
မန်ချက်စတာ ယူနိုက်တက် တောင်ပံကစားသမား အန်တိုနီဟာ ဒီရာသီအတွင်း ( ၅ ) ဂိုးထိ သွင်းယူထား
ပြီးဖြစ်ပေမယ့် မကြာသေးမီ ရက်သတ္တပတ်တွေအတွင်း မီဒီယာတွေ ၊ ဘောလုံးသုံးသပ်သူတွေထံကနေ
ဝေဖန်သံတွေ ခပ်စိတ်စိတ် ကြားလာရပါတယ်။ဘရာဇီးလ် လက်ရွေးစင်ဟာ ဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်
ခြင်း မရှိသေးပဲ သရဲနီကြယ်ပွင့်ဟောင်း ဂယ်ရီ နဗီးလ်က သူ့အနေနဲ့ ရီယာ့ မာရက်စ်ကို လေ့လာသင့်
တယ်လို့ အကြံပေးခဲ့ပါတယ်။The Telegraph သတင်းဌာနကလည်း မနေ့တုန်းကပဲ “ ဂိုးဖန်တီးမှု ၊ အပိုင်
အခွင့်အရေး ဖန်တီးမှုတွေ တစ်ကြိမ်မျှ မရှိ။ မန်ချက်စတာ ယူနိုက်တက်က ပေါင် ၈၅ သန်းတန် အန်တိုနီ
ထံကနေ ပိုမို လိုအပ်နေပါတယ်။”ဆိုတဲ့ ခေါင်းစဥ်ကြီးနဲ့ ဆောင်းပါး တစ်ပုဒ် ဖော်ပြခဲ့ပါတယ်။အဲ့ဒီထဲမှာ
အန်တိုနီရဲ့ ကစားပုံက တစ်ဖက်သတ် ဆန်လွန်းပြီး သူ့ရဲ့ ညာဘက်ကနေ ပြိုင်ဘက်နောက်ခံလူတွေကို
ကျော်ဖြတ်လိုခြင်း မရှိတဲ့အတွက် ခန့်မှန်းရလွယ်ကူသွားစေတယ်ဆိုပြီး ဝေဖန်ထားကြပါတယ်။အန်တိုနီ
ကလည်း ဒီဝေဖန်မှုတွေကို သတိထားမိပုံရပါတယ်။ ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကာရာ
ဘောင်ဖလား ဆီမီးဖိုင်နယ် ပွဲစဥ်မတိုင်ခင် သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ ထုတ်ဖော်ပြောဆိုမှု တစ်ခု ပြုလုပ်
ခဲ့ပါတယ်။သူက “ ကျွန်တော်တို့ အားလုံးအတွက် အရေးပါတဲ့ ရက်သတ္တပတ်ပါ ။ အသင်းအတွက် ကျွန်
တော့်ရဲ့ အကောင်းဆုံးတွေကို ပေးဆပ်နိုင်ဖို့ ကြိုးစားနေပါတယ်။” လို့ ရေးသားထားပါတယ်။“ ဒီမှာ
ကစားခွင့်ရဖို့က အမြဲတမ်း အိပ်မက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီကလပ်အတွက် ကျွန်တော် အရာအားလုံး
ပေးဆပ်သွားပါမယ်။”အန်တိုနီရဲ့ ခံယူချက်ကတော့ မှန်ကန်မှုရှိတာ တွေ့ရပါတယ်။ သူအနေနဲ့ တိုးတက်
နိုင်သေးတယ်ဆိုတာ နားလည်ထားပုံရပါတယ်။ပြောင်းရွေ့ကြေး ပမာဏအရ ဝေဖန်မှုတွေက သူ့ဆီ
အချိန်မရွေး ရောက်လာနိုင်တယ်ဆိုတာ ကြိုတင် ထွက်ဆထားလို့ရပါတယ်။ ဒါပေမယ့် အန်တိုနီက ၂၂
နှစ်ပဲ ရှိပါသေးတယ်။ပရီးမီးယားလိဂ်မှာ ပထမဆုံးရာသီဖြစ်တဲ့အတွက် လွယ်ကူမှာ မဟုတ်ပါဘူး ။ ဒါ
ကြောင့် ပြောင်းရွေ့ကြေးကို ခဏမေ့ထားပြီး ကစားသမားအပေါ်ပဲ အာရုံစိုက်သင့်ပါတယ်။
