ချစ်သူတက္ကသိုလ်ကျောင်းသူနှင့်လက်ထပ်ရန် မိသားစုဝင်များကို အသိပေးလိုက်ပြီဖြစ်တဲ့ မေဆင်ဂရင်းဝုဒ်

မောဆင်ဂရင်းဝုဒ်ဟာကိုယ်ဝန်လွယ်ထားရတဲ့သူ့ချစ်သူနှင့်လက်ထပ်တော့မှာဖြစ်ကြောင်းသိရပါတယ်။

ယူနိုက်တက်တွင်တစ်ပတ်လုပ်ခပေါင်၇၅၀၀၀ရရှိနေတဲ့မေဆင်ဂရင်းဝုဒ်ဟာလာမယ့်နွေရာသီတွင်တက္က

သိုလ်ကျောင်းသူနှင့်ပထမဆုံးကလေးရရှိလာမဲ့သူလည်းဖြစ်ပါတယ်။၎င်းတို့နှစ်ဦးဟာလန်ဒန်သို့ရောက်

နေပြီးလန်ဒန်မြို့လယ်ခေါင်ရှိ တစ်ညလျှင်ပေါင်၆၀၀ပေးရတဲ့ ကြယ်ငါးပွင့်အဆင့်ရှိ Langham Hotel

တွင်တည်းခိုနေပါခဲ့ကြပါတယ်။The Sun ရဲ့ဖော်ပြချက်အရအင်္ဂလန်အတွက်တစ်ပွဲကစားထားတဲ့အသက်

၂၁နှစ်ရှိမေဆင်ဂရင်းဝုဒ်ကချစ်သူတက္ကသိုလ်ကျောင်းသူနှင့်လက်ထပ်ရန်စီစဉ်ထားကြောင်းမိသားစုဝင်

များကိုအသိပေးလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။မေဆင်ဂရင်းဝုဒ်ဟာယူနိုက်တက်ရဲ့အလားအလာအ

ကောင်းဆုံးလူငယ်ပါရမီရှင်တစ်ဦးဖြစ်ပေမဲ့လည်း၂၀၂၂ခုနှစ်၊ဇန်နဝါရီလတုန်းကအမျိုးသမီးတစ်ဦးကိုဗ

လက္ကာယပြုကျင့်ရန်ကြိုးပမ်းမှု၊ထိန်းချုပ်မှု၊အသက်အန္တရာယ်ခြိမ်းခြောက်မှုတို့ဖြင့်ဖမ်းဆီးခြင်းခံခဲ့ရပြီး

နောက် ယူနိုက်တက်ရဲ့တာဝန်မှရပ်ဆိုင်းခြင်းခံခဲ့ရပါတယ်။သူဟာဖေဖော်ဝါရီလတုန်းကမျက်မြင်သက်

သေများကပူးပေါင်းဆောင်ရွက်ရန်ငြင်းဆိုမှုကြောင့်အမှုအားလုံးမှကွင်းလုံးကျွတ်လွတ်မြောက်သွားခဲ့ပါ

တယ်။ဒါပေမဲ့သူဟာယူနိုက်တက်ရဲ့စုံစမ်းစစ်ဆေးခြင်းခံနေရတုန်းဖြစ်ကာကလပ်နှင့်ပတ်သက်ခွင့်ပိတ်

ပင်ခံထားရတုန်းဖြစ်ပါတယ်။သူဟာအဲရစ်တန်ဟက်အပါအဝင်ယူနိုက်တက်ကလပ်တာဝန်ရှိသူများနှင့်

တွေ့ဆုံစကားပြောထားပြီးဖြစ်ပေမဲ့လည်းအနာဂတ်မှာမရေမရာဖြစ်နေတုန်းဖြစ်ပါတယ်။သူဟာဖမ်းဆီး

ခြင်းမခံရမီတုန်းကပြောင်းရွှေ့ကြေးတန်ကြေးပေါင်သန်း၅၀ရှိကာဥရောပရဲ့အလားအလာအကောင်းဆုံး

လူငယ်ပါရမီရှင်အဖြစ်ရပ်တည်နေခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့သူဟာဖမ်းဆီးခြင်းခံရပြီးနောက် Nike

ရဲ့စပွန်ဆာဖျက်သိမ်းခြင်းခံခဲ့ရသလို FIFA 22 ဗီဒီယိုဂိမ်းမှလည်းဖယ်ရှားခြင်းခံခဲ့ရပါတယ်။

ေမာဆင္ဂရင္းဝုဒ္ဟာကိုယ္ဝန္လြယ္ထားရတဲ့သူ႔ခ်စ္သူႏွင့္လက္ထပ္ေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

ယူႏိုက္တက္တြင္တစ္ပတ္လုပ္ခေပါင္၇၅၀၀၀ရရွိေနတဲ့ေမဆင္ဂရင္းဝုဒ္ဟာလာမယ့္ေႏြရာသီတြင္တကၠ

သိုလ္ေက်ာင္းသူႏွင့္ပထမဆုံးကေလးရရွိလာမဲ့သူလည္းျဖစ္ပါတယ္။၎တို႔ႏွစ္ဦးဟာလန္ဒန္သို႔ေရာက္

ေနၿပီးလန္ဒန္ၿမိဳ႕လယ္ေခါင္ရွိ တစ္ညလွ်င္ေပါင္၆၀၀ေပးရတဲ့ ၾကယ္ငါးပြင့္အဆင့္ရွိ Langham Hotel

တြင္တည္းခိုေနပါခဲ့ၾကပါတယ္။The Sun ရဲ႕ေဖာ္ျပခ်က္အရအဂၤလန္အတြက္တစ္ပြဲကစားထားတဲ့အသက္

၂၁ႏွစ္ရွိေမဆင္ဂရင္းဝုဒ္ကခ်စ္သူတကၠသိုလ္ေက်ာင္းသူႏွင့္လက္ထပ္ရန္စီစဥ္ထားေၾကာင္းမိသားစုဝင္

မ်ားကိုအသိေပးလိုက္ၿပီျဖစ္ေၾကာင္းသိရပါတယ္။ေမဆင္ဂရင္းဝုဒ္ဟာယူႏိုက္တက္ရဲ႕အလားအလာအ

ေကာင္းဆုံးလူငယ္ပါရမီရွင္တစ္ဦးျဖစ္ေပမဲ့လည္း၂၀၂၂ခုႏွစ္၊ဇန္နဝါရီလတုန္းကအမ်ိဳးသမီးတစ္ဦးကိုဗ

လကၠာယျပဳက်င့္ရန္ႀကိဳးပမ္းမႈ၊ထိန္းခ်ဳပ္မႈ၊အသက္အႏၲရာယ္ၿခိမ္းေျခာက္မႈတို႔ျဖင့္ဖမ္းဆီးျခင္းခံခဲ့ရၿပီး

ေနာက္ ယူႏိုက္တက္ရဲ႕တာဝန္မွရပ္ဆိုင္းျခင္းခံခဲ့ရပါတယ္။သူဟာေဖေဖာ္ဝါရီလတုန္းကမ်က္ျမင္သက္

ေသမ်ားကပူးေပါင္းေဆာင္႐ြက္ရန္ျငင္းဆိုမႈေၾကာင့္အမႈအားလုံးမွကြင္းလုံးကြၽတ္လြတ္ေျမာက္သြားခဲ့ပါ

တယ္။ဒါေပမဲ့သူဟာယူႏိုက္တက္ရဲ႕စုံစမ္းစစ္ေဆးျခင္းခံေနရတုန္းျဖစ္ကာကလပ္ႏွင့္ပတ္သက္ခြင့္ပိတ္

ပင္ခံထားရတုန္းျဖစ္ပါတယ္။သူဟာအဲရစ္တန္ဟက္အပါအဝင္ယူႏိုက္တက္ကလပ္တာဝန္ရွိသူမ်ားႏွင့္

ေတြ႕ဆုံစကားေျပာထားၿပီးျဖစ္ေပမဲ့လည္းအနာဂတ္မွာမေရမရာျဖစ္ေနတုန္းျဖစ္ပါတယ္။သူဟာဖမ္းဆီး

ျခင္းမခံရမီတုန္းကေျပာင္းေ႐ႊ႕ေၾကးတန္ေၾကးေပါင္သန္း၅၀ရွိကာဥေရာပရဲ႕အလားအလာအေကာင္းဆုံး

လူငယ္ပါရမီရွင္အျဖစ္ရပ္တည္ေနခဲ့တာလည္းျဖစ္ပါတယ္။ဒါေပမဲ့သူဟာဖမ္းဆီးျခင္းခံရၿပီးေနာက္ Nike

ရဲ႕စပြန္ဆာဖ်က္သိမ္းျခင္းခံခဲ့ရသလို FIFA 22 ဗီဒီယိုဂိမ္းမွလည္းဖယ္ရွားျခင္းခံခဲ့ရပါတယ္။