ခံစစ်လူတံတိုင်းနောက်မှာ မက်ဆီကို ထားရှိခဲ့တဲ့လုပ်ရပ်အပေါ် ဖာဒီနန်နဲ့ဟားဂရေ့ဗ်ဝေဖန်

မန်စီးတီးနဲ့ကစားခဲ့တဲ့ပွဲမှာ မာရက်ဇ် ဖရီးကစ်မကန်ခင် PSG ကစားသမားတွေက ခံစစ်လူတံတိုင်းကာကွယ်ဖို့ပြင်ဆင်နေပြီး မက်ဆီက သူတို့တွေရဲ့နောက်မှာ မြေပြင်ပေါ်လှဲချပြီးတော့ ကာကွယ်ခဲ့တဲ့အဖြစ်အပျက်နဲ့ပတ်သက်လို့

BT ရုပ်သံလိုင်းရဲ့ဘောလုံးပွဲဝေဖန်သုံးသပ်သူနှစ်ဦးဖြစ်တဲ့ ဖာဒီနန်နဲ့ဟားဂရေ့ဗ်တို့က ဝေဖန်ပြောဆိုလိုက်ပါတယ်။

အဲဒီပွဲမှာ PSG အသင်းက (၂-၀)ဂိုးနဲ့အနိုင်ရခဲ့ပြီး မက်ဆီဟာ ဒုတိယပိုင်းမှာ ဘာပေနဲ့ One-Two ရိုက်ပြီးတော့ အသင်းအတွက် ဒုတိယဂိုး၊ PSG ကစားသမားဘဝပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း မန်စီးတီးအသင်းဖရီးကစ်ရချိန်မှာ မက်ဆီဟာ လူတံတိုင်းရဲ့နောက်မှာလှဲချပြီးတော့ Cover လုပ်ခဲ့ပြီး အဲဒီအဖြစ်အပျက်က ပွဲကြည့်သူတွေအတွက် အံ့အားသင့်စရာဖြစ်စေခဲ့သလို ဖာဒီနန်နဲ့ဟားဂရေ့ဗ်တို့ကလည်း မက်ဆီလိုကစားသမားမျိုးကို ဒီလိုလုပ်ဖို့တာဝန်ပေးခဲ့တာက မဖြစ်သင့်ဘူးလို့ ဝေဖန်ခဲ့ကြတာပါ။

ဟားဂရေ့ဗ်က “ဒီအဖြစ်အပျက်ကို မြင်လိုက်ရချိန်မှာ ကျွန်တော်တို့မယုံနိုင်လောက်အောင်ဖြစ်ခဲ့ရပါတယ်။

မက်ဆီဟာ ဘောလုံးသမိုင်းတစ်လျှောက်အကောင်းဆုံးမဟုတ်ရင်တောင် အကောင်းဆုံးကစားသမားတွေထဲမှာတစ်ဦးအပါဝင်အဖြစ် ရပ်တည်နေသူဖြစ်ပါတယ်”လို့ဆိုခဲ့ပါတယ်။

ဒါ့အပြင် ဖာဒီနန်ကလည်း “တကယ်လို့ လေ့ကျင့်ခန်းရေးကွင်းမှာ ပိုချက်တီနိုက လူတံတိုင်းရဲ့နောက်မှာ Cover လုပ်ဖို့ မက်ဆီကို တာဝန်ပေးလိုက်ရင်တောင် တစ်ယောက်ယောက်က ‘မဟုတ်ဘူး..မက်ဆီကို ဒီလိုတာဝန်မပေးသင့်ဘူး’လို့ပြောရမှာပါ။

ဒါ မက်ဆီကို လေးစားမှုမရှိတဲ့လုပ်ရပ်ပါပဲ။

ကျွန်တော်သာ PSG ကစားသမားတစ်ဦးဖြစ်နေရင် ‘မင်းအစား ငါပဲ လှဲချပေးမယ်’ဆိုပြီး မက်ဆီကိုပြောမိပါလိမ့်မယ်။

မက်ဆီလို ကစားသမားတစ်ဦးကို ဒီလိုပုံစံနဲ့ ကျွန်တော်မမြင်တွေ့လို့တာ အမှန်ပါပဲ။

သူ့ ဂျာစီအညစ်ပတ်ခံပြီးတော့ လူတံတိုင်းနောက်မှာ လှဲချကာကွယ်ပေးတာက မက်ဆီလုပ်ရမယ့်တာဝန်မဟုတ်ပါဘူး”လို့ဝေဖန်ခဲ့ပါတယ်။

zawgyi

ခံစစ္လူတံတိုင္းေနာက္မွာ မက္ဆီကို ထားရွိခဲ့တဲ့လုပ္ရပ္အေပၚ ဖာဒီနန္နဲ႔ဟားဂေရ႕ဗ္ေဝဖန္