မန္ခ်က္စတာ ယူႏိုက္တက္ ေတာင္ပံကစားသမား အန္တိုနီဟာ ဒီရာသီအတြင္း ( ၅ ) ဂိုးထိ သြင္းယူထား
ၿပီးျဖစ္ေပမယ့္ မၾကာေသးမီ ရက္သတၱပတ္ေတြအတြင္း မီဒီယာေတြ ၊ ေဘာလုံးသုံးသပ္သူေတြထံကေန
ေဝဖန္သံေတြ ခပ္စိတ္စိတ္ ၾကားလာရပါတယ္။ဘရာဇီးလ္ လက္ေ႐ြးစင္ဟာ ဂိုးဖန္တီးမႈ ျပဳလုပ္ထားႏိုင္
ျခင္း မရွိေသးပဲ သရဲနီၾကယ္ပြင့္ေဟာင္း ဂယ္ရီ နဗီးလ္က သူ႔အေနနဲ႔ ရီယာ့ မာရက္စ္ကို ေလ့လာသင့္
တယ္လို႔ အႀကံေပးခဲ့ပါတယ္။The Telegraph သတင္းဌာနကလည္း မေန႔တုန္းကပဲ “ ဂိုးဖန္တီးမႈ ၊ အပိုင္
အခြင့္အေရး ဖန္တီးမႈေတြ တစ္ႀကိမ္မွ် မရွိ။ မန္ခ်က္စတာ ယူႏိုက္တက္က ေပါင္ ၈၅ သန္းတန္ အန္တိုနီ
ထံကေန ပိုမို လိုအပ္ေနပါတယ္။”ဆိုတဲ့ ေခါင္းစဥ္ႀကီးနဲ႔ ေဆာင္းပါး တစ္ပုဒ္ ေဖာ္ျပခဲ့ပါတယ္။အဲ့ဒီထဲမွာ
အန္တိုနီရဲ႕ ကစားပုံက တစ္ဖက္သတ္ ဆန္လြန္းၿပီး သူ႔ရဲ႕ ညာဘက္ကေန ၿပိဳင္ဘက္ေနာက္ခံလူေတြကို
ေက်ာ္ျဖတ္လိုျခင္း မရွိတဲ့အတြက္ ခန႔္မွန္းရလြယ္ကူသြားေစတယ္ဆိုၿပီး ေဝဖန္ထားၾကပါတယ္။အန္တိုနီ
ကလည္း ဒီေဝဖန္မႈေတြကို သတိထားမိပုံရပါတယ္။ ဒါေၾကာင့္ပဲ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ကာရာ
ေဘာင္ဖလား ဆီမီးဖိုင္နယ္ ပြဲစဥ္မတိုင္ခင္ သူ႔ရဲ႕ ဆိုရွယ္မီဒီယာကေန ထုတ္ေဖာ္ေျပာဆိုမႈ တစ္ခု ျပဳလုပ္
ခဲ့ပါတယ္။သူက “ ကြၽန္ေတာ္တို႔ အားလုံးအတြက္ အေရးပါတဲ့ ရက္သတၱပတ္ပါ ။ အသင္းအတြက္ ကြၽန္
ေတာ့္ရဲ႕ အေကာင္းဆုံးေတြကို ေပးဆပ္ႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။” လို႔ ေရးသားထားပါတယ္။“ ဒီမွာ
ကစားခြင့္ရဖို႔က အၿမဲတမ္း အိပ္မက္တစ္ခု ျဖစ္ခဲ့ပါတယ္။ ဒီကလပ္အတြက္ ကြၽန္ေတာ္ အရာအားလုံး
ေပးဆပ္သြားပါမယ္။”အန္တိုနီရဲ႕ ခံယူခ်က္ကေတာ့ မွန္ကန္မႈရွိတာ ေတြ႕ရပါတယ္။ သူအေနနဲ႔ တိုးတက္
ႏိုင္ေသးတယ္ဆိုတာ နားလည္ထားပုံရပါတယ္။ေျပာင္းေ႐ြ႕ေၾကး ပမာဏအရ ေဝဖန္မႈေတြက သူ႔ဆီ
အခ်ိန္မေ႐ြး ေရာက္လာႏိုင္တယ္ဆိုတာ ႀကိဳတင္ ထြက္ဆထားလို႔ရပါတယ္။ ဒါေပမယ့္ အန္တိုနီက ၂၂
ႏွစ္ပဲ ရွိပါေသးတယ္။ပရီးမီးယားလိဂ္မွာ ပထမဆုံးရာသီျဖစ္တဲ့အတြက္ လြယ္ကူမွာ မဟုတ္ပါဘူး ။ ဒါ
ေၾကာင့္ ေျပာင္းေ႐ြ႕ေၾကးကို ခဏေမ့ထားၿပီး ကစားသမားအေပၚပဲ အာ႐ုံစိုက္သင့္ပါတယ္။