလားတို့ ဆွတ်ခူးနိုင်ခဲ့တဲ့

ဘန်ဇီမာကသာ အခြေအနေအကောင်းဆုံးဖြစ်နေပါတယ်။ ဒါ့အပြင် ဆာလာက ပြီးခဲ့

တဲ့နှစ်က သူ့ရဲ့ဘလွန်းဒီအော် အဆင့်သတ်မှတ်ချက်အပေါ်မှာလည်း ရှော့ခ်ရခဲ့တဲ့အကြောင်း

ပြောကြားခဲ့ပါတယ်။ ဆာလာက “ကျနော့်ရဲ့ (၂၀၂၁) အဆင့်သတ်မှတ်ချက်က ကျနော့်

ကို အံ့အားသင့်စေခဲ့တယ်ဆိုတာ အမှန်ပါပဲ” လို့ ဖွင့်ဟပြောကြားခဲ့သေးတာဖြစ်ပါတယ်။

လီဗာပူးတိုက္စစ္ကစားသမား ဆာလာက အခု (၂၀၂၂) ရဲ႕ ဘလြန္းဒီေအာ္ဆုကို မဆြတ္ခူး

ႏိုင္ဘူးဆိုရင္ လာမယ့္ႏွစ္ ဘလြန္းဒီေအာ္ဆုကို ဆြတ္ခူးႏိုင္ဖို႔ ဆက္လက္ႀကိဳးစားသြားမယ္

လို႔ ေျပာၾကားလိုက္ပါတယ္။ ဆာလာဟာ အာဖရိကသားတေယာက္ျဖစ္တဲ့ ေဂ်ာ့ခ်္ဝီယာရဲ႕

ေျခရာကို တထပ္တည္းလိုက္နင္းႏိုင္ဖို႔လည္း ဆႏၵရွိေနတာပါ။ေဂ်ာ့ခ်္ဝီယာဟာ (၁၉၉၅) မွာ

ဘလြန္းဒီေအာ္ဆုကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ သူက ဘလြန္းဒီေအာ္ဆုကို ဆြတ္ခူး

ႏိုင္ခဲ့တဲ့ တဦးတည္းေသာ အာဖရိကသားတေယာက္လည္းျဖစ္ခဲ့ပါတယ္။ သူ႔ရဲ႕ေျခရာကို

လိုက္နင္းႏိုင္ဖို႔ ဆာလာအျပင္ ဆာလာရဲ႕ လီဗာပူးအသင္းေဖာ္ မာေနးကလည္း ပစ္မွတ္

ထားေနေၾကာင္း ကာယကံရွင္ကိုယ္တိုင္က ဖြင့္ဟဖူးပါတယ္။အခုခ်ိန္မွာလည္း ဆာလာ

က “က်ေနာ္ ဘလြန္းဒီေအာ္ဆုကို ေဂ်ာ့ခ်္ဝီယာလိုမ်ိဳး ဆြတ္ခူးခ်င္ပါတယ္။ သူက သမိုင္း

တေလွ်ာက္မွာ ဘလြန္းဒီေအာ္ဆုရရွိခဲ့တဲ့ တဦးတည္းေသာ အာဖရိကသားတေယာက္ပါ။

ရီးရဲလ္မက္ဒရစ္ကိုရႈံးလိုက္တာက က်ေနာ့္အတြက္ ဆိုးက်ိဳးရွိေစခဲ့ပါတယ္။ က်ေနာက္

ဗိုလ္လုပြဲမွာ ပုံစံေကာင္းျပခဲ့သည့္တိုင္ေအာင္ေပါ့”ဒါေပမယ့္ ဒီတပြဲတည္းနဲ႔ က်ေနာ္ လ

ေပါင္းမ်ားစြာၾကာေအာင္ စြမ္းေဆာင္ခဲ့တာေတြ အားလုံးကို မပယ္ဖ်က္ႏိုင္ပါဘူး။ တကယ္

လို႔ က်ေနာ္ အခု (၂၀၂၂) မွာ ဘလြန္းဒီေအာ္ဆုကို မရရွိခဲ့ရင္လည္း လာမယ့္ႏွစ္မွာ ဘ

လြန္းဒီေအာ္ကိုအရယူႏိုင္ဖို႔ က်ေနာ္ လုပ္ႏိုင္တဲ့အရာအားလုံး လုပ္သြားမွာပါ” လို႔ ေျပာ

ၾကားခဲ့ပါတယ္။ ဒီႏွစ္ဘလြန္းဒီေအာ္ဆုအတြက္ ဆာလာက ေမွ်ာ္လင့္ခ်က္ မရွိသေလာက္

ျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္နဲ႔အတူ ခ်န္ပီယံလိဂ္ဖလားနဲ႔လာလီဂါဖလားတို႔ ဆြတ္ခူးႏိုင္ခဲ့တဲ့

ဘန္ဇီမာကသာ အေျခအေနအေကာင္းဆုံးျဖစ္ေနပါတယ္။ ဒါ့အျပင္ ဆာလာက ၿပီးခဲ့

တဲ့ႏွစ္က သူ႔ရဲ႕ဘလြန္းဒီေအာ္ အဆင့္သတ္မွတ္ခ်က္အေပၚမွာလည္း ေရွာ့ခ္ရခဲ့တဲ့အေၾကာင္း

ေျပာၾကားခဲ့ပါတယ္။ ဆာလာက “က်ေနာ့္ရဲ႕ (၂၀၂၁) အဆင့္သတ္မွတ္ခ်က္က က်ေနာ့္

ကို အံ့အားသင့္ေစခဲ့တယ္ဆိုတာ အမွန္ပါပဲ” လို႔ ဖြင့္ဟေျပာၾကားခဲ့ေသးတာျဖစ္ပါတယ္။