မန္စီးတီးနဲ႔ကစားခဲ့တဲ့ပြဲမွာ မာရက္ဇ္ ဖရီးကစ္မကန္ခင္ PSG ကစားသမားေတြက ခံစစ္လူတံတိုင္းကာကြယ္ဖို႔ျပင္ဆင္ေနၿပီး မက္ဆီက သူတို႔ေတြရဲ႕ေနာက္မွာ ေျမျပင္ေပၚလွဲခ်ၿပီးေတာ့ ကာကြယ္ခဲ့တဲ့အျဖစ္အပ်က္နဲ႔ပတ္သက္လို႔ BT ႐ုပ္သံလိုင္းရဲ႕ေဘာလုံးပြဲေဝဖန္သုံးသပ္သူႏွစ္ဦးျဖစ္တဲ့ ဖာဒီနန္နဲ႔ဟားဂေရ႕ဗ္တို႔က ေဝဖန္ေျပာဆိုလိုက္ပါတယ္။

အဲဒီပြဲမွာ PSG အသင္းက (၂-၀)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး မက္ဆီဟာ ဒုတိယပိုင္းမွာ ဘာေပနဲ႔ One-Two ႐ိုက္ၿပီးေတာ့ အသင္းအတြက္ ဒုတိယဂိုး၊ PSG ကစားသမားဘဝပထမဆုံးဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့လည္း မန္စီးတီးအသင္းဖရီးကစ္ရခ်ိန္မွာ မက္ဆီဟာ လူတံတိုင္းရဲ႕ေနာက္မွာလွဲခ်ၿပီးေတာ့ Cover လုပ္ခဲ့ၿပီး အဲဒီအျဖစ္အပ်က္က ပြဲၾကည့္သူေတြအတြက္ အံ့အားသင့္စရာျဖစ္ေစခဲ့သလို ဖာဒီနန္နဲ႔ဟားဂေရ႕ဗ္တို႔ကလည္း မက္ဆီလိုကစားသမားမ်ိဳးကို ဒီလိုလုပ္ဖို႔တာဝန္ေပးခဲ့တာက မျဖစ္သင့္ဘူးလို႔ ေဝဖန္ခဲ့ၾကတာပါ။

ဟားဂေရ႕ဗ္က “ဒီအျဖစ္အပ်က္ကို ျမင္လိုက္ရခ်ိန္မွာ ကြၽန္ေတာ္တို႔မယုံႏိုင္ေလာက္ေအာင္ျဖစ္ခဲ့ရပါတယ္။ မက္ဆီဟာ ေဘာလုံးသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးမဟုတ္ရင္ေတာင္ အေကာင္းဆုံးကစားသမားေတြထဲမွာတစ္ဦးအပါဝင္အျဖစ္ ရပ္တည္ေနသူျဖစ္ပါတယ္”လို႔ဆိုခဲ့ပါတယ္။ ဒါ့အျပင္ ဖာဒီနန္ကလည္း “တကယ္လို႔ ေလ့က်င့္ခန္းေရးကြင္းမွာ ပိုခ်က္တီႏိုက လူတံတိုင္းရဲ႕ေနာက္မွာ Cover လုပ္ဖို႔ မက္ဆီကို တာဝန္ေပးလိုက္ရင္ေတာင္ တစ္ေယာက္ေယာက္က ‘မဟုတ္ဘူး..မက္ဆီကို ဒီလိုတာဝန္မေပးသင့္ဘူး’လို႔ေျပာရမွာပါ။ ဒါ မက္ဆီကို ေလးစားမႈမရွိတဲ့လုပ္ရပ္ပါပဲ။

ကြၽန္ေတာ္သာ PSG ကစားသမားတစ္ဦးျဖစ္ေနရင္ ‘မင္းအစား ငါပဲ လွဲခ်ေပးမယ္’ဆိုၿပီး မက္ဆီကိုေျပာမိပါလိမ့္မယ္။ မက္ဆီလို ကစားသမားတစ္ဦးကို ဒီလိုပုံစံနဲ႔ ကြၽန္ေတာ္မျမင္ေတြ႕လို႔တာ အမွန္ပါပဲ။ သူ႔ ဂ်ာစီအညစ္ပတ္ခံၿပီးေတာ့ လူတံတိုင္းေနာက္မွာ လွဲခ်ကာကြယ္ေပးတာက မက္ဆီလုပ္ရမယ့္တာဝန္မဟုတ္ပါဘူး”လို႔ေဝဖန္ခဲ့ပါတယ္။