
ယခုအပတ်အစောပိုင်းတုန်းကချန်ပီယံလိဂ်ပြိုင်ပွဲစနစ်သစ်ကိုကြေညာလာပြီးနောက်လိဂ်ပြိုင်ပွဲ(ခါရာ
ဘောင်ဖလား)အနာဂတ်မှာမရေမရာဖြစ်လာပါတယ်။ယူအီးအက်ဖ်အေဟာလာမယ့်၂၀၂၄-၂၅ရာသီမှ
စတင်ကာချန်ပီယံလိဂ်ပြိုင်ပွဲကိုပုံစံသစ်ဖြင့်ကျင်းပသွားမှာဖြစ်ပြီးကြားရက်များတွင်ဥရောပပွဲစဉ်မျာ
းလွှမ်းမိုးလာပါမယ်။ချန်ပီယံလိဂ်ပြိုင်ပွဲတွင်အသင်းအရေအတွက်တိုးလာမှာဖြစ်ပြီးလက်ရှိအချိန်တွင်
အုပ်စုပွဲ၆ပွဲတည်းသာကစားလာခဲ့ရရာမှာ၈ပွဲအထိကစားလာရပါမယ်။တဖက်တွင်ယူရိုပါလိဂ်နှင့်ကွန်
ဖရင့်လိဂ်ပွဲစဉ်များလည်းရှိနေရာခရစ္စမတ်ကာလအထိကြားရက်တွင်ဥရောပွဲစဉ်များရှိနေပါမယ်။ဒါ
ကြောင့်လည်း၆၂နှစ်သက်တမ်းရှိလိဂ်ပြိုင်ပွဲမှာကျင်းပရန်အခက်အခဲရှိလာနေပြီဖြစ်ပါတယ်။ယင်းသို့
အနေအထားကြောင့်ပရီးမီးယားလိဂ်မှဥရောပဝင်ခွင့်ရအသင်းများမှာကြားရက်လိဂ်ဖလားပွဲစဉ်များကို
မကစားနိုင်မယ့်အနေအထားတွင်ရှိနေပါတယ်။တဖက်တွင်လိဂ်ပြိုင်ပွဲတဲ့ EFL အနေဖြင့်ပရီးမီးယားလိဂ်
ထိပ်သီးအသင်းများကိုဆုံးရှုံးရပါကပြိုင်ပွဲကိုလူစိတ်ဝင်စားမှုလျှော့နည်းလာမှုနဲ့အတူ ရုပ်သံစာချုပ်မှ
ဝင်ငွေနည်းလာဖို့ရှိနေပါတယ်။ယင်းသို့အနေအထားကြောင့် EFL ဟာလိဂ်ဖလားပြိုင်ပွဲနှင့်ပတ်သက်ပြီး
အနာဂတ်တွင်ဆွေးနွေးမှုများပြုလုပ်ရဖို့သေချာနေပါတယ်။
ယခုအပတ္အေစာပိုင္းတုန္းကခ်န္ပီယံလိဂ္ၿပိဳင္ပြဲစနစ္သစ္ကိုေၾကညာလာၿပီးေနာက္လိဂ္ၿပိဳင္ပြဲ(ခါရာ
ေဘာင္ဖလား)အနာဂတ္မွာမေရမရာျဖစ္လာပါတယ္။ယူအီးအက္ဖ္ေအဟာလာမယ့္၂၀၂၄-၂၅ရာသီမွ
စတင္ကာခ်န္ပီယံလိဂ္ၿပိဳင္ပြဲကိုပုံစံသစ္ျဖင့္က်င္းပသြားမွာျဖစ္ၿပီးၾကားရက္မ်ားတြင္ဥေရာပပြဲစဥ္မ်ာ
းလႊမ္းမိုးလာပါမယ္။ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတြင္အသင္းအေရအတြက္တိုးလာမွာျဖစ္ၿပီးလက္ရွိအခ်ိန္တြင္
အုပ္စုပြဲ၆ပြဲတည္းသာကစားလာခဲ့ရရာမွာ၈ပြဲအထိကစားလာရပါမယ္။တဖက္တြင္ယူ႐ိုပါလိဂ္ႏွင့္ကြန္
ဖရင့္လိဂ္ပြဲစဥ္မ်ားလည္းရွိေနရာခရစၥမတ္ကာလအထိၾကားရက္တြင္ဥေရာပြဲစဥ္မ်ားရွိေနပါမယ္။ဒါ
ေၾကာင့္လည္း၆၂ႏွစ္သက္တမ္းရွိလိဂ္ၿပိဳင္ပြဲမွာက်င္းပရန္အခက္အခဲရွိလာေနၿပီျဖစ္ပါတယ္။ယင္းသို႔
အေနအထားေၾကာင့္ပရီးမီးယားလိဂ္မွဥေရာပဝင္ခြင့္ရအသင္းမ်ားမွာၾကားရက္လိဂ္ဖလားပြဲစဥ္မ်ားကို
မကစားႏိုင္မယ့္အေနအထားတြင္ရွိေနပါတယ္။တဖက္တြင္လိဂ္ၿပိဳင္ပြဲတဲ့ EFL အေနျဖင့္ပရီးမီးယားလိဂ္
ထိပ္သီးအသင္းမ်ားကိုဆုံးရႈံးရပါကၿပိဳင္ပြဲကိုလူစိတ္ဝင္စားမႈေလွ်ာ့နည္းလာမႈနဲ႔အတူ ႐ုပ္သံစာခ်ဳပ္မွ
ဝင္ေငြနည္းလာဖို႔ရွိေနပါတယ္။ယင္းသို႔အေနအထားေၾကာင့္ EFL ဟာလိဂ္ဖလားၿပိဳင္ပြဲႏွင့္ပတ္သက္ၿပီး
အနာဂတ္တြင္ေဆြးေႏြးမႈမ်ားျပဳလုပ္ရဖို႔ေသခ်ာေနပါတယ္